ေျမငယ္ေလးရဲ႕ ေနာက္ဆံုးႏႈတ္ဆက္ခ်ိန္ေလးျမင္ေတြ႔ရေအာင္ ဆိုင္ကယ္ျဖင့္တစ္ေယာက္တည္း 186မိုင္ခရီးႏွင္ခဲ့တဲ့ အဘိုးအို

သားအခ်စ္ ေျမးအႏွစ္ဆိုတဲ့ အဘိုးအဘြားေတြ ေျမးအေပၚထား႐ွိတဲ့ ခ်စ္ေမတၱာဟာ အေတာ္ေလးနက္နဲခိုင္မာလြန္းလွပါတယ္ ။ မၾကာေသးခင္က social media ေပၚမွာ ေရပန္းစားေနခဲ့တဲ့ ထိုင္းႏိုင္ငံကအဘိုးအိုတစ္ဦးဟာ ေျမးငယ္ေလးရဲ႕ေနာက္ဆံုးအခ်ိန္အသုဘပြဲကို အေရာက္သြားႏိုင္ဖို႔အတြက္ 300km ကြာေဝးတဲ့ သူ၏ရြာကေန ဆိုင္ကယ္တစ္စီးျဖင့္ ထြက္ခြာလာခဲ့ပါတယ္ ။ အဘိုးအိုရဲ႕အျဖစ္ကို ဓာတ္ဆီဆိုင္မွာသန္႔စင္ခန္းခဏဝင္ေရာက္အသံုးျပဳဖို႔ ေရာက္လာတဲ့ Rachot ဆိုတဲ့အမ်ိဳးသားကေတြ႔႐ွိသြားခဲ့တာပါ ။ အေတာ္ေလးကိုညနက္ၿပီးမိုးခ်ဳပ္ေနတဲ့အခ်ိန္မွာ အဘိုးအိုတစ္ေယာက္ဓာတ္ဆီဆိုင္မွာထိုင္ေနတာကိုေတြ႔ခဲ့လို႔ Rachot က ” အဘိုးက ဘယ္ကေနလာတာလဲ ၊ ညနက္ႀကီးကို တစ္ေယာက္တည္း ဘာလုပ္ေနတာလဲ ” ဆိုၿပီး ေမးျမန္းခဲ့ပါတယ္ ။

ထိုအခ်ိန္မွာမွ အဘိုးအိုက” Buriram နယ္မွာ ေနတာပါ ၊ ေျမးေလးရဲ႕ အသုဘေၾကာင့္ ဒီကိုေရာက္လာတာပါ ” ဆိုၿပီး ျပန္လည္ေျဖၾကားခဲ့ပါတယ္ ။ Buriram နယ္မွ ရြာငယ္ေလးကေန ယခု Khon Kaen ၿမိဳ႕အထိ 300km ခန္ကြာေဝးေၾကာင္း ႏွင့္ 15ႏွစ္အရြယ္ေျမးေလးမွာေတာ့ ေရနစ္ၿပီးေသဆံုးသြားခဲ့တာျဖစ္ေၾကာင္း ေျပာျပခဲ့ပါတယ္ ။ အဘိုးအိုရဲ႕ အိတ္ကပ္ထဲမွာေငြ 300 ဘတ္သာပါ႐ွိၿပီး Khon Kaen ၿမိဳ႕မွာ႐ွိေနတဲ့ မိသားစုဝင္ေတြကို စိတ္ဒုကၡမေပးခ်င္လို႔ဆိုၿပီး ညဖက္ ရဲစခန္း ဒါမွမဟုတ္ ဘုန္းႀကီးေက်ာင္းေတြမွာ အိပ္ဖို႔စီစဥ္ထားခဲ့တာပါ ။ သို႔ေပမဲ့လည္း ရင္းႏွီးမႈမ႐ွိတဲ့အရပ္ေဒသျဖစ္ေနခဲ့တဲ့အတြက္ အိပ္ဖို႔ေနရာ႐ွာမေတြ႔ဘဲ ဓာတ္ဆီဆိုင္မွာ သူ၏ဆိုင္ကယ္ေဘးမွာသာ အိပ္ေနခဲ့ရတာျဖစ္ေၾကာင္း Rachot ကို အဘိုးအိုက႐ွင္းျပခဲ့ပါတယ္ ။

အဘိုးအိုရဲ႕အျဖစ္ကိုၾကားသိလိုက္ရခ်ိန္မွာ Rachot ဟာ စိတ္မခ်မ္းမသာျဖစ္ခဲ့ရၿပီး သူ၏ေငြအခ်ိဳ႕ ႏွင့္ အေဆာင္ပစၥည္းကို ခရီးလမ္းတစ္ေလ်ွာက္ အႏၱရာယ္ကင္းေအာင္ဆိုၿပီး အဘိုးအိုအားေပးခဲ့ပါတယ္ ။ အဘိုးအိုမွာလည္း အေတာ္ေလးဝမ္းသာမ်က္ရည္က်သြားခဲ့ၿပီး သူ၏ ရြာသို႔ျပန္ေရာက္တာနဲ႔ Rachot အား အဆင္ေျပေျပျပန္ေရာက္ခဲ့ေၾကာင္း ဆက္သြယ္အေၾကာင္းၾကားၿပီး ေက်းဇူးတင္စကားေျပာဆိုခဲ့ပါတယ္ ။ Rachot ရဲ႕သနားကူညီေဖးမတတ္တဲ့စိတ္ထားကို social media အသံုးျပဳသူမ်ားက ခ်ီးက်ဴးခဲ့ၾကပါတယ္ ။

