ေကြၽးေမြးေစာင့္ေ႐ွာက္ေပးခဲ့တဲ့ ေမြးစားမိဘေတြကိုေက်းဇူးဆပ္ခ်င္လို႔ ဇိမ္ခံအိမ္ႀကီး ေဆာက္လုပ္ေပးခဲ့တဲ့အမ်ိဳးသား

မိဘမဲ့ကေလးငယ္တစ္ေယာက္အတြက္ အလိုအပ္ဆံုးေသာအရာက မိသားစုဘဝတစ္ခုပိုင္ဆိုင္ႏိုင္ဖို႔ပါပဲ ။ အဆိုပါမိဘမဲ့ကေလးေတြကို ေမြးစားခဲ့ၾကသူအမ်ားစုဟာလည္း သူတို႔ရဲ႕သားသမီးအရင္းေတြလို ဆက္ဆံၾကသူေတြပါ ။ ဒီတစ္ေခါက္ေဖာ္ျပမဲ့ မိသားစုေလးရဲ႕အေၾကာင္းဟာလည္း လူေတြရဲ႕ရင္ထဲ ၊ ႏွလံုးသားထဲကို ေႏြးေထြးသြားေစမွာပါ ။ ျဖစ္စဥ္ကေတာ့ Javi အမည္႐ွိတဲ့ အသက္ 28 ႏွစ္အရြယ္ေကာင္ေလးဟာ 3ႏွစ္သားအရြယ္ကတည္းက ဖိလစ္ပိုင္ႏိုင္ငံမွာ႐ွိတဲ့ သူ႔ရဲ႕မိဘအရင္ေတြရဲ႕ စြန္႔ပစ္ျခင္းကိုခံခဲ့ရပါတယ္ ။ သို႔ေပမဲ့လည္း ကံေကာင္းစြာနဲ႔ပဲ မိဘမဲ့ေဂဟာသို႔ပို႔ေဆာင္ျခင္းခံရေတာ့မဲ့ ငယ္ရြယ္လြန္းတဲ့ Javi ေလးကို လင္မယားႏွစ္ေယာက္က ေမြးစားခဲ့ပါတယ္ ။

ေမြးစားဖခင္ Tatai ကေတာ့ ဟိုတယ္တံခါးေစာင့္အျဖစ္ အလုပ္လုပ္ကိုင္ခဲ့ၿပီး ၊ ေမြးစားမိခင္ Nanai ကေတာ့ ပ်ံက်ေစ်းသည္တစ္ေယာက္ပါ ။ ေမြးစားမိဘႏွစ္ပါးလံုးဟာ Javi ကိုေထာက္ပံ့ေကြၽးေမြးႏိုင္ဖို႔ အေကာင္းဆံုးႀကိဳးစားခဲ့ၾကသူေတြပါ ။ Javi တို႔မိသားစုဟာ ဆင္းရဲႏံုခ်ာလြန္းတဲ့ 215 ေပ ပတ္လည္႐ွိတဲ့တိုက္ခန္းတစ္ခုမွာ အျခားေသာ အိမ္ငွါး 28 ေယာက္နဲ႔ အတူတူေနထိုင္ခဲ့ရတာျဖစ္ၿပီး ႂကြက္ေတြေပါမ်ားၿပီး မၾကာခဏမီးပ်က္ေလ့႐ွိတဲ့ေနရာျဖစ္ပါတယ္ ။ ” ဘဝက တစ္အားကိုခက္ခဲလြန္းတယ္ ၊ ဒါေပမဲ့ တစ္ရက္ကိုထမင္း 2နပ္ ေလာက္စားေနရရင္ပဲ ကြၽန္ေတာ္တို႔အေတာ္ေလးကိုေပ်ာ္ေနပါၿပီ ” ဆိုၿပီး Javi ကေျပာျပသြားခဲ့ပါတယ္ ။

မိသားစုကိုျပန္ေထာက္ပံ့ႏိုင္ဖို႔ စိတ္ဆံုးျဖတ္ခ်က္ခ်ထားတဲ့ Javi ဟာ တကၠသိုလ္ဝင္ခြင့္အတြက္ စာကိုအေတာ္ေလးေလ့လာသင္ယူခဲ့ၿပီးေနာက္ ဘြဲ႔မရခင္ အာမခံလုပ္ငန္းတစ္ခုမွာ အလုပ္ဝင္လုပ္ခဲ့ပါတယ္ ။ အျပင္းအထန္ႀကိဳးစားၿပီး 7ႏွစ္အၾကာမွာေတာ့ မန္ေနဂ်ာျဖစ္လာခဲ့ၿပီး ေငြေရးေၾကးေရးခိုင္ခိုင္မာမာျဖစ္လာခဲ့ပါတယ္ ။ ထိုအခ်ိန္မွာေတာ့ ေမြးစားမိဘေတြတစ္ဘဝလံုး သက္ေတာင့္သက္သာအနားယူႏိုင္ေအာင္ ခမ္းနားထည္ဝါလြန္းလွတဲ့ အပန္ေျဖဇိမ္ခံေနအိမ္ႀကီးကို ေဆာက္လုပ္ေပးခဲ့ပါေတာ့တယ္ ။ အိမ္အတြင္းပိုင္ကိုလည္း ေနာက္ဆံုးေပၚဒီဇိုင္ေတြနဲ႔ အျပည့္အစံုျပင္ဆင္ေပးထားပါေသးတယ္ ။ ေမြးစားသားဆိုေပမဲ့ မိဘေက်းဇူးသိတတ္လြန္းတဲ့ Javi ရဲ႕အေၾကာင္းဟာ social media ေပၚမွာ အေတာ္ေလး ေရပန္းစားခဲ့ၿပီးေနာက္ Javi ကိုလူအေတာ္အမ်ား ေလးစားအားက်ၿပီး ဆုေတာင္းစကားမ်ား ေျပာဆိုခဲ့ၾကပါတယ္ ။

