တကၠသိုလ္ဝင္ခြင့္ေျဖဆိုမဲ့ေက်ာင္းသားေတြ စိတ္ဖိစီးမႈမ႐ွိေအာင္ စာသင္ခန္းထဲ Qipao ဂါဝန္ ဝတ္ဆင္လာခဲ့တဲ့ ေက်ာင္းဆရာ

တ႐ုတ္ႏိုင္ငံ Dandong ၿမိဳ႕႐ွိအထက္တန္းေက်ာင္းဆရာတစ္ဦးဟာ သူ၏ေကာလိပ္ဝင္ခြင့္ေျဖဆိုၾကမဲ့ေက်ာင္းသားေတြကို အျပည့္အဝ support လုပ္ေပးခဲ့တဲ့နည္းလမ္းေၾကာင့္ social media ေပၚမွာ ေရပန္းစားေနလ်က္႐ွိပါတယ္ ။ ေက်ာင္းသားေတြ စာေမးပြဲမေျဖဆိုခင္ ဆရာျဖစ္သူဟာ qipao အမ်ိဳးသမီးဝတ္စံုကိုဝတ္ဆင္ၿပီး အခန္းထဲသို႔ ဝင္ေရာက္လာခဲ့ပါေတာ့တယ္ ။ အဆိုပါဝတ္စံုဝတ္ဆင္ခဲ့ရျခင္းကေတာ့ ေက်ာင္းသားေတြရဲ႕စိတ္ဓာတ္ခြန္အားကိုျမင့္တင္ေပးဖို႔ျဖစ္ေၾကာင္း ဆရာျဖစ္သူကေျပာျပခဲ့ပါတယ္ ။ ပန္းပြင့္ေတြနဲ႔အနီေရာင္ qipao ဝတ္စံုဝတ္ဆင္ထားတဲ့ေက်ာင္းဆရာဟာ ေက်ာင္းသားတစ္ေယာက္ခ်င္းဆီကို ေခၚၿပီး သူ႔ရဲ႕ဝတ္စံုအပိုင္းအစတစ္ခုစီ ညႇပ္ခိုင္းခဲ့ပါတယ္ ။

Qipao ဝတ္စံုဟာ 1920 ႏွင့္ 1930 ခုႏွစ္အတြင္း အေတာ္ေလးကိုေရပန္းစားခဲ့တဲ့ ဝတ္စံုျဖစ္ၿပီး ၊ မိခင္မ်ားက စာေမးပြဲသြားေျဖမယ့္ကိုယ့္ရဲ႕သမီးေက်ာင္းသူေလးကို ဝတ္ဆင္ခိုင္းခဲ့တဲ့ ဝတ္စံုလည္းျဖစ္ပါတယ္ ။ဘာလို႔လည္းဆိုေတာ့ ဝတ္စံုရဲ့ေဘးဖက္မွာပါ႐ွိေနတဲ့ အကြဲရာေလးဟာ ကံေကာင္းေစတယ္လို႔ ယံုၾကည္ၾကၿပီး ” ပထမအႀကိမ္ႀကိဳးစားရံုနဲ႔ ေအာင္ျမင္တယ္ ” လို႔ အဓိပၸါယ္ရေၾကာင္း သိ႐ွိရပါတယ္ ။

ဒါေၾကာင့္ ဆရာျဖစ္သူကလည္း သူ႔ရဲ႕ေက်ာင္းသားေတြ စာေမးပြဲရလဒ္မွာကံေကာင္းေအာင္ ရည္ရြယ္ၿပီး ယခုလိုဝတ္စံု ဝတ္ဆင္လာခဲ့ၿပီး ေက်ာင္းသားေတြကို စိတ္ရင္းနဲ႔အျပည့္အဝ support လုပ္ေပးခဲ့တာျဖစ္ပါတယ္ ။

Jasmine (Mckzone Daily)

Source: nextshark

Unicode

တရုတ်နိုင်ငံ Dandong မြို့ရှိအထက်တန်းကျောင်းဆရာတစ်ဦးဟာ သူ၏ကောလိပ်ဝင်ခွင့်ဖြေဆိုကြမဲ့ကျောင်းသားတွေကို အပြည့်အဝ support လုပ်ပေးခဲ့တဲ့နည်းလမ်းကြောင့် social media ပေါ်မှာ ရေပန်းစားနေလျက်ရှိပါတယ် ။ ကျောင်းသားတွေ စာမေးပွဲမဖြေဆိုခင် ဆရာဖြစ်သူဟာ qipao အမျိုးသမီးဝတ်စုံကိုဝတ်ဆင်ပြီး အခန်းထဲသို့ ဝင်ရောက်လာခဲ့ပါတော့တယ် ။ အဆိုပါဝတ်စုံဝတ်ဆင်ခဲ့ရခြင်းကတော့ ကျောင်းသားတွေရဲ့စိတ်ဓာတ်ခွန်အားကိုမြင့်တင်ပေးဖို့ဖြစ်ကြောင်း ဆရာဖြစ်သူကပြောပြခဲ့ပါတယ် ။ ပန်းပွင့်တွေနဲ့အနီရောင် qipao ဝတ်စုံဝတ်ဆင်ထားတဲ့ကျောင်းဆရာဟာ ကျောင်းသားတစ်ယောက်ချင်းဆီကို ခေါ်ပြီး သူ့ရဲ့ဝတ်စုံအပိုင်းအစတစ်ခုစီ ညှပ်ခိုင်းခဲ့ပါတယ် ။

Qipao ဝတ်စုံဟာ 1920 နှင့် 1930 ခုနှစ်အတွင်း အတော်လေးကိုရေပန်းစားခဲ့တဲ့ ဝတ်စုံဖြစ်ပြီး ၊ မိခင်များက စာမေးပွဲသွားဖြေမယ့်ကိုယ့်ရဲ့သမီးကျောင်းသူလေးကို ဝတ်ဆင်ခိုင်းခဲ့တဲ့ ဝတ်စုံလည်းဖြစ်ပါတယ် ။ဘာလို့လည်းဆိုတော့ ဝတ်စုံရဲ့ဘေးဖက်မှာပါရှိနေတဲ့ အကွဲရာလေးဟာ ကံကောင်းစေတယ်လို့ ယုံကြည်ကြပြီး ” ပထမအကြိမ်ကြိုးစားရုံနဲ့ အောင်မြင်တယ် ” လို့ အဓိပ္ပါယ်ရကြောင်း သိရှိရပါတယ် ။

ဒါကြောင့် ဆရာဖြစ်သူကလည်း သူ့ရဲ့ကျောင်းသားတွေ စာမေးပွဲရလဒ်မှာကံကောင်းအောင် ရည်ရွယ်ပြီး ယခုလိုဝတ်စုံ ဝတ်ဆင်လာခဲ့ပြီး ကျောင်းသားတွေကို စိတ်ရင်းနဲ့အပြည့်အဝ support လုပ်ပေးခဲ့တာဖြစ်ပါတယ် ။

Jasmine (Mckzone Daily)

  • Leave a Comment