ဖရဲသီးခြံမှာ ကြီးကြပ်ရေးမှူးလုပ်နေတဲ့ စိတ်ဆိုးနေတဲ့ရုပ်နဲ့ကြောင်ကလေး (ရုပ်သံ)



1

2

3

4

5

Jasmine (Mckzone Daily)

Source: nextshark

Unicode

ထိုင်းနိုင်ငံက ဖရဲသီးခြံတစ်ခြံမှာ ကြီးကြပ်ရေးမှူးလုပ်နေတဲ့ စိတ်ဆိုးနေတဲ့ရုပ်နဲ့ကြောင်ကလေးဟာ social media ပေါ်မှာ ရေပန်းစားနေလျက်ရှိပါတယ် ။ Pearl အမည်ရှိတဲ့ ကြောင်ကလေးဟာ video ထဲမှာတော့ ဖရဲသီးတွေတင်ထားတဲ့ကားရဲ့အနောက်မှာ စိတ်ဆိုးနေတဲ့ရုပ်ကလေးနဲ့ ထိုင်ခုံအနီရောင်ပေါ်ထိုင်ပြီး လိုက်ပါလာခဲ့တာပါ ။ ဓာတ်ပုံထဲမှာတောင် သူ့ရဲ့လက်ဖဝါးသေးသေးလေးကို ဖရဲသီးပေါ်တင်ပြီး စိတ်ဆိုးနေတဲ့ရုပ်နဲ့ပြန်ကြည့်နေခဲ့တာပါ ။
6

7

8

9

10

11

12

13

14

15

မွေးကတည်းက စိတ်ဆိုးနေတဲ့ရုပ်နဲ့ကြောင်ကလေးဟာ အမှန်တကယ်မှာတော့ အရမ်းကိုနူးညံ့ပြီး လိမ္မာသိတတ်လွန်းတဲ့ကြောင်ကလေးပါ ။ Pearl လေးဟာ ကလေးတွေနဲ့လည်း အတူဆော့ပြီး အလိုက်အထိုက်နေတတ်တဲ့ကြောင်ကလေးဖြစ်ပါတယ် ။

Jasmine (Mckzone Daily)

  • Leave a Comment