ကားဝပ္ေ႐ွာ့မွာ အလုပ္ဝင္လုပ္ေနတဲ့ စြန္႔ပစ္ခံထားရတဲ့ၾကက္ဖေလး

ကယ္လိုဖိုးနီးယားျပည္နယ္ေျမာက္ဖက္ပိုင္းမွာ႐ွိတဲ့ ကားဝပ္ေ႐ွာ့တစ္ခုမွာ စြန္႔ပစ္ခံထားရတဲ့ ၾကက္ဖႀကီးတစ္ေကာင္ဟာ မေမ်ွာ္လင့္ပဲေရာက္႐ွိလာခဲ့ၿပီးေနာက္ ၊ အဆိုပါကားဝပ္ေ႐ွာ့အတြင္း၌သာ ေနထိုင္ေနလ်က္႐ွိေနပါတယ္ ။ ျဖစ္စဥ္ကေတာ့ ၿပီးခဲ့တဲ့ 2018 ခုႏွစ္က ၾကက္ဖတစ္ေကာင္ဟာ ကားဂိုေဒါင္စီသို႔ေရာက္႐ွိလာခဲ့ၿပီး အစပိုင္းမွာေတာ့ ကားဝပ္ေ႐ွာ့မွ အလုပ္သမားမ်ားက ၾကက္ဖကိုအစာအနည္းငယ္ေကြၽးေမြးခဲ့ၾကၿပီး ၾကက္ဖကျပန္ထြက္သြားမွာပဲလို႔ ေတြးထင္ခဲ့ၾကတာပါ ။ ဆိုင္ကိုရက္အနည္းငယ္ပိတ္ခဲ့ၾကၿပီး ေနာက္တစ္ရက္အလုပ္ဆီသို႔ လာခဲ့ခ်ိန္မွာေတာ့ ၾကက္ဖဟာအဆိုပါေနရာမွာ႐ွိေနဆဲျဖစ္ပါတယ္ ။ အနီးအနား႐ွိ သစ္ပင္ေတြမွာ ၾကက္ဖႀကီးဟာ အိပ္ေနခဲ့ၿပီး ၊ ရာသီဥတုဆိုးဝါးလြန္းတဲ့ေန႔ေတြမွာေတာ့ ၾကက္ဖႀကီးဟာ ကားဂိုေဒါင္အတြင္းမွာ ဝင္အိပ္ေနခဲ့တာပါ ။

မနက္ခင္းတိုင္း အလုပ္ဆီသို႔ေရာက္႐ွိလာတဲ့ဝန္ထမ္းေတြကို ၾကက္ဖႀကီးကအေျပးအလႊားသြားၿပီး ႀကိဳဆိုေလ့႐ွိတဲ့အျပင္ ၊ ဆိုင္အႏွံ႔လွည့္ပတ္ကာ ပိုးမႊားအေကာင္ငယ္ေလးေတြကို လိုက္လံ႐ွာေဖြေပးခဲ့ပါတယ္ ။ ပစၥည္းထဲ့တဲ့ေသတၱာေတြ ၊ ခံု႐ွည္ေတြရဲ႕ ေအာက္ေျခအထိလိုက္လံၾကည့္႐ႈၿပီး ပင့္ကူေတြ႐ွိ ၊ မ႐ွိ လိုက္လံ႐ွာေဖြေပးေလ့႐ွိေၾကာင္းကိုလည္း ဆိုင္ပိုင္႐ွင္ကေျပာျပခဲ့ပါတယ္ ။ ယခုခ်ိန္မွာေတာ့ ၾကက္ဖႀကီးရဲ႕နာမည္ကို Earl လို႔ေပးၿပီး မွည့္ေခၚထားလ်က္႐ွိပါတယ္ ။

Earl ဟာ ကားဝပ္ေ႐ွာ့အတြင္း လဲအိပ္ေနေလ့႐ွိၿပီး တစ္ခါတစ္ေလ တံခါးေပါက္ေ႐ွ႕မွာအိပ္ေနခဲ့ကာ လူအမ်ားကျဖတ္သြားျဖတ္လာ လုပ္ေနခဲ့ၿပီး ၊ ကားသံေတြနဲ႔ ဆူညံေနခဲ့ေပမဲ့ Earl ကေတာ့ လံုးဝဂ႐ုမစိုက္ခဲ့ပါဘူး ။ ယခုအခ်ိန္မွာ Earl ကို လူအေတာ္အမ်ားက သိ႐ွိလာၾကၿပီး အခ်ိဳ႕ေတြဆိုရင္ ျပင္ၿပီးသားကားလာယူတဲ့အခ်ိန္တိုင္း မိသားစုဝင္ေတြကိုေခၚလာကာ Earl ေလးကို လာေရာက္ၾကည့္႐ႈၾကလို႔ ကားဝပ္ေ႐ွာ့ဆိုင္မွာ customer ေတြ အေတာ္ေလးမ်ားလာလ်က္႐ွိပါတယ္ ။

