အိမ်ပြန်အမြဲနောက်ကျလို့ အိမ်ကမိန်းမက ဓား ၊ ဂေါက်ရိုက်တံတွေနဲ့ ရိုက်နှက်တိုက်ခိုက်တာကိုခံခဲ့ရတဲ့အမျိုးသား

တစ်ခါတစ်ရံမှာ အလုပ်ကိစ္စတွေကြောင့် ဒါမှမဟုတ် အခြားကိစ္စတစ်ခုခုကြောင့်အိမ်ပြန်နောက်ကျတာတွေက ဖြစ်တတ်ပါတယ် ။ သို့ပေမဲ့လည်း အမြဲအိမ်ပြန်နောက်ကျနေမယ်ဆိုရင်တော့ အိမ်ကကိုယ့်ရဲ့မိသားစုဝင်တွေစိတ်မပူအောင် ပြောပြထားပေးရပါတယ် ။ အိမ်ကမိသားစုဝင်တွေကို စွန့်ပစ်ထားပြီး အပြင်မှာအမြဲနေနေမယ်ဆိုရင်တော့ သေချာတာကတော့သင့်မှာအရှုပ်ထုပ်တစ်ခုခု ရှိနေပါပြီ ။ ဒီတစ်ခေါက်မှာလည်း စင်ကာပူနိုင်ငံက Zhong Zhengye အမည်ရှိတဲ့အသက် 51နှစ်အရွယ်အမျိုးသားဟာ အိမ်ပြန်အမြဲနောက်ကျတဲ့အတွက် ဇနီးဖြစ်သူက ဓားနဲ့ထိုးပြီး ဂေါက်ရိုက်တံနဲ့ရိုက်နှက်ခြင်းကို ခံခဲ့ရပါတယ် ။ Zhong ဟာအသက် 44နှစ်အရွယ် Phan Thi Ngoc Dung အမည်ရှိတဲ့ ဗီယက်နမ်အမျိုးသမီးနှင့် 2014ခုနှစ်ကတည်းက လက်ထပ်ခဲ့တာဖြစ်ပါတယ် ။ ဇနီးဖြစ်သူနှင့် သူငယ်ချင်းအဖြစ် 9နှစ်ခန့်ခင်မင်ရင်းနှီးခဲ့တာဖြစ်ပြီး ၊ လက်မထပ်ခင် 7နှစ်ခန့် ချစ်သူများဖြစ်ခဲ့ကြတာဖြစ်ကြောင်း သိရှိရပါတယ် ။ ဇနီးဖြစ်သူကလည်း Zhong နှင့်အတူနေထိုင်နိုင်ရန်အတွက် ဗီယက်နမ်နိုင်ငံမှပြောင်းရွှေ့လာခဲ့ကာ အရင်အိမ်ထောင်နှင့်ရရှိထားသောအသက် 18နှစ်အရွယ်သမီးဖြစ်သူကိုလည်း အတူခေါ်လာခဲ့ပါတယ် ။

ထို့ကြောင့် လွန်ခဲ့တဲ့ 3နှစ်ကတည်းက မိသားစုဝင်3ယောက်လုံး Yishun မြို့သို့ပြောင်းရွှေ့သွားခဲ့ကြပါတယ် ။ Zhong ကလည်းသူ၏ကုမ္ပဏီတိုးတက်ပြောင်းလဲရန်အတွက် အလုပ်ကိုသာဦးစားပေးနေခဲ့ပြီး နောက်ပိုင်းမှာတော့ ဇနီးဖြစ်သူနှင့်မကြာခဏအိမ်ပြန်နောက်ကျခဲ့တဲ့ကိစ္စအတွက်နဲ့ ရန်ဖြစ်စကားများခဲ့ရပါတယ် ။တစ်ရက်မှာတော့ Zhong ဟာအိမ်ပြန်နောက်ကျခဲ့ပြီးမနက်ပိုင်းအလိုမှ ပြန်ရောက်လာခဲ့၍ဇနီးဖြစ်သူက အလွန်စိတ်ဆိုးဒေါသထွက်ကာ Zhong အား ဓားနှင့်ထိုးပြီး ဂေါက်ရိုက်တံနှင့်ရိုက်နှက်ခဲ့ပါတယ် ။ အံ့သြထိတ်လန့်သွားခဲ့တဲ့ Zhong ဟာ ဧည့်ခန်းအတွင်းသို့အလျင်အမြန်ဝင်ပုန်းပြီး ရဲစခန်းသို့တိုင်ကြားခဲ့ပါတယ် ။ သမီးဖြစ်သူကလည်း အိပ်ယာမှနှိုးထလာခဲ့ပြီး မိခင်ဖြစ်သူကိုဝင်ရောက်တားဆီးပေးခဲ့ပါတယ် ။

Zhong ၏ပြောပြချက်အရ ” ကျွန်တော်ကအတော်လေး အလုပ်ရှုပ်နေတာ ၊ အိမ်ကနေ နေမထွက်ခင် ထွက်လာခဲ့ပြီး အတော်နောက်ကျတဲ့အချိန်မှအိမ်ပြန်ရောက်လာခဲ့တာပါ ၊ ကျွန်တော့်မိန်းမက ကျွန်တော်အိမ်မှာအမြဲမရှိလို့ဆူပူနေခဲ့ပြီး ကျွန်တော်တို့အကြိမ်အတော်များများ ရန်ဖြစ်စကားများခဲ့ကြပါတယ် “ဆိုပြီး ပြောပြသွားခဲ့ပါတယ် ။ ဆရာဝန်၏ပြောပြချက်အရ Zhong ၏ဦးနှောက်မှာ သွေးထွက်နေခဲ့ပြီး ဘယ်ဖက်မျက်လုံးမှာလည်း ယာယီမမြင်ရတော့ပါဘူး ။မျက်လုံးကိုခွဲစိတ်ကုသမှုခံယူပြီး စစ်ဆေးရန်အတွက် ဆေးရုံတက်ဖို့လိုအပ်နေကြောင်းလည်းသိရှိရပါတယ် ။ ဇနီးဖြစ်သူကိုလည်း ဖမ်းဆီးထားခဲ့ပြီး လက်ရှိမှာတော့စိတ်ကျန်းမာရေးအခြေအနေအတွက်ဆေးရုံတင်ထားရကြောင်း သိရှိရပါတယ် ။ Zhong ၏ပြောပြချက်အရ ဇနီးသည်ဟာအိမ်ထောင်ရှင်မတစ်ယောက်ဖြစ်ပြီး တစ်ခါတလေမှာတော့ အချိန်ပိုင်းအလုပ်ထွက်လုပ်လေ့ရှိကြောင်းလည်း သိရှိရပါတယ် ။

Jasmine (Mckzone Daily)

Source: worldofbuzz

Be the first to comment on "အိမ်ပြန်အမြဲနောက်ကျလို့ အိမ်ကမိန်းမက ဓား ၊ ဂေါက်ရိုက်တံတွေနဲ့ ရိုက်နှက်တိုက်ခိုက်တာကိုခံခဲ့ရတဲ့အမျိုးသား"

Leave a comment

Your email address will not be published.


*