ဘားမွမလုပ္ဘဲထိုင္ေနရံုနဲ႔ YouTube မွာ ၾကည့္႐ႈ့သူေပါင္း 2.8 million အထိရ႐ွိခဲ့တဲ့ အမ်ိဳးသား (႐ုပ္သံ)

အင္ဒိုနီး႐ွားႏိုင္ငံက YouTuber တစ္ေယာက္ရဲ႕ ကင္မရာေ႐ွ႕မွာ ဘားမွမလုပ္ပဲ 2နာရီနဲ႔ 2မိနစ္ၾကာသည္အထိ ထိုင္ေနခဲ့တဲ့ video ဟာ ၾကည့္႐ႈသူေပါင္း 2.8 million အထိရ႐ွိခဲ့ပါတယ္ ။ Muhammad Didit အမည္႐ွိတဲ့ YouTuber ဟာ ေမြ႔ရာေ႐ွ႕မွာ ေနာက္ခံသီခ်င္းေတြ ၊ မည္သည့္အရာမွ မပါဘဲ ဒီအတိုင္းထိုင္ေနခဲ့တာပါ ။ အစပိုင္းမွာေတာ့ video ကို 10 မိနစ္ဝန္းက်င္သာ႐ိုက္ဖို႔စီစဥ္ထားခဲ့ေပမဲ့ သေဘာက်လာခဲ့ၿပီး အခ်ိန္အေတာ္ၾကာတဲ့အထိ႐ိုက္ကူးျဖစ္ခဲ့တာပါ ။ Video ႐ိုက္ကူးေနစဥ္ အေႏွာင့္အယွက္ကင္းေအာင္ ၊ video မ႐ိုက္ခင္ အစားအေသာက္ေတြစားထားၿပီး ၊ သန္႔စင္ခန္းအရင္ ဝင္ထားခဲ့ေၾကာင္း ေျပာျပခဲ့ပါတယ္ ။ အဆိုပါ video မ်ိဳး႐ိုက္ယူဖို႔ အၾကံဥာဏ္ရ႐ွိခဲ့တာက Didit ရဲ႕ follower အခ်ိဳ႕က လူငယ္ေတြအတြက္ပညာေရးနဲ႔ပက္သက္တဲ့အေၾကာင္းအရာေတြထည့္ဝင္ေပးဖို႔ ေတာင္းဆိုခဲ့ၾကရင္းနဲ႔ အၾကံရ႐ွိခဲ့တာျဖစ္ေၾကာင္း သိ႐ွိရပါတယ္ ။

” ဒီ video ရဲ႕အက်ိဳးေက်းဇူးအေၾကာင္းကို ကြၽန္ေတာ္တို႔ေျပာၾကမယ္ဆိုရင္ အကုန္လံုးက ၾကည့္႐ႈသူေတြရဲ့ စဥ္းစားေတြေခၚမႈေပၚမူတည္ေနမယ္ထင္ပါတယ္ ၊ ဒါကေတာ့ ကြၽန္ေတာ္အၾကံေပးတာပါ ၊ ဒီ video ကေန သုတနဲ႔ ရသေတြရ႐ွိမယ္လို႔ ေမ်ွာ္လင့္မိပါတယ္ ” ဆိုၿပီး Didit ကေျပာျပသြားခဲ့ပါတယ္ ။

အဆိုပါ video က အေတာ္ေလးကိုေအာင္ျမင္သြားခဲ့ၿပီး ၾကည့္႐ႈသူတစ္ဦးက ” ဒီလူက လံုးဝဥာဏ္ႀကီး႐ွင္ပဲ ၊ ဘာလုပ္ျပရမလဲလို႔ နာရီေပါင္းမ်ားစြာ ေန႔ရက္ေပါင္းမ်ားစြာစဥ္းစားေနရတာ အျခား Youtuber ေတြကို အႏိုင္ပိုင္းလိုက္တာပဲ ၿပီးေတာ့သူက 2နာရီေလာက္ ဘားမွမလုပ္ဘဲ ပိုက္ဆံေတြအမ်ားႀကီး႐ွာလိုက္ႏိုင္တယ္ ” ဆိုၿပီး comment ေရးသြားခဲ့ပါတယ္ ။

Jasmine (Mckzone Daily)

Source: nextshark.

