ဖခင္ျဖစ္သူက ကားေပၚမွာ 10နာရီခန္႔ေမ့ၿပီး ထားရစ္မိခဲ့လို႔ ေသဆံုးသြားခဲ့ရတဲ့ 4ႏွစ္အရြယ္သမီးငယ္ေလး

ျပီးခဲ႔တဲ႔ August 13 ရက္​ေန႔က အမ်ိုးသားတစ္ဦးဟာအလုပ္သြားရင္းသူ၏ 4ႏွစ္အရြယ္သမီးငယ္ေလးကို ေမ့ၿပီးကားေပၚမွာ 10နာရီခန္႔ ထားရစ္မိခဲ့လို့ကံဆိုးစြာနဲ႔ပဲ က​ေလးငယ္ဟာ ​ေသဆံုးသြားခဲ့ရပါတယ္ ။ ဖခင္ျဖစ္သူက​ေတာ့ အလုပ္က​ေန ညေန 6:20 အခ်ိန္ခန္႔မွ ထြက္ခြာလာရင္းနဲ႔ သမီးေလးကိုကားေပၚမွာမိၿပီးထားရစ္ခဲ့မိမွန္း သတိရခဲ့တာပါ ။ ရဲအရာ႐ွိေတြရဲ႕ေျပာျပခ်က္အရ ကေလးငယ္က်န္ရစ္ခဲ့တဲ့ကားဟာ မွန္ပုတင္းေပါက္အကုန္ပိတ္ထားတဲ့အျပင္ ကားအင္ဂ်င္မွာလည္း လံုးဝပိတ္ထားလ်က္နဲ႔ပါ ။ ဖခင္ျဖစ္သူဟာ မနက္ခင္း 7:30 အခ်ိန္ခန္႔မွာ သမီးႀကီးကိုေက်ာင္းသို႔ပို႔ခဲ့ၿပီးေနာက္ ၊ အလုပ္သို႔ သြားခဲ့တာျဖစ္ၿပီး ကားေနာက္ထိုင္ခံုမွာ သမီးငယ္ေလးအိပ္ေမာက်ေနတာကို ေမ့ေလ်ာ့ေနခဲ့တာပါ ။

သမီးငယ္ေလးကို ဖခင္ျဖစ္သူအလုပ္မသြားမီ အဘြားျဖစ္သူအိမ္သို႔ ပံုမွန္ပို႔ေဆာင္းေပးေနက်ျဖစ္ပါတယ္ ။ အလုပ္ကေန အိမ္ျပန္ေတာ့မယ့္အခ်ိန္မွ ကားအေနာက္ဖက္ထိုင္ခံုမွာ သမီးငယ္ေလးသတိလစ္ေနခဲ့တာကို ေတြ႔႐ွိခဲ့တာပါ ။ ထို႔ေနာက္ ဖခင္ျဖစ္သူက ထိတ္လန္႔သြားခဲ့ၿပီး အနီးအနား႐ွိလူမ်ားအား အကူအညီေတာင္းခဲ့ေပမဲ့လည္း ကံဆိုးစြာနဲ႔ပဲ သမီးငယ္ေလးဟာ အသက္မ႐ွိေတာ့ပါဘူး ။

ကေလးငယ္ရဲ႕အေလာင္းကိုေတာ့ ရင္ခြဲစစ္ေဆးဖို႔အတြက္ ေဆးရံုသို႔ပို႔ေဆာင္ထားခဲ့ၿပီး ၊ အဆိုပါအမႈကိုေတာ့ စံုစမ္းစစ္ေဆးမႈမ်ားဆက္လက္ျပဳလုပ္ေနၿပီး ဖခင္ျဖစ္သူကိုေတာ့ ထိထိေရာက္ေရာက္အေရးယူသြားမည္ျဖစ္ေၾကာင္း သိ႐ွိရပါတယ္ ။

Jasmine (Mckzone Daily)

Source: worldofbuzz

Unicode

ပြီးခဲ့တဲ့ August 13 ရက်နေ့က အမျိုးသားတစ်ဦးဟာအလုပ်သွားရင်းသူ၏ 4နှစ်အရွယ်သမီးငယ်လေးကို မေ့ပြီးကားပေါ်မှာ 10နာရီခန့် ထားရစ်မိခဲ့လို့ကံဆိုးစွာနဲ့ပဲ ကလေးငယ်ဟာ သေဆုံးသွားခဲ့ရပါတယ် ။ ဖခင်ဖြစ်သူကတော့ အလုပ်ကနေ ညနေ 6:20 အချိန်ခန့်မှ ထွက်ခွာလာရင်းနဲ့ သမီးလေးကိုကားပေါ်မှာမိပြီးထားရစ်ခဲ့မိမှန်း သတိရခဲ့တာပါ ။ ရဲအရာရှိတွေရဲ့ပြောပြချက်အရ ကလေးငယ်ကျန်ရစ်ခဲ့တဲ့ကားဟာ မှန်ပုတင်းပေါက်အကုန်ပိတ်ထားတဲ့အပြင် ကားအင်ဂျင်မှာလည်း လုံးဝပိတ်ထားလျက်နဲ့ပါ ။ ဖခင်ဖြစ်သူဟာ မနက်ခင်း 7:30 အချိန်ခန့်မှာ သမီးကြီးကိုကျောင်းသို့ပို့ခဲ့ပြီးနောက် ၊ အလုပ်သို့ သွားခဲ့တာဖြစ်ပြီး ကားနောက်ထိုင်ခုံမှာ သမီးငယ်လေးအိပ်မောကျနေတာကို မေ့လျော့နေခဲ့တာပါ ။

သမီးငယ်လေးကို ဖခင်ဖြစ်သူအလုပ်မသွားမီ အဘွားဖြစ်သူအိမ်သို့ ပုံမှန်ပို့ဆောင်းပေးနေကျဖြစ်ပါတယ် ။ အလုပ်ကနေ အိမ်ပြန်တော့မယ့်အချိန်မှ ကားအနောက်ဖက်ထိုင်ခုံမှာ သမီးငယ်လေးသတိလစ်နေခဲ့တာကို တွေ့ရှိခဲ့တာပါ ။ ထို့နောက် ဖခင်ဖြစ်သူက ထိတ်လန့်သွားခဲ့ပြီး အနီးအနားရှိလူများအား အကူအညီတောင်းခဲ့ပေမဲ့လည်း ကံဆိုးစွာနဲ့ပဲ သမီးငယ်လေးဟာ အသက်မရှိတော့ပါဘူး ။

ကလေးငယ်ရဲ့အလောင်းကိုတော့ ရင်ခွဲစစ်ဆေးဖို့အတွက် ဆေးရုံသို့ပို့ဆောင်ထားခဲ့ပြီး ၊ အဆိုပါအမှုကိုတော့ စုံစမ်းစစ်ဆေးမှုများဆက်လက်ပြုလုပ်နေပြီး ဖခင်ဖြစ်သူကိုတော့ ထိထိရောက်ရောက်အရေးယူသွားမည်ဖြစ်ကြောင်း သိရှိရပါတယ် ။

Jasmine (Mckzone Daily)

  • Leave a Comment