ကြံ့ခိုင်သန်မာလွန်းတဲ့ လက်ဝှေ့စွမ်းရည်တွေကို ထုတ်ဖော်ပြခဲ့လို့ နာမည်ကြီးနေခဲ့တဲ့ 75 နှစ်အရွယ်အဘိုးအို (ရုပ်သံ)



Jasmine (Mckzone Daily)

Source: worldofbuzz

Unicode

အားကစားတွေထဲမှာဆိုရင် လက်ဝှေ့ဟာ ယောင်္ကျားတွေအတော်များများကြိုက်နှစ်သက်ကြတဲ့ အားကစားဖြစ်ပြီး ၊ ကိုယ့်ကို အန္တရာယ်ကနေလွတ်မြောက်နိုင်အောင် ခုခံကာကွယ်ပေးနိုင်တဲ့အားကစားလည်း ဖြစ်ပါတယ် ။ လက်ဝှေ့အားကစားသမားတွေဟာ အသက်အရွယ်ဘယ်လောက်ပဲ ကြီးရင့်နေပါစေ အမြဲကြံ့ခိုင်တက်ကြွလွန်းတာကို ယခုဖော်ပြမဲ့ 75 နှစ်အရွယ် အဘိုးအိုရဲ့ video က သက်သေပြနေပါတယ် ။ Patrick Devellerez အမည်ရှိတဲ့အဘိုးအိုဟာ အသက်ငယ်ရွယ်စဉ်အချိန်က အတော်ကိုလေ့ကျင့်သင်ကြားခဲ့ပုံရပါတယ် ။

ဘာလို့လည်းဆိုတော့ အဘိုးအိုဟာ 30စက္ကန့်လောက်ကို မရပ်မနားဘဲ ပေါ့ပါသွက်လက်လွန်းတဲ့လက်သီးတွေနဲ့ ထိုးကြိတ်ပြသခဲ့တာပါ ။ 75နှစ်အရွယ် လက်ဝှေ့သမားဟောင်း Patrick ကတော့ ယခုအချိန်ထိ ထိုးကြိတ်နိုင်တုန်းဖြစ်ပါတယ် ။ အဆိုပါ video ကိုကြည့်ရှုသူပေါင်း အမြောက်အများရှိခဲ့ပြီး ၊ အသက်အရွယ်ကြီးရင့်နေပေမဲ့ လက်ဝှေ့စွမ်းရည်က အရင်တိုင်းကောင်းနေဆဲဖြစ်လို့ လူအတော်အများက အံ့သြချီးကျူးခဲ့ကြပါတယ် ။

Jasmine (Mckzone Daily)

  • Leave a Comment