အိမ္ေမြးေခြးကို အေမထင္ၿပီး လူေနအိမ္အထိလိုက္ျပန္လာခဲ့တဲ့ ေျမေခြးငယ္ေလးရဲ႕အျဖစ္

Arizona ျပည္နယ္ Tempe ၿမိဳ႕မွာေနထိုင္တဲ့ မိသားစုတစ္ခုရဲ႕ ေခြးေလးတစ္ေကာင္ေနာက္ကို မေမ်ွာ္လင့္ဘဲ ေျမေခြးေပါက္စတစ္ေကာင္လိုက္ျပန္လာခဲ့ပါတယ္ ။ Dylan အမည္႐ွိတဲ့ ကေလးမေလး ႏွင့္အတူ ေမာင္ေလး Preston ၊ အဘြား Rosalyn တို႔ဟာ သံလြင္သီးသြားခူးၾကရင္း သူမတို႔နဲ႔အတူ တယ္ရီယာအမ်ိဳးအစားေခြငယ္ေလးက အတူလိုက္ပါခဲ့ပါတယ္ ။ ထိုအခ်ိန္ 6ပတ္သားအရြယ္ခန္႔သာ႐ွိေသးတဲ့ ေျမေခြးေပါက္စေလးဟာ သူမတို႔ရဲ႕ေခြးကေလးကို အေမလို႔မွားယြင္းေတြးထင္မိခဲ့ၿပီးေနာက္ သူမတို႔ေနအိမ္အထိလိုက္ျပန္လာခဲ့ပါေတာ့တယ္ ။သူမတို႔အိမ္ျပန္ေရာက္ေတာ့ ေျမေခြးေလးက ေရအေတာ္ဆာေနမွန္ကို အဘြားျဖစ္သူ Rosalyn က သိ႐ွိခဲ့ျပီး ” ကြၽန္မတို႔ 10 နာရီေလာက္မွာ အိမ္ျပန္ေရာက္ၿပီး ေရပန္းေလးကိုဖြင့္လိုက္တဲ့ခ်ိန္မွာ ေျမေခြးေလးက ရပ္ေနၿပီး ေရေသာက္ေနတာ မၿပီးေတာ့ဘူး ” ဆိုၿပီး ေျပာျပခဲ့ပါတယ္ ။

သူမတို႔က Southwest Conservancy Center (SWCC) ကိုဖုန္းဆက္ အေၾကာင္းၾကားၿပီး ေျမေခြးေလးကို လံုလံုျခံဳျခံဳေစာင့္ေ႐ွာက္ထားေပးတဲ့အျပင္ ” Foxy” ဆိုတဲ့ နာမည္ကိုပါ ေပးခဲ့ၾကပါတယ္ ။ Rosalyn ကေတာ့ ” ေျမေခြးေလးကို ကတ္ထူေသတၱာထဲထည့္ၿပီး အဲ့ေနရာကိုကြၽန္မတို႔ျပန္သြားခဲ့တယ္ ၊ ဒါေပမဲ့အဲ့ေနရာမွာ ဘယ္ေျမေခြးကမွ ႐ွိမေနခဲ့လို႔ ေျမေခြးေလးကိုလက္နဲ႔လံုးဝမကိုင္ဘဲ ကြၽန္မတို႔ျပန္ေခၚလာခဲ့တာပါ ” ဆိုၿပီးေျပာျပခဲ့ပါတယ္ ။

ကံေကာင္းစြာနဲ႔ပဲ SWCC မွ ေခြးေလးရဲ႕အနာဂတ္အတြက္ ျပင္ဆင္ေပးထားၿပီး မၾကာခင္ ေတာထဲသို႔ျပန္လြတ္ေပးမည္ျဖစ္ေၾကာင္း သိ႐ွိရပါတယ္ ။ ကေလးငယ္ေတြအတြက္ကေတာ့ ေျမေခြးငယ္ေလးကို အနီးကပ္ျပဳစုေစာင့္ေ႐ွာက္ရလို႔ အေတာ္ေလးကိုဝမ္းသာေပ်ာ္ရႊင္ေနလ်က္႐ွိေနၾကပါတယ္ ။

