ခင္ပြန္းက Surprise လုပ္ဖို႔ Air Fryer ထဲထည့္ထားခဲ့တဲ့ေရႊဆြဲႀကိဳးကို 2လၾကာမွေတြ႔ခဲ့တဲ့ မိန္းကေလး

Surprise လုပ္ခံရတာမ်ိဳး မၾကိဳက္တဲ့သူမ႐ွိေလာက္ေအာင္ပါပဲ ။ အထူးသျဖင့္ ေမြ႔ေန႔ေတြ ၊ anniversary ေန႔ေတြမွာေပါ့ ။ တစ္ခ်ိဳ႕က်ေတာ့လည္း မေမ်ွာ္လင့္ထားတဲ့ပံုစံမ်ိဳးနဲ႔ Surprise လုပ္ေပးရတာကိုႀကိဳက္ပါတယ္ ။ ဒီတစ္ေခါက္မွာလည္း Aien Suraya အမည္နဲ႔မိန္းကေလးဟာ သူမရဲ႕ခင္ပြန္းဆီကေန မေမ်ွာ္လင့္ထားတဲ့ပံုစံမ်ိဳးနဲ႔ Surprise လုပ္ခံလိုက္ရေၾကာင္း သူ႔ရဲ႕ Facebook စာမ်က္ႏွာေပၚမွာ ေဝမ်ွခဲ့ပါတယ္ ။ သူမဟာ Air Fryer တစ္ခုကို လြန္းခဲ့တဲ့ 3ႏွစ္ကတည္းက ဝယ္ယူထားခဲ့ၿပီး ေနာက္ပိုင္းလံုးဝအသံုးမျပဳျဖစ္ပါဘူး ။ သူမအသံုးမျပဳတဲ့ Air Fryer ထဲမွာ ေရႊဆြဲႀကိဳးႀကီးေတြ႔လိုက္ရလို႔ သူမအေတာ္ေလးအံ့ၾသသြားခဲ့ပါတယ္ ။

Aien ဟာ ခင္ပြန္းျဖစ္သူကို ဘယ္သူ႔ရဲ႕ဆြဲႀကိဳးလည္းဆိုၿပီး ဖုန္းဆက္ေမးခဲ့ပါတယ္ ။ ထို႔ေနာက္ သူမရဲ႕ခင္ပြန္းက သူမကို Surprise လုပ္ခ်င္လြန္းလို႔ အဆိုပါဆြဲႀကိဳးကို Air Fryer ထဲထည့္ထားခဲ့တာ 2လခန္႔႐ွိေနၿပီျဖစ္ေၾကာင္း ႏွင့္ သူမ Air Fryer ဖြင့္မယ့္အခ်ိန္ကို ေစာင့္ေနခဲ့ရတာျဖစ္ေၾကာင္း ႐ွင္းျပခဲ့ပါတယ္ ။ ” သူေျပာတာေတာ့ သူကြၽန္မကို Surprise လုပ္ခ်င္ခဲ့တာတဲ့ ၊ ကြၽန္မေယာက်ၤားက အျမဲ Surprise လုပ္ေလ့႐ွိေပမဲ့ ဒီတစ္ေခါက္ကေတာ့ လံုးဝမထင္မွတ္ထားရေလာက္ေအာင္ပါပဲ ” ဆိုၿပီး ေျပာျပသြားခဲ့ပါတယ္ ။

Jasmine (Mckzone Daily)

Source: worldofbuzz

Unicode

Surprise လုပ်ခံရတာမျိုး မကြိုက်တဲ့သူမရှိလောက်အောင်ပါပဲ ။ အထူးသဖြင့် မွေ့နေ့တွေ ၊ anniversary နေ့တွေမှာပေါ့ ။ တစ်ချို့ကျတော့လည်း မမျှော်လင့်ထားတဲ့ပုံစံမျိုးနဲ့ Surprise လုပ်ပေးရတာကိုကြိုက်ပါတယ် ။ ဒီတစ်ခေါက်မှာလည်း Aien Suraya အမည်နဲ့မိန်းကလေးဟာ သူမရဲ့ခင်ပွန်းဆီကနေ မမျှော်လင့်ထားတဲ့ပုံစံမျိုးနဲ့ Surprise လုပ်ခံလိုက်ရကြောင်း သူ့ရဲ့ Facebook စာမျက်နှာပေါ်မှာ ဝေမျှခဲ့ပါတယ် ။ သူမဟာ Air Fryer တစ်ခုကို လွန်းခဲ့တဲ့ 3နှစ်ကတည်းက ဝယ်ယူထားခဲ့ပြီး နောက်ပိုင်းလုံးဝအသုံးမပြုဖြစ်ပါဘူး ။ သူမအသုံးမပြုတဲ့ Air Fryer ထဲမှာ ရွှေဆွဲကြိုးကြီးတွေ့လိုက်ရလို့ သူမအတော်လေးအံ့သြသွားခဲ့ပါတယ် ။

Aien ဟာ ခင်ပွန်းဖြစ်သူကို ဘယ်သူ့ရဲ့ဆွဲကြိုးလည်းဆိုပြီး ဖုန်းဆက်မေးခဲ့ပါတယ် ။ ထို့နောက် သူမရဲ့ခင်ပွန်းက သူမကို Surprise လုပ်ချင်လွန်းလို့ အဆိုပါဆွဲကြိုးကို Air Fryer ထဲထည့်ထားခဲ့တာ 2လခန့်ရှိနေပြီဖြစ်ကြောင်း နှင့် သူမ Air Fryer ဖွင့်မယ့်အချိန်ကို စောင့်နေခဲ့ရတာဖြစ်ကြောင်း ရှင်းပြခဲ့ပါတယ် ။ ” သူပြောတာတော့ သူကျွန်မကို Surprise လုပ်ချင်ခဲ့တာတဲ့ ၊ ကျွန်မယောင်္ကျားက အမြဲ Surprise လုပ်လေ့ရှိပေမဲ့ ဒီတစ်ခေါက်ကတော့ လုံးဝမထင်မှတ်ထားရလောက်အောင်ပါပဲ ” ဆိုပြီး ပြောပြသွားခဲ့ပါတယ် ။

Jasmine (Mckzone Daily)

  • Leave a Comment