ဗိုက်ဆာတဲ့အချိန်တိုင်း သခင့်ကို ပီယာနိုတီးပြလေ့ရှိတဲ့ ကြောင်ကလေး (ရုပ်သံ)




Jasmine (Mckzone Daily)

Source: boredpanda

Unicode

တစ်ချို့သော အိမ်မွေးတိရစ္ဆာန်တွေက သင်ပေးလိုက်ရင် လွယ်လွယ်တတ်မြန်ကြပြီး တစ်ခါတစ်လေ ကိုယ့်ကိုတောင် ပြန်ပြီးတစ်ပတ်ရိုက်သွားတတ်ကြပါတယ် ။ ဒီတစ်ခေါက်မှာလည်း Meet Winslow အမည်ရှိတဲ့ 7နှစ်သားအရွယ်ကြောင်ကလေးကို သခင်ဖြစ်သူ Kate Nyx က အစာတောင်းတဲ့အချိန် ပီယာနိုတီးဖို့ သင်ပေးခဲ့ပါတယ် ။ သို့ပေမဲ့လည်း ကြောင်လေး Winslow က အစားသည်သာအကောင်းဆုံးဖြစ်မှန်းသိလို့ အချိန်တိုင်း ကီးမျိုးစုံနဲ့ပီယာနိုတီးပြပြီး အစာအမြဲတောင်းနေပါတော့တယ် ။ Winslow ရဲ့ မတူညီတဲ့ ကီးမျိုးစုံတဲ့ပီယာနိုတီးပြနိုင်တဲ့ အစွမ်းတွေကြောင့် အင်တာနက်အပေါ်မှာ အတော်လေးကိုလူချစ်လူခင်များနေလျက်ရှိပါတယ် ။ ထို့အပြင် video ထဲမှာ ကြောင်လေးဟာ သခင့်ကို စကားပြန်ပြောနေသလို ‘ညောင်း’ ဆိုပြီး အချိန်အကြာကြီး ညည်းနေခဲ့သေးပါတယ် ။

Kate Nyx ဟာ သူမအထက်တန်းကျောင်းတက်နေခဲ့တဲ့အချိန်က အဆိုပါပီယာနိုအသေးလေးကို ဝယ်ခဲ့တာဖြစ်ပြီး အဆိုပါအချိန်ကတည်းက ကြောင်လေး Winslow ဟာ ပီယာနိုကိုအတော်လေး စိတ်ဝင်စားခဲ့တာပါ ။ အသံဘယ်ကနေ ထွက်လာတာလည်းဆိုပြီး အတော်လေးကိုစပ်စုရင်း ပီယာနိုကိုတီးနေခဲ့တာပါ ။ အစာတောင်းတဲ့အချိန်သာ မကဘဲ သူ့ရဲ့ခံစားချက်တွေကို ဖော်ပြချင်တဲ့အချိန်မှာလည်း ကြောင်လေးဟာ ပီယာနိုကိုတီးပြလေ့ရှိပါတယ် ။

အထူးသဖြင့် Kate Nyx တို့မိသားစု မီးဖိုချောင်ထဲဝင်သွားတဲ့အချိန်တိုင်းလိုလို ကြောင်ကလေးက သူ့အတွက်မုန့်ကျွေးမယ်ဆိုမှန်းသိနေခဲ့လို့ ထိုအချိန်တွေမှာတော့ အမြဲပီယာနိုတီးပြလေ့ရှိကြောင်း သိရှိရပါတယ် ။

Jasmine (Mckzone Daily)

  • Leave a Comment