ရည္းစားေဟာင္းကို ငိုေအာင္လုပ္ခ်င္လို႔ ေပါင္ခ်ိန္ 2,000 အေလးခ်ိန္႐ွိတဲ့ ၾကက္သြန္နီကို ေနအိမ္အထိပို႔ခဲ့တဲ့ မိန္းကေလး

တ႐ုတ္ႏိုင္ငံ Shandong ျပည္နယ္မွ မိန္းကေလးတစ္ေယာက္ဟာ သူမရဲ႕ခ်စ္သူေကာင္ေလးႏွင့္လမ္းခြဲၿပီး3ရက္ေလာက္ငိုေႂကြးခဲ့ရလို႔ လက္စားေခ်တဲ့အေနနဲ႔ ခ်စ္သူေဟာင္းရဲ႕ေနအိမ္သို႔ ၾကက္သြန္နီ ေပါင္ခ်ိန္ 2,000 ပို႔ခဲ့ပါတယ္ ။ Zhao လို႔အမည္ရတဲ့အဆိုပါမိန္းကေလးဟာ ၾကက္သြန္နီေရာင္းသမားထံ ၾကက္သြန္နီ ေအာ္ဒါမွာၿပီးေနာက္ ခ်စ္သူေဟာင္းရဲ႕ေနအိမ္သို႔ပို႔ေစခဲ့ၿပီး ေကာင္ေလးကေနအိမ္မွာမ႐ွိပါက သူ႔အိမ္ရဲ႕တံခါးဝမွာခ်ထားေပးဖို႔ ေတာင္းဆိုခဲ့ေၾကာင္း သိ႐ွိရပါတယ္ ။ ထို႔အျပင္ ၾကက္သြန္နီအိတ္ေပၚမွာ ” နင္ငါ့ကို 3 ရက္ေလာက္ငိုေအာင္လုပ္ခဲ့တယ္ ၊ အခုနင့္အလွည့္ပဲ ” ဆိုတဲ့ စာသားကိုပါေရးသားထားခဲ့ပါေသးတယ္ ။

သူမရဲ႕ခ်စ္သူေကာင္ေလးကို လက္စားေခ်တဲ့နည္းလမ္းဟာ အသံုးဝင္ ၊ မဝင္ေတာ့ မသိပါဘူး ။ ၾကက္သြန္နီပို႔ေပးတဲ့ အေရာင္းသမားကေတာ့ အေခါက္ 40 ခန္႔ၾကက္သြန္နီကို သယ္မပို႔ေဆာင္ေပးခဲ့ရလို႔ 5နာရီခန္႔ၾကာျမင့္ခဲ့ေၾကာင္းသိ႐ွိရပါတယ္ ။ ၾကက္သြန္နီပို႔ေပးခဲ့သူကေတာ့ ‘သူ႔ရည္းစားေဟာင္းက ငိုလား ၊ မငိုလားေတာ့မသိဘူး ၊ ကြၽန္ေတာ္ေတာ့ ခါးက်ိဳးေလာက္ေအာင္ အလုပ္လုပ္ခဲ့ရပါတယ္’ ဆိုၿပီးေျပာျပခဲ့ပါတယ္ ။

ၾကက္သြန္နီေတြ အေျမာက္အမ်ားလက္ခံရ႐ွိခဲ့တဲ့ခ်စ္သူေကာင္ေလးကေတာ့ အဆိုပါၾကက္သြန္နီေတြကို ဘယ္လိုအသံုးခ်ခဲ့လည္းဆိုတာ ေသခ်ာမသိရပါဘူး ။

Jasmine (Mckzone Daily)

Source: nextshark

Unicode

တရုတ်နိုင်ငံ Shandong ပြည်နယ်မှ မိန်းကလေးတစ်ယောက်ဟာ သူမရဲ့ချစ်သူကောင်လေးနှင့်လမ်းခွဲပြီး3ရက်လောက်ငိုကြွေးခဲ့ရလို့ လက်စားချေတဲ့အနေနဲ့ ချစ်သူဟောင်းရဲ့နေအိမ်သို့ ကြက်သွန်နီ ပေါင်ချိန် 2,000 ပို့ခဲ့ပါတယ် ။ Zhao လို့အမည်ရတဲ့အဆိုပါမိန်းကလေးဟာ ကြက်သွန်နီရောင်းသမားထံ ကြက်သွန်နီ အော်ဒါမှာပြီးနောက် ချစ်သူဟောင်းရဲ့နေအိမ်သို့ပို့စေခဲ့ပြီး ကောင်လေးကနေအိမ်မှာမရှိပါက သူ့အိမ်ရဲ့တံခါးဝမှာချထားပေးဖို့ တောင်းဆိုခဲ့ကြောင်း သိရှိရပါတယ် ။ ထို့အပြင် ကြက်သွန်နီအိတ်ပေါ်မှာ ” နင်ငါ့ကို 3 ရက်လောက်ငိုအောင်လုပ်ခဲ့တယ် ၊ အခုနင့်အလှည့်ပဲ ” ဆိုတဲ့ စာသားကိုပါရေးသားထားခဲ့ပါသေးတယ် ။

သူမရဲ့ချစ်သူကောင်လေးကို လက်စားချေတဲ့နည်းလမ်းဟာ အသုံးဝင် ၊ မဝင်တော့ မသိပါဘူး ။ ကြက်သွန်နီပို့ပေးတဲ့ အရောင်းသမားကတော့ အခေါက် 40 ခန့်ကြက်သွန်နီကို သယ်မပို့ဆောင်ပေးခဲ့ရလို့ 5နာရီခန့်ကြာမြင့်ခဲ့ကြောင်းသိရှိရပါတယ် ။ ကြက်သွန်နီပို့ပေးခဲ့သူကတော့ ‘သူ့ရည်းစားဟောင်းက ငိုလား ၊ မငိုလားတော့မသိဘူး ၊ ကျွန်တော်တော့ ခါးကျိုးလောက်အောင် အလုပ်လုပ်ခဲ့ရပါတယ်’ ဆိုပြီးပြောပြခဲ့ပါတယ် ။

ကြက်သွန်နီတွေ အမြောက်အများလက်ခံရရှိခဲ့တဲ့ချစ်သူကောင်လေးကတော့ အဆိုပါကြက်သွန်နီတွေကို ဘယ်လိုအသုံးချခဲ့လည်းဆိုတာ သေချာမသိရပါဘူး ။

Jasmine (Mckzone Daily)

  • Leave a Comment