Jasmine (Mckzone Daily)

Source: boredpanda

Unicode

ကယ်လိုဖိုးနီးယားပြည်နယ်မြောက်ဖက်ပိုင်းမှာရှိတဲ့ ကားဝပ်ရှော့တစ်ခုမှာ စွန့်ပစ်ခံထားရတဲ့ ကြက်ဖကြီးတစ်ကောင်ဟာ မမျှော်လင့်ပဲရောက်ရှိလာခဲ့ပြီးနောက် ၊ အဆိုပါကားဝပ်ရှော့အတွင်း၌သာ နေထိုင်နေလျက်ရှိနေပါတယ် ။ ဖြစ်စဉ်ကတော့ ပြီးခဲ့တဲ့ 2018 ခုနှစ်က ကြက်ဖတစ်ကောင်ဟာ ကားဂိုဒေါင်စီသို့ရောက်ရှိလာခဲ့ပြီး အစပိုင်းမှာတော့ ကားဝပ်ရှော့မှ အလုပ်သမားများက ကြက်ဖကိုအစာအနည်းငယ်ကျွေးမွေးခဲ့ကြပြီး ကြက်ဖကပြန်ထွက်သွားမှာပဲလို့ တွေးထင်ခဲ့ကြတာပါ ။ ဆိုင်ကိုရက်အနည်းငယ်ပိတ်ခဲ့ကြပြီး နောက်တစ်ရက်အလုပ်ဆီသို့ လာခဲ့ချိန်မှာတော့ ကြက်ဖဟာအဆိုပါနေရာမှာရှိနေဆဲဖြစ်ပါတယ် ။ အနီးအနားရှိ သစ်ပင်တွေမှာ ကြက်ဖကြီးဟာ အိပ်နေခဲ့ပြီး ၊ ရာသီဥတုဆိုးဝါးလွန်းတဲ့နေ့တွေမှာတော့ ကြက်ဖကြီးဟာ ကားဂိုဒေါင်အတွင်းမှာ ဝင်အိပ်နေခဲ့တာပါ ။

မနက်ခင်းတိုင်း အလုပ်ဆီသို့ရောက်ရှိလာတဲ့ဝန်ထမ်းတွေကို ကြက်ဖကြီးကအပြေးအလွှားသွားပြီး ကြိုဆိုလေ့ရှိတဲ့အပြင် ၊ ဆိုင်အနှံ့လှည့်ပတ်ကာ ပိုးမွှားအကောင်ငယ်လေးတွေကို လိုက်လံရှာဖွေပေးခဲ့ပါတယ် ။ ပစ္စည်းထဲ့တဲ့သေတ္တာတွေ ၊ ခုံရှည်တွေရဲ့ အောက်ခြေအထိလိုက်လံကြည့်ရှုပြီး ပင့်ကူတွေရှိ ၊ မရှိ လိုက်လံရှာဖွေပေးလေ့ရှိကြောင်းကိုလည်း ဆိုင်ပိုင်ရှင်ကပြောပြခဲ့ပါတယ် ။ ယခုချိန်မှာတော့ ကြက်ဖကြီးရဲ့နာမည်ကို Earl လို့ပေးပြီး မှည့်ခေါ်ထားလျက်ရှိပါတယ် ။

Earl ဟာ ကားဝပ်ရှော့အတွင်း လဲအိပ်နေလေ့ရှိပြီး တစ်ခါတစ်လေ တံခါးပေါက်ရှေ့မှာအိပ်နေခဲ့ကာ လူအများကဖြတ်သွားဖြတ်လာ လုပ်နေခဲ့ပြီး ၊ ကားသံတွေနဲ့ ဆူညံနေခဲ့ပေမဲ့ Earl ကတော့ လုံးဝဂရုမစိုက်ခဲ့ပါဘူး ။ ယခုအချိန်မှာ Earl ကို လူအတော်အများက သိရှိလာကြပြီး အချို့တွေဆိုရင် ပြင်ပြီးသားကားလာယူတဲ့အချိန်တိုင်း မိသားစုဝင်တွေကိုခေါ်လာကာ Earl လေးကို လာရောက်ကြည့်ရှုကြလို့ ကားဝပ်ရှော့ဆိုင်မှာ customer တွေ အတော်လေးများလာလျက်ရှိပါတယ် ။

Jasmine (Mckzone Daily)

  • Leave a Comment