400kg အေလးခ်ိန္႐ွိတဲ့ ဝိတ္တံုးႀကီးကိုမရင္း ဒူးေခါင္းႏွစ္ဖက္လံုး က်ိဳးပဲ့သြားခဲ့တဲ့ အေလးမသမား (႐ုပ္သံ)

႐ု႐ွားႏိုင္ငံက အေလးမသမားဟာ 400kg အေလးခ်ိန္႐ွိတဲ့ ဝိတ္တံုးႀကီးကိုမဖို႔ႀကိဳးစားရင္း ဒူးေခါင္းႏွစ္ဖက္လံုးက်ိဳးသြားခဲ့တဲ့အျပင္ ႂကြက္သားေတြပါ ပ်က္စီးသြားခဲ့ပါတယ္ ။ Alexander Sedykh အမည္႐ွိတဲ့ အဆိုပါအေလးမသမားႀကီးဟာ The World Raw Powerlifting Federation (WRPF) European Championships ၿပိဳင္ပြဲမွာ ခ်န္ပီယံဆုအတြက္ ယွဥ္ၿပိဳင္ရင္း အဆိုပါအျဖစ္ဆိုးမ်ိဳး ၾကံဳေတြ႔ခဲ့ရတာပါ ။ Video ထဲမွာေတာ့ Sedykh ဟာ 400kg အေလးႀကီးကို မေနရင္း သူ႔ရဲ႕ဒူးေတြဟာ အေတာ္ေလးကိုယိမ္းယိုင္တုန္ခါေနခဲ့တာပါ ။ ဒူးေခါင္းက်ိဳးသြားခဲ့ၿပီး ၾကမ္းျပင္ေပၚလဲက်သြားခ်ိန္မွာ ျပင္းထန္လြန္းတဲ့ေဝဒနာဒဏ္ေၾကာင့္ Sedykh ဟာ ေအာ္ဟစ္ငိုေႂကြးသြားခဲ့ပါတယ္ ။

တာဝန္႐ွိသူေတြ နဲ႔ ေဆးအကူအသင္းမ်ားက Sedykh ကိုေဆးရံုသို႔ အလ်င္အျမန္ေခၚေဆာင္သြားခဲ့ၾကၿပီးေနာက္ ၊ 6နာရီခန္႔ ဒူးေခါင္းခြဲစိတ္ကုသမႈ ျပဳလုပ္ခဲ့ရပါတယ္ ။ ဒူးေခါင္းက်ိဳးတဲ့ ဒဏ္ရာခံစားရၿပီးေနာက္မွာေတာ့ Sedykh ဟာ ပ်က္စီးသြားတဲ့ႂကြက္သားေတြ ျပန္ၿပီးပူးဆက္သြားဖို႔အတြက္ ကုသမႈထပ္မံခံယူရမွာပါ ။

ခြဲစိတ္ကုသမႈေအာင္ျမင္ၿပီးသြားရင္ေတာင္ Sedykh ဟာ လမ္းျပန္ေလ်ွာက္ႏိုင္ဖို႔ ေလ့က်င့္ရအံုးမွာျဖစ္ေၾကာင္း ေျပာၾကားသြားခဲ့ပါတယ္ ။ ” အဓိကအခ်က္ကေတာ့ လႈပ္႐ွားမႈမ႐ွိဘဲ 2လေလာက္ ကြၽန္ေတာ္အိပ္ရာေပၚမွာ ေနရမွာပါ ၊ ၿပီးရင္ေတာ့ လမ္းေလ်ွာက္ဖို႔ ျပန္ေလ့က်င့္ရမယ္ ၊ နလွန္ျပန္ထႏိုင္ဖို႔ အခ်ိန္ယူရအံုးမွာပါ ” ဆိုၿပီး Sedykh ကေျပာျပသြားခဲ့ပါတယ္ ။

Jasmine (Mckzone Daily)

Source: worldofbuzz

Unicode

ရုရှားနိုင်ငံက အလေးမသမားဟာ 400kg အလေးချိန်ရှိတဲ့ ဝိတ်တုံးကြီးကိုမဖို့ကြိုးစားရင်း ဒူးခေါင်းနှစ်ဖက်လုံးကျိုးသွားခဲ့တဲ့အပြင် ကြွက်သားတွေပါ ပျက်စီးသွားခဲ့ပါတယ် ။ Alexander Sedykh အမည်ရှိတဲ့ အဆိုပါအလေးမသမားကြီးဟာ The World Raw Powerlifting Federation (WRPF) European Championships ပြိုင်ပွဲမှာ ချန်ပီယံဆုအတွက် ယှဉ်ပြိုင်ရင်း အဆိုပါအဖြစ်ဆိုးမျိုး ကြုံတွေ့ခဲ့ရတာပါ ။ Video ထဲမှာတော့ Sedykh ဟာ 400kg အလေးကြီးကို မနေရင်း သူ့ရဲ့ဒူးတွေဟာ အတော်လေးကိုယိမ်းယိုင်တုန်ခါနေခဲ့တာပါ ။ ဒူးခေါင်းကျိုးသွားခဲ့ပြီး ကြမ်းပြင်ပေါ်လဲကျသွားချိန်မှာ ပြင်းထန်လွန်းတဲ့ဝေဒနာဒဏ်ကြောင့် Sedykh ဟာ အော်ဟစ်ငိုကြွေးသွားခဲ့ပါတယ် ။

တာဝန်ရှိသူတွေ နဲ့ ဆေးအကူအသင်းများက Sedykh ကိုဆေးရုံသို့ အလျင်အမြန်ခေါ်ဆောင်သွားခဲ့ကြပြီးနောက် ၊ 6နာရီခန့် ဒူးခေါင်းခွဲစိတ်ကုသမှု ပြုလုပ်ခဲ့ရပါတယ် ။ ဒူးခေါင်းကျိုးတဲ့ ဒဏ်ရာခံစားရပြီးနောက်မှာတော့ Sedykh ဟာ ပျက်စီးသွားတဲ့ကြွက်သားတွေ ပြန်ပြီးပူးဆက်သွားဖို့အတွက် ကုသမှုထပ်မံခံယူရမှာပါ ။

ခွဲစိတ်ကုသမှုအောင်မြင်ပြီးသွားရင်တောင် Sedykh ဟာ လမ်းပြန်လျှောက်နိုင်ဖို့ လေ့ကျင့်ရအုံးမှာဖြစ်ကြောင်း ပြောကြားသွားခဲ့ပါတယ် ။ ” အဓိကအချက်ကတော့ လှုပ်ရှားမှုမရှိဘဲ 2လလောက် ကျွန်တော်အိပ်ရာပေါ်မှာ နေရမှာပါ ၊ ပြီးရင်တော့ လမ်းလျှောက်ဖို့ ပြန်လေ့ကျင့်ရမယ် ၊ နလှန်ပြန်ထနိုင်ဖို့ အချိန်ယူရအုံးမှာပါ ” ဆိုပြီး Sedykh ကပြောပြသွားခဲ့ပါတယ် ။

Jasmine (Mckzone Daily)

  • Leave a Comment