Jasmine (Mckzone Daily)

Source: worldofbuzz

Unicode

Arizona ပြည်နယ် Tempe မြို့မှာနေထိုင်တဲ့ မိသားစုတစ်ခုရဲ့ ခွေးလေးတစ်ကောင်နောက်ကို မမျှော်လင့်ဘဲ မြေခွေးပေါက်စတစ်ကောင်လိုက်ပြန်လာခဲ့ပါတယ် ။ Dylan အမည်ရှိတဲ့ ကလေးမလေး နှင့်အတူ မောင်လေး Preston ၊ အဘွား Rosalyn တို့ဟာ သံလွင်သီးသွားခူးကြရင်း သူမတို့နဲ့အတူ တယ်ရီယာအမျိုးအစားခွေငယ်လေးက အတူလိုက်ပါခဲ့ပါတယ် ။ ထိုအချိန် 6ပတ်သားအရွယ်ခန့်သာရှိသေးတဲ့ မြေခွေးပေါက်စလေးဟာ သူမတို့ရဲ့ခွေးကလေးကို အမေလို့မှားယွင်းတွေးထင်မိခဲ့ပြီးနောက် သူမတို့နေအိမ်အထိလိုက်ပြန်လာခဲ့ပါတော့တယ် ။သူမတို့အိမ်ပြန်ရောက်တော့ မြေခွေးလေးက ရေအတော်ဆာနေမှန်ကို အဘွားဖြစ်သူ Rosalyn က သိရှိခဲ့ပြီး ” ကျွန်မတို့ 10 နာရီလောက်မှာ အိမ်ပြန်ရောက်ပြီး ရေပန်းလေးကိုဖွင့်လိုက်တဲ့ချိန်မှာ မြေခွေးလေးက ရပ်နေပြီး ရေသောက်နေတာ မပြီးတော့ဘူး ” ဆိုပြီး ပြောပြခဲ့ပါတယ် ။

သူမတို့က Southwest Conservancy Center (SWCC) ကိုဖုန်းဆက် အကြောင်းကြားပြီး မြေခွေးလေးကို လုံလုံခြုံခြုံစောင့်ရှောက်ထားပေးတဲ့အပြင် ” Foxy” ဆိုတဲ့ နာမည်ကိုပါ ပေးခဲ့ကြပါတယ် ။ Rosalyn ကတော့ ” မြေခွေးလေးကို ကတ်ထူသေတ္တာထဲထည့်ပြီး အဲ့နေရာကိုကျွန်မတို့ပြန်သွားခဲ့တယ် ၊ ဒါပေမဲ့အဲ့နေရာမှာ ဘယ်မြေခွေးကမှ ရှိမနေခဲ့လို့ မြေခွေးလေးကိုလက်နဲ့လုံးဝမကိုင်ဘဲ ကျွန်မတို့ပြန်ခေါ်လာခဲ့တာပါ ” ဆိုပြီးပြောပြခဲ့ပါတယ် ။

ကံကောင်းစွာနဲ့ပဲ SWCC မှ ခွေးလေးရဲ့အနာဂတ်အတွက် ပြင်ဆင်ပေးထားပြီး မကြာခင် တောထဲသို့ပြန်လွတ်ပေးမည်ဖြစ်ကြောင်း သိရှိရပါတယ် ။ ကလေးငယ်တွေအတွက်ကတော့ မြေခွေးငယ်လေးကို အနီးကပ်ပြုစုစောင့်ရှောက်ရလို့ အတော်လေးကိုဝမ်းသာပျော်ရွှင်နေလျက်ရှိနေကြပါတယ် ။

Jasmine (Mckzone Daily)

  • Leave a Comment