Jasmine (Mckzone Daily)

Source: worldofbuzz

Unicode

မိဘမဲ့ကလေးငယ်တစ်ယောက်အတွက် အလိုအပ်ဆုံးသောအရာက မိသားစုဘဝတစ်ခုပိုင်ဆိုင်နိုင်ဖို့ပါပဲ ။ အဆိုပါမိဘမဲ့ကလေးတွေကို မွေးစားခဲ့ကြသူအများစုဟာလည်း သူတို့ရဲ့သားသမီးအရင်းတွေလို ဆက်ဆံကြသူတွေပါ ။ ဒီတစ်ခေါက်ဖော်ပြမဲ့ မိသားစုလေးရဲ့အကြောင်းဟာလည်း လူတွေရဲ့ရင်ထဲ ၊ နှလုံးသားထဲကို နွေးထွေးသွားစေမှာပါ ။ ဖြစ်စဉ်ကတော့ Javi အမည်ရှိတဲ့ အသက် 28 နှစ်အရွယ်ကောင်လေးဟာ 3နှစ်သားအရွယ်ကတည်းက ဖိလစ်ပိုင်နိုင်ငံမှာရှိတဲ့ သူ့ရဲ့မိဘအရင်တွေရဲ့ စွန့်ပစ်ခြင်းကိုခံခဲ့ရပါတယ် ။ သို့ပေမဲ့လည်း ကံကောင်းစွာနဲ့ပဲ မိဘမဲ့ဂေဟာသို့ပို့ဆောင်ခြင်းခံရတော့မဲ့ ငယ်ရွယ်လွန်းတဲ့ Javi လေးကို လင်မယားနှစ်ယောက်က မွေးစားခဲ့ပါတယ် ။

မွေးစားဖခင် Tatai ကတော့ ဟိုတယ်တံခါးစောင့်အဖြစ် အလုပ်လုပ်ကိုင်ခဲ့ပြီး ၊ မွေးစားမိခင် Nanai ကတော့ ပျံကျဈေးသည်တစ်ယောက်ပါ ။ မွေးစားမိဘနှစ်ပါးလုံးဟာ Javi ကိုထောက်ပံ့ကျွေးမွေးနိုင်ဖို့ အကောင်းဆုံးကြိုးစားခဲ့ကြသူတွေပါ ။ Javi တို့မိသားစုဟာ ဆင်းရဲနုံချာလွန်းတဲ့ 215 ပေ ပတ်လည်ရှိတဲ့တိုက်ခန်းတစ်ခုမှာ အခြားသော အိမ်ငှါး 28 ယောက်နဲ့ အတူတူနေထိုင်ခဲ့ရတာဖြစ်ပြီး ကြွက်တွေပေါများပြီး မကြာခဏမီးပျက်လေ့ရှိတဲ့နေရာဖြစ်ပါတယ် ။ ” ဘဝက တစ်အားကိုခက်ခဲလွန်းတယ် ၊ ဒါပေမဲ့ တစ်ရက်ကိုထမင်း 2နပ် လောက်စားနေရရင်ပဲ ကျွန်တော်တို့အတော်လေးကိုပျော်နေပါပြီ ” ဆိုပြီး Javi ကပြောပြသွားခဲ့ပါတယ် ။

မိသားစုကိုပြန်ထောက်ပံ့နိုင်ဖို့ စိတ်ဆုံးဖြတ်ချက်ချထားတဲ့ Javi ဟာ တက္ကသိုလ်ဝင်ခွင့်အတွက် စာကိုအတော်လေးလေ့လာသင်ယူခဲ့ပြီးနောက် ဘွဲ့မရခင် အာမခံလုပ်ငန်းတစ်ခုမှာ အလုပ်ဝင်လုပ်ခဲ့ပါတယ် ။ အပြင်းအထန်ကြိုးစားပြီး 7နှစ်အကြာမှာတော့ မန်နေဂျာဖြစ်လာခဲ့ပြီး ငွေရေးကြေးရေးခိုင်ခိုင်မာမာဖြစ်လာခဲ့ပါတယ် ။ ထိုအချိန်မှာတော့ မွေးစားမိဘတွေတစ်ဘဝလုံး သက်တောင့်သက်သာအနားယူနိုင်အောင် ခမ်းနားထည်ဝါလွန်းလှတဲ့ အပန်ဖြေဇိမ်ခံနေအိမ်ကြီးကို ဆောက်လုပ်ပေးခဲ့ပါတော့တယ် ။ အိမ်အတွင်းပိုင်ကိုလည်း နောက်ဆုံးပေါ်ဒီဇိုင်တွေနဲ့ အပြည့်အစုံပြင်ဆင်ပေးထားပါသေးတယ် ။ မွေးစားသားဆိုပေမဲ့ မိဘကျေးဇူးသိတတ်လွန်းတဲ့ Javi ရဲ့အကြောင်းဟာ social media ပေါ်မှာ အတော်လေး ရေပန်းစားခဲ့ပြီးနောက် Javi ကိုလူအတော်အများ လေးစားအားကျပြီး ဆုတောင်းစကားများ ပြောဆိုခဲ့ကြပါတယ် ။

Jasmine (Mckzone Daily)

  • Leave a Comment