ပြီးခဲ့တဲ့ရက်ပိုင်းက ကမ္ဘောဒီးယားနိုင်ငံအတွင်းမှာဆိုရင် အင်မတန်ကြေကွဲစရာကောင်းတဲ့ အဖြစ်အပျက်လေးတစ်ခုဖြစ်ပွားခဲ့ပါတယ်။ဒီဖြစ်ရပ်လေးကတော့ နှစ်နှစ်အရွယ်သမီးလေးဟာ မီကျောင်းတွေမွေးမြူထားတဲ့ တွင်းထဲ ကျပြီး အရှင်လတ်လတ် မိကျောင်းစားတာ ခံလိုက်ရတဲ့ဖြစ်ရပ်လေးပဲဖြစ်ပါတယ်။
ဒီဖြစ်ရပ်ကို မြင်တွေ့လိုက်ရတဲ့ သမီးငယ်လေးရဲ့ ဖခင်ဖြစ်သူဟာဆိုရင်လည်း သမီးဆိုတဲ့စိတ်နဲ့ မိကျောင်းကန်ထဲကို ခုန်ဆင်းပြီး သမီးလေးကို ကယ်တင်ဖို့ကျိုးစားခဲ့ပါသေးတယ်။
သို့ပေမယ့် သူကယ်တင်ဖို့ဆင်းသွားတဲ့အချိန်မှာ မီကျောင်းတွေကိုက်စားလို့ သမီးလေးရဲ့ခန္ဓာကိုယ်ဟာ တစစီဖြစ်နေပြီး ဦးခေါင်းသာ ကျန်ရှိပါတော့တယ်။
ဒါ့ကြောင့် ဖခင်ဖြစ်သူကိုယ်တိုင်လည်း မိကျောင်းတွေလက်ထဲက သမီးလေးရဲ့ခေါင်းကိုလုကာ အပေါ်ကိုရအောင်ပြန်တက်လာခဲ့ရပါတယ်။
မိခင်ဖြစ်သူအမျိုးသမီးဟာဆိုရင်လည်း သူ့မျက်စိရှေ့ကိုရောက်လာတဲ့ သမီးလေးရဲ့ခေါင်းကို ကြည့်ပြီး ဖြေမဆည်နိုင်ဖြစ်ကာ သတိမေ့မျောသွားမလိုတောင် ဖြစ်ခဲ့ရပါတယ်။
ဒါ့အပြင် ကျန်ရှိနေသေးတဲ့ သမီးခေါင်းကို ရင်မှာပိုက်ပြီး ရှိက်ကြီးတငင် ငိုကြွေးနေတာကို မြင်ရရုံနဲ့ ပရိသတ်တွေလည်း သူမရင်ထဲက ပူဆွေးသောကတွေကို မြင်နိုင်လိမ့်မယ်လို့ ထင်ပါတယ်။
source – myanmarload.com
Be the first to comment on "မိကျောင်းတွေစားလို့ကျန်တဲ့ သမီးလေးရဲ့ခေါင်းကိုရင်ဝယ်ပိုက်ပြီး ရှိက်ကြီးတငင် ငိုကြွေးနေတဲ့ မိခင်"