Jasmine (Mckzone Daily)

Source: worldofbuzz

Unicode

သားအချစ် မြေးအနှစ်ဆိုတဲ့ အဘိုးအဘွားတွေ မြေးအပေါ်ထားရှိတဲ့ ချစ်မေတ္တာဟာ အတော်လေးနက်နဲခိုင်မာလွန်းလှပါတယ် ။ မကြာသေးခင်က social media ပေါ်မှာ ရေပန်းစားနေခဲ့တဲ့ ထိုင်းနိုင်ငံကအဘိုးအိုတစ်ဦးဟာ မြေးငယ်လေးရဲ့နောက်ဆုံးအချိန်အသုဘပွဲကို အရောက်သွားနိုင်ဖို့အတွက် 300km ကွာဝေးတဲ့ သူ၏ရွာကနေ ဆိုင်ကယ်တစ်စီးဖြင့် ထွက်ခွာလာခဲ့ပါတယ် ။ အဘိုးအိုရဲ့အဖြစ်ကို ဓာတ်ဆီဆိုင်မှာသန့်စင်ခန်းခဏဝင်ရောက်အသုံးပြုဖို့ ရောက်လာတဲ့ Rachot ဆိုတဲ့အမျိုးသားကတွေ့ရှိသွားခဲ့တာပါ ။ အတော်လေးကိုညနက်ပြီးမိုးချုပ်နေတဲ့အချိန်မှာ အဘိုးအိုတစ်ယောက်ဓာတ်ဆီဆိုင်မှာထိုင်နေတာကိုတွေ့ခဲ့လို့ Rachot က ” အဘိုးက ဘယ်ကနေလာတာလဲ ၊ ညနက်ကြီးကို တစ်ယောက်တည်း ဘာလုပ်နေတာလဲ ” ဆိုပြီး မေးမြန်းခဲ့ပါတယ် ။

ထိုအချိန်မှာမှ အဘိုးအိုက” Buriram နယ်မှာ နေတာပါ ၊ မြေးလေးရဲ့ အသုဘကြောင့် ဒီကိုရောက်လာတာပါ ” ဆိုပြီး ပြန်လည်ဖြေကြားခဲ့ပါတယ် ။ Buriram နယ်မှ ရွာငယ်လေးကနေ ယခု Khon Kaen မြို့အထိ 300km ခန်ကွာဝေးကြောင်း နှင့် 15နှစ်အရွယ်မြေးလေးမှာတော့ ရေနစ်ပြီးသေဆုံးသွားခဲ့တာဖြစ်ကြောင်း ပြောပြခဲ့ပါတယ် ။ အဘိုးအိုရဲ့ အိတ်ကပ်ထဲမှာငွေ 300 ဘတ်သာပါရှိပြီး Khon Kaen မြို့မှာရှိနေတဲ့ မိသားစုဝင်တွေကို စိတ်ဒုက္ခမပေးချင်လို့ဆိုပြီး ညဖက် ရဲစခန်း ဒါမှမဟုတ် ဘုန်းကြီးကျောင်းတွေမှာ အိပ်ဖို့စီစဉ်ထားခဲ့တာပါ ။ သို့ပေမဲ့လည်း ရင်းနှီးမှုမရှိတဲ့အရပ်ဒေသဖြစ်နေခဲ့တဲ့အတွက် အိပ်ဖို့နေရာရှာမတွေ့ဘဲ ဓာတ်ဆီဆိုင်မှာ သူ၏ဆိုင်ကယ်ဘေးမှာသာ အိပ်နေခဲ့ရတာဖြစ်ကြောင်း Rachot ကို အဘိုးအိုကရှင်းပြခဲ့ပါတယ် ။

အဘိုးအိုရဲ့အဖြစ်ကိုကြားသိလိုက်ရချိန်မှာ Rachot ဟာ စိတ်မချမ်းမသာဖြစ်ခဲ့ရပြီး သူ၏ငွေအချို့ နှင့် အဆောင်ပစ္စည်းကို ခရီးလမ်းတစ်လျှောက် အန္တရာယ်ကင်းအောင်ဆိုပြီး အဘိုးအိုအားပေးခဲ့ပါတယ် ။ အဘိုးအိုမှာလည်း အတော်လေးဝမ်းသာမျက်ရည်ကျသွားခဲ့ပြီး သူ၏ ရွာသို့ပြန်ရောက်တာနဲ့ Rachot အား အဆင်ပြေပြေပြန်ရောက်ခဲ့ကြောင်း ဆက်သွယ်အကြောင်းကြားပြီး ကျေးဇူးတင်စကားပြောဆိုခဲ့ပါတယ် ။ Rachot ရဲ့သနားကူညီဖေးမတတ်တဲ့စိတ်ထားကို social media အသုံးပြုသူများက ချီးကျူးခဲ့ကြပါတယ် ။

Jasmine (Mckzone Daily)

  • Leave a Comment