အစားအေသာက္မမွာယူခင္ ဆိုင္ေ႐ွ႕မွာအရင္ဦးဆံုး ကိုယ္အေလးခ်ိန္ ခ်ိန္ခိုင္းခဲ့တဲ့ စားေသာက္ဆိုင္ (႐ုပ္သံ)

တ႐ုတ္ႏိုင္ငံ ၊ Hunan ျပည္နယ္မွာ႐ွိတဲ့ စားေသာက္ဆိုင္တစ္ဆိုင္ဟာ ဆိုင္သို႔ေရာက္႐ွိလာတဲ့ customer ေတြကို အစားအေသာက္ဘယ္ေလာက္ဝန္းက်င္မွာယူသင့္သလဲဆိုတဲ့ အရင္ဆံုးကိုယ္အေလးခ်ိန္ ခ်ိန္ခိုင္းၿပီးမွ မွာယူခိုင္းခဲ့လို႔ဆိုၿပီး social media ေပၚမွာ ျပန္လည္ေတာင္းပန္ခဲ့ရပါတယ္ ။ ၿပီးခဲ့တဲ့ August 13 ရက္ေန႔က Changsha ၿမိဳ႕မွာ႐ွိတဲ့ Chuiyan Fried Beef စားေသာက္ဆိုင္ဟာ ဆိုင္အျပင္ဖက္မွာ႐ွိတဲ့ ဝိတ္ခ်ိန္စက္ကို ျပန္ဖယ္ထုတ္ခဲ့ရလို႔ online ေပၚမွာ အေတာ္ေလးလူစိတ္ဝင္စားမႈ ရ႐ွိခဲ့ပါတယ္ ။

အေလးခ်ိန္စက္အနီးမွာေတာ့ ကိုယ့္ရဲ႕ကိုယ္အေလးခ်ိန္နဲ႔ ပက္သက္ၿပီး အစားအေသာက္မည္မ်ွဝန္းက်င္မွာယူသင့္ေၾကာင္းစတဲ့ အၾကံေပးထားတဲ့ ဆိုင္းဘတ္ငယ္ေလးကို ေထာင္ထားပါတယ္ ။ ဥပမာေျပာရရင္ မိန္းကေလးတစ္ေယာက္က ကိုယ္အေလးခ်ိန္ဟာ ကိုယ္အေလးခ်ိန္ဟာ40kg ဝန္းက်င္ေလာက္႐ွိေနခဲ့မယ္ဆိုရင္ ဟင္းပြဲ 2မ်ိဳးခန္႔မွာယူသင့္ၿပီး ၊ ေယာက်ၤားေလးတစ္ေယာက္ ကိုယ္အေလးခ်ိန္ 70-80 kg ဝန္းက်င္ခန္႔႐ွိပါက ဟင္းပြဲ 3ပြဲခန္႔မွာယူသင့္ေၾကာင္း အၾကံေပးထားတာပါ ။ ယခုလိုနည္းလမ္းမ်ိဳးနဲ႔ Customer ေတြကို မိတ္ဆတ္ေပးရတာကလည္း တ႐ုတ္ႏိုင္ငံဟာ အစားအေသာက္ကို ျဖဳန္းတီးၿပီး စြန္႔ပစ္ေနမႈဟာ အေတာ္ေလးကိုျမင့္မားလာလို႔ တ႐ုတ္သမၼတ Xi Jinping က အေရးယူမႈမ်ား စတင္​ေဆာင္ရြက္ေန၍ျဖစ္ေၾကာင္း ဆိုင္ပိုင္႐ွင္က ျပန္လည္ေျဖ႐ွင္းခဲ့ပါတယ္ ။

ဆိုင္ပိုင္႐ွင္ကေတာ့ ” ကြၽန္ေတာ္တို႔ရဲ႕ ရည္ရြယ္ခ်က္က အစားအေသာက္ေတြ အလဟႆမျဖစ္ေအာင္ပါ ၊ Customer ေတြကိုလည္း ကိုယ္အေလးခ်ိန္ ခ်ိန္ဖို႔အတင္းမတိုက္တြန္းရပါဘူး ၊ မိန္းကေလးအေတာ္မ်ားမ်ားက သူတို႔ဘာသာကိုယ္အေလးခ်ိန္ ခ်ိန္ပါတယ္ ၊ သူတို႔ရဲ႕ body weight ကို ဖုန္းေတြဆီကိုသာ ပို႔ေပးခဲ့လို႔ သူတို႔ရဲ႕