သတို႔သားက မဂၤလာပြဲမွာဒူးနွစ္ဖက္ေထာက္ၿပီးလက္ထပ္ခြင့္ေတာင္းလို႔ဆိုၿပီး စိတ္ဆိုးကာလက္ထပ္ဖို႔ျငင္းပယ္ခဲ့တဲ့ မိန္းကေလး (႐ုပ္သံ)

တ႐ုတ္ႏိုင္ငံမွ အမ်ိဳးသားတစ္ေယာက္ဟာ မွားယြင္းတဲ့ပံုစံနဲ႔သူ႔ရဲ႕သတို႔သမီးေလာင္းကို လက္ထပ္ခြင့္ေတာင္းမိခဲ့လို႔ ျငင္းပယ္ျခင္းခံခဲ့ရပါတယ္ ။ Video ထဲမွာေတာ့ သတို႔သားဟာ သတို႔သမီးေ႐ွ႕မွာဒူးႏွစ္ဖက္လံုးေထာက္ၿပီး လက္ထပ္ခြင့္ေတာင္းခဲ့တာပါ ။ ထိုအခ်ိန္မွာေတာ့ သတို႔သမီးရဲ႕မ်က္ႏွာပ်က္သြားခဲ့ၿပီး လံုးဝကိုမေပ်ာ္ရႊင္ေတာ့တဲ့႐ုပ္အျဖစ္ေျပာင္းသြားခဲ့ပါတယ္ ။ ထိုအခ်ိန္မွ ပြဲလာဧည့္သည္မ်ားက သတို႔သားကို ဒူးတစ္ဖက္တည္းသာေထာက္ၿပီး လက္ထပ္ခြင့္ျပန္ေတာင္းဖို႔ အၾကံအဥာဏ္ေပးခဲ့ရပါေတာ့တယ္ ။

Video ထဲမွာေတာ့ အနီေရာင္ေကာ္ေဇာထက္မွာ ရပ္ေနတဲ့သတို႔သမီးကို သတို႔သားက အနီေရာင္ႏွင္းဆီပန္းစည္းနဲ႔ ဒူးႏွစ္ဖက္လံုးေထာက္ၿပီး လက္ထပ္ခြင့္ေတာင္းေနခဲ့တာပါ ။ သတို႔သမီးကေတာ့ မေပ်ာ္ရႊင္တဲ့႐ုပ္နဲ႔ အခ်ိန္အေတာ္ၾကာသည္အထိ အဆိုပါပန္းစည္းကိုလက္မခံဘဲ ျငင္းေနခဲ့တာပါ ။ ထိုအခ်ိန္မွ အနီးအနားမွလူမ်ားက ဒူးတစ္ဖက္သာေထာက္ၿပီး လက္ထပ္ခြင့္ထပ္ေတာင္းဖို႔ သတို႔သားကိုအားေပးခဲ့ရပါတယ္ ။

အဆိုပါ video ဟာ အေတာ္ေလးကိုေရပန္းစားသြားခဲ့ၿပီးေနာက္ အခ်ိဳ႕ေသာသူမ်ားက “ဒီစံုတြဲလက္ထပ္ၿပီး မၾကာဘူး ကြာ႐ွင္းၾကမဲ့ပံုပဲ ” ” သတို႔သမီးက အဲ့ေလာက္ထိမွ မေပ်ာ္ဘူးျဖစ္ေနရင္းလည္း အဲ့မွာတင္သတို႔သားကို ထားခဲ့လိုက္ ” ဆိုၿပီး မ်ိဳးစံုေဝဖန္ခဲ့ၾကပါတယ္ ။ သို႔ေပမဲ့လည္း လက္ထပ္ခြင့္ကို သတို့သမီးက လက္ခံေပးလိုက္လားဆိုတာကေတာ့ ေသခ်ာမသိခဲ့ရပါဘူး ။

Jasmine (Mckzone Daily)

Source: DailyMail

Unicode

တရုတ်နိုင်ငံမှ အမျိုးသားတစ်ယောက်ဟာ မှားယွင်းတဲ့ပုံစံနဲ့သူ့ရဲ့သတို့သမီးလောင်းကို လက်ထပ်ခွင့်တောင်းမိခဲ့လို့ ငြင်းပယ်ခြင်းခံခဲ့ရပါတယ် ။ Video ထဲမှာတော့ သတို့သားဟာ သတို့သမီးရှေ့မှာဒူးနှစ်ဖက်လုံးထောက်ပြီး လက်ထပ်ခွင့်တောင်းခဲ့တာပါ ။ ထိုအချိန်မှာတော့ သတို့သမီးရဲ့မျက်နှာပျက်သွားခဲ့ပြီး လုံးဝကိုမပျော်ရွှင်တော့တဲ့ရုပ်အဖြစ်ပြောင်းသွားခဲ့ပါတယ် ။ ထိုအချိန်မှ ပွဲလာဧည့်သည်များက သတို့သားကို ဒူးတစ်ဖက်တည်းသာထောက်ပြီး လက်ထပ်ခွင့်ပြန်တောင်းဖို့ အကြံအဉာဏ်ပေးခဲ့ရပါတော့တယ် ။

Video ထဲမှာတော့ အနီရောင်ကော်ဇောထက်မှာ ရပ်နေတဲ့သတို့သမီးကို သတို့သားက အနီရောင်နှင်းဆီပန်းစည်းနဲ့ ဒူးနှစ်ဖက်လုံးထောက်ပြီး လက်ထပ်ခွင့်တောင်းနေခဲ့တာပါ ။ သတို့သမီးကတော့ မပျော်ရွှင်တဲ့ရုပ်နဲ့ အချိန်အတော်ကြာသည်အထိ အဆိုပါပန်းစည်းကိုလက်မခံဘဲ ငြင်းနေခဲ့တာပါ ။ ထိုအချိန်မှ အနီးအနားမှလူများက ဒူးတစ်ဖက်သာထောက်ပြီး လက်ထပ်ခွင့်ထပ်တောင်းဖို့ သတို့သားကိုအားပေးခဲ့ရပါတယ် ။

အဆိုပါ video ဟာ အတော်လေးကိုရေပန်းစားသွားခဲ့ပြီးနောက် အချို့သောသူများက “ဒီစုံတွဲလက်ထပ်ပြီး မကြာဘူး ကွာရှင်းကြမဲ့ပုံပဲ ” ” သတို့သမီးက အဲ့လောက်ထိမှ မပျော်ဘူးဖြစ်နေရင်းလည်း အဲ့မှာတင်သတို့သားကို ထားခဲ့လိုက် ” ဆိုပြီး မျိုးစုံဝေဖန်ခဲ့ကြပါတယ် ။ သို့ပေမဲ့လည်း လက်ထပ်ခွင့်ကို သတို့သမီးက လက်ခံပေးလိုက်လားဆိုတာကတော့ သေချာမသိခဲ့ရပါဘူး ။

Jasmine (Mckzone Daily)

  • Leave a Comment