ခင္ပြန္းျဖစ္သူက မယားငယ္ကိုအိမ္အသစ္ဝယ္ေပးခဲ့လို႔ ေျမေကာ္စက္ငွါးၿပီး အိမ္အသစ္ကိုၿဖိဳဖ်က္ခိုင္းခဲ့တဲ့ မယားႀကီး (႐ုပ္သံ)

အေ႐ွ႕ေတာင္အာ႐ွႏိုင္ငံအခ်ိဳ႕ဟာ ၎တို႔ရဲ႕႐ိုးရာယဥ္ေက်းမႈအရ မယားၿပိဳင္ယူတတ္တာမ်ိဳး႐ွိၾကပါတယ္ ။ သို႔ေပမဲ့လည္း အခ်စ္ႀကီးလြန္းၿပီး ၊ မနာလို သဝန္တိုစိတ္ေတြ႐ွိတတ္တဲ့ မိန္းကေလးေတြအတြက္ကေတာ့ လက္ခံနားလည္ေပးဖို႔အေတာ္ခက္မွာပါ ။ ဒီတစ္ေခါက္မွာလည္း အင္ဒိုနီး႐ွားႏိုင္ငံက မယားႀကီးရဲ႕လုပ္ရပ္ဟာ social media ေပၚမွာ ေရပန္းစားေနလ်က္႐ွိပါတယ္ ။ ျဖစ္စဥ္ကေတာ့ M အမည္႐ွိတဲ့ မယားႀကီးျဖစ္သူက ခင္ပြန္းသည္ဟာ မယားငယ္အတြက္အိမ္အသစ္ဝယ္ေပးလိုက္တဲ့သတင္းကို ၾကားၿပီးေနာက္ သဝန္တိုလြန္းၿပီး စိတ္မထိန္းႏိုင္တဲ့အဆံုး ေျမေကာ္စက္ႀကီးကိုငွါးၿပီး အဆိုပါေနအိမ္ကိုၿဖိဳဖ်က္ခ်ပစ္ခဲ့တာပါ ။

အဆိုပါအျဖစ္အပ်က္ဟာ Sumatera ကြၽန္းေျမာက္ဖက္ျခမ္းမွာ႐ွိတဲ့ Desa Mangga Dua ဆိုတဲ့ရြာမွာ ျဖစ္ပ်က္ခဲ့တာျဖစ္ပါတယ္ ။ ရြာသားေတြရဲ႕ေျပာျပခ်က္အရ မယားႀကီးဟာ သူမထက္အသက္အရြယ္အေတာ္ငယ္တဲ့မယားငယ္ကို ခင္ပြန္းျဖစ္သူက အိမ္အသစ္ဝယ္ေပးခဲ့မွန္း သိ႐ွိခဲ့လို႔ ယခုလိုစိတ္လိုက္မွန္ပါျပဳလုပ္ခဲ့တာျဖစ္ေၾကာင္း သိ႐ွိရပါတယ္ ။

Video ထဲမွာေတြ႔ျမင္ရတဲ့အတိုင္းရြာသားေတြဟာ ၿဖိဳဖ်က္ေနတဲ့ေနအိမ္ႀကီးကို ဝိုင္းၿပီးၾကည့္႐ႈေနခဲ့ၾကတာပါ ။ ေျမေကာ္စက္ႀကီးကလည္း အဆိုပါအိမ္ကိုအစိတ္စိတ္အမႊာမႊာျဖစ္ေအာင္ တစ္လႊာၿပီးတစ္လႊာၿဖိဳဖ်က္ေနခဲ့တာပါ ။ ရြာသားေတြက မယားငယ္ကိုေနအိမ္ကေန ထြက္လာဖို႔ ေအာ္ဟစ္ေနခဲ့ၾကတာပါ ။ မယားငယ္မွာေတာ့ 3လသားအရြယ္ကိုယ္ဝန္လြယ္ထားရသူျဖစ္ေၾကာင္း သိ႐ွိရပါတယ္ ။ တာဝန္႐ွိသူေတြကေတာ့ အဆိုပါအျဖစ္အပ်က္ကို စံုစမ္းစစ္ေဆးေနလ်က္႐ွိပါတယ္ ။

Jasmine (Mckzone Daily)

Source: worldofbuzz

Unicode

အရှေ့တောင်အာရှနိုင်ငံအချို့ဟာ ၎င်းတို့ရဲ့ရိုးရာယဉ်ကျေးမှုအရ မယားပြိုင်ယူတတ်တာမျိုးရှိကြပါတယ် ။ သို့ပေမဲ့လည်း အချစ်ကြီးလွန်းပြီး ၊ မနာလို သဝန်တိုစိတ်တွေရှိတတ်တဲ့ မိန်းကလေးတွေအတွက်ကတော့ လက်ခံနားလည်ပေးဖို့အတော်ခက်မှာပါ ။ ဒီတစ်ခေါက်မှာလည်း အင်ဒိုနီးရှားနိုင်ငံက မယားကြီးရဲ့လုပ်ရပ်ဟာ social media ပေါ်မှာ ရေပန်းစားနေလျက်ရှိပါတယ် ။ ဖြစ်စဉ်ကတော့ M အမည်ရှိတဲ့ မယားကြီးဖြစ်သူက ခင်ပွန်းသည်ဟာ မယားငယ်အတွက်အိမ်အသစ်ဝယ်ပေးလိုက်တဲ့သတင်းကို ကြားပြီးနောက် သဝန်တိုလွန်းပြီး စိတ်မထိန်းနိုင်တဲ့အဆုံး မြေကော်စက်ကြီးကိုငှါးပြီး အဆိုပါနေအိမ်ကိုဖြိုဖျက်ချပစ်ခဲ့တာပါ ။

အဆိုပါအဖြစ်အပျက်ဟာ Sumatera ကျွန်းမြောက်ဖက်ခြမ်းမှာရှိတဲ့ Desa Mangga Dua ဆိုတဲ့ရွာမှာ ဖြစ်ပျက်ခဲ့တာဖြစ်ပါတယ် ။ ရွာသားတွေရဲ့ပြောပြချက်အရ မယားကြီးဟာ သူမထက်အသက်အရွယ်အတော်ငယ်တဲ့မယားငယ်ကို ခင်ပွန်းဖြစ်သူက အိမ်အသစ်ဝယ်ပေးခဲ့မှန်း သိရှိခဲ့လို့ ယခုလိုစိတ်လိုက်မှန်ပါပြုလုပ်ခဲ့တာဖြစ်ကြောင်း သိရှိရပါတယ် ။

Video ထဲမှာတွေ့မြင်ရတဲ့အတိုင်းရွာသားတွေဟာ ဖြိုဖျက်နေတဲ့နေအိမ်ကြီးကို ဝိုင်းပြီးကြည့်ရှုနေခဲ့ကြတာပါ ။ မြေကော်စက်ကြီးကလည်း အဆိုပါအိမ်ကိုအစိတ်စိတ်အမွှာမွှာဖြစ်အောင် တစ်လွှာပြီးတစ်လွှာဖြိုဖျက်နေခဲ့တာပါ ။ ရွာသားတွေက မယားငယ်ကိုနေအိမ်ကနေ ထွက်လာဖို့ အော်ဟစ်နေခဲ့ကြတာပါ ။ မယားငယ်မှာတော့ 3လသားအရွယ်ကိုယ်ဝန်လွယ်ထားရသူဖြစ်ကြောင်း သိရှိရပါတယ် ။ တာဝန်ရှိသူတွေကတော့ အဆိုပါအဖြစ်အပျက်ကို စုံစမ်းစစ်ဆေးနေလျက်ရှိပါတယ် ။

Jasmine (Mckzone Daily)

  • Leave a Comment