ချစ်သူမိန်းကလေးက နားကိုခပ်ကြမ်းကြမ်းဖက်နမ်းပစ်လိုက်လို့ နားစည်ကွဲသွားခဲ့တဲ့ အမျိုးသား (ရုပ် / သံ)




Jasmine (Mckzone Daily)

Source: worldofbuzz

Unicode

တရုတ်နိုင်ငံကအမျိုးသမီးတစ်ယောက်ဟာ သူမချစ်သူ၏နားကို ခပ်ကြမ်းကြမ်းဖက်နမ်းပစ်လိုက်လို့ အမျိုးသားမှာနားစည်ကွဲသွားခဲ့ရပါတယ် ။ အမျိုးသားကနားမှာအမှန်တကယ်ကိုအတော်လေးနာကျင်းနေတယ်လို့ ညည်းညူ ခဲ့ချိန်မှာတော့ စုံတွဲနှစ်ယောက်လုံး Changcha မြို့ကဆေးရုံသို့ အလျင်အမြန်သွားရောက်စစ်ဆေးခဲ့ကြပါတယ် ။ အစပိုင်းမှာတော့ အဆိုပါအဖြစ်အပျက်ကို ဆရာဝန်အားပြောပြဖို့အတော်လေး ရှက်နေခဲ့ကြပေမယ့်လည်း မေးခွန်းတွေများစွာစစ်မေးပြီးတဲ့အချိန်မှာတော့ ချစ်သူကောင်မလေးကစိတ်လိုက်မာန်ပါအမျိုးသား၏နားကို နမ်းပစ်ခဲ့၍ ဒဏ်ရာရရှိခဲ့ခြင်းဖြစ်ကြောင်း ထွက်ဆိုခဲ့ကြပါတယ် ။

ဆရာဝန်ကတော့ အဆိုပါအနမ်းကြောင့် နားစည်ကွဲသွားခဲ့ခြင်းဖြစ်ကြောင်း ယူဆခဲ့ပါတယ် ။ထို့အပြင် နားစည်၏အထူမှာ 0.1 mm သာရှိသည့်အတွက် နားကိုခပ်ကြမ်းကြမ်းအနမ်းပေးခြင်းမျိုးကို ရှောင်ကျဉ်သင့်ကြောင့် ဆရာဝန်မှရှင်းပြခဲ့ပါတယ် ။

နားစည်ကွဲသွားတယ်ဆိုတာက နားရဲ့အလယ်ပိုင်ကိုအကန့်လေးနဲ့ခွဲခြားထားပေးတဲ့ တစ်ရှူ းအသားစလေးက ပေါက်ထွက်သွားလို့ ဒါမှမဟုတ် ပြဲထွက်သွားလို့ပါ ။ အကြားအာရုံမပျောက်ကွယ်ခင်အချိန်မှာ နားရဲ့အလယ်ပိုင်းဟာ နားကျင်ခြင်းမျိုးကိုအရင်ဖြစ်ပေါ်စေပါတယ် ။ ကံကောင်းထောက်မစွာနဲ့ပဲအဆိုပါစုံတွဲဟာ ဆေးကုသမှုမခံယူခဲ့ရဘဲ နားစည်ပေါက်ကွဲတာသက်သာသွားဖို့ ရက်အနည်းငယ်သာကြာမြင့်ခဲ့ကြောင့် သိရှိရပါတယ် ။

Jasmine (Mckzone Daily)

Be the first to comment on "ချစ်သူမိန်းကလေးက နားကိုခပ်ကြမ်းကြမ်းဖက်နမ်းပစ်လိုက်လို့ နားစည်ကွဲသွားခဲ့တဲ့ အမျိုးသား (ရုပ် / သံ)"

Leave a comment

Your email address will not be published.


*