နေပူထဲမှာ PPE ဝတ်စုံအပြည့်နဲ့ အလုပ်လုပ်ကိုင်နေရတဲ့ သူနာပြုတွေရဲ့ ဝတ်စုံထဲမှချွေးရည်များ သွန်ချနေရတဲ့ (ရုပ်သံ)




Jasmine (Mckzone Daily)

Source: worldofbuzz

Unicode

မကြာသေးခင်က တရုတ်နိုင်ငံမှဆေးဝန်ထမ်းအမျိုးသမီးဟာ အနားယူဖို့သူမရဲ့ PPE ဝတ်စုံကိုချွတ်ခဲ့ပြီးနောက် ဝတ်စုံထဲမှ စီးကျလာတဲ့များပြားလွန်းတဲ့ ချွေးရည်တွေကြောင့် အဆိုပါ video ဟာ social media ပေါ်မှာ ရေပန်းစားနေလျက်ရှိပါတယ် ။ အဆိုပါ video ကို Urumqi မြို့မှာရိုက်ကူးခဲ့တာဖြစ်ပြီး ၊ အဆိုပါမြို့ရဲ့ လက်ရှိအပူချိန်ဟာ 29°C ခန့်ရှိတဲ့အတွက် အလုံပိတ်ဝတ်ဆင်ရတဲ့ PPE ဝတ်စုံနဲ့ဆိုရင် ဘယ်လောက်ထိ ပူလောင်နေမလဲဆိုတာ ခန့်မှန်းကြည့်လို့ရပါတယ် ။

Urumqi မြို့ဟာ ပြီးခဲ့တဲ့ July လက Covid-19 ရောဂါကူးစက်မှု ပြန်လည်ဖြစ်ပွားခဲ့တဲ့အပြင် ကူးစက်ခံရသူပေါင်း 531 ဦးခန့်ရှိကြောင်းလည်း သိရှိရပါတယ် ။ ယခုချိန်မှာတော့ ရောဂါကူးစက်ပျံ့နှံ့မှုကို ပြန်လည်ထိန်းချုပ်နိုင်ပြီဖြစ်ကြောင်း သိရှိရပါတယ် ။

အဆိုပါ video ကိုကြည့်ရှု့သူပေါင်း 5 million ခန့်ရှိခဲ့ပြီး တရုတ်နိုင်ငံမှပြည်သူများကလည်း အဆိုပါဆေးဝန်ထမ်းများအတွက် ဆုတောင်းစကားများဆိုခဲ့ကြကြောင်း သိရှိရပါတယ် ။

Jasmine (Mckzone Daily)

  • Leave a Comment