Unicode

အင်ဒိုနီးရှားနိုင်ငံက YouTuber တစ်ယောက်ရဲ့ ကင်မရာရှေ့မှာ ဘားမှမလုပ်ပဲ 2နာရီနဲ့ 2မိနစ်ကြာသည်အထိ ထိုင်နေခဲ့တဲ့ video ဟာ ကြည့်ရှုသူပေါင်း 2.8 million အထိရရှိခဲ့ပါတယ် ။ Muhammad Didit အမည်ရှိတဲ့ YouTuber ဟာ မွေ့ရာရှေ့မှာ နောက်ခံသီချင်းတွေ ၊ မည်သည့်အရာမှ မပါဘဲ ဒီအတိုင်းထိုင်နေခဲ့တာပါ ။ အစပိုင်းမှာတော့ video ကို 10 မိနစ်ဝန်းကျင်သာရိုက်ဖို့စီစဉ်ထားခဲ့ပေမဲ့ သဘောကျလာခဲ့ပြီး အချိန်အတော်ကြာတဲ့အထိရိုက်ကူးဖြစ်ခဲ့တာပါ ။ Video ရိုက်ကူးနေစဉ် အနှောင့်အယှက်ကင်းအောင် ၊ video မရိုက်ခင် အစားအသောက်တွေစားထားပြီး ၊ သန့်စင်ခန်းအရင် ဝင်ထားခဲ့ကြောင်း ပြောပြခဲ့ပါတယ် ။ အဆိုပါ video မျိုးရိုက်ယူဖို့ အကြံဉာဏ်ရရှိခဲ့တာက Didit ရဲ့ follower အချို့က လူငယ်တွေအတွက်ပညာရေးနဲ့ပက်သက်တဲ့အကြောင်းအရာတွေထည့်ဝင်ပေးဖို့ တောင်းဆိုခဲ့ကြရင်းနဲ့ အကြံရရှိခဲ့တာဖြစ်ကြောင်း သိရှိရပါတယ် ။

” ဒီ video ရဲ့အကျိုးကျေးဇူးအကြောင်းကို ကျွန်တော်တို့ပြောကြမယ်ဆိုရင် အကုန်လုံးက ကြည့်ရှုသူတွေရဲ့ စဉ်းစားတွေခေါ်မှုပေါ်မူတည်နေမယ်ထင်ပါတယ် ၊ ဒါကတော့ ကျွန်တော်အကြံပေးတာပါ ၊ ဒီ video ကနေ သုတနဲ့ ရသတွေရရှိမယ်လို့ မျှော်လင့်မိပါတယ် ” ဆိုပြီး Didit ကပြောပြသွားခဲ့ပါတယ် ။

အဆိုပါ video က အတော်လေးကိုအောင်မြင်သွားခဲ့ပြီး ကြည့်ရှုသူတစ်ဦးက ” ဒီလူက လုံးဝဉာဏ်ကြီးရှင်ပဲ ၊ ဘာလုပ်ပြရမလဲလို့ နာရီပေါင်းများစွာ နေ့ရက်ပေါင်းများစွာစဉ်းစားနေရတာ အခြား Youtuber တွေကို အနိုင်ပိုင်းလိုက်တာပဲ ပြီးတော့သူက 2နာရီလောက် ဘားမှမလုပ်ဘဲ ပိုက်ဆံတွေအများကြီးရှာလိုက်နိုင်တယ် ” ဆိုပြီး comment ရေးသွားခဲ့ပါတယ် ။

Jasmine (Mckzone Daily)

  • Leave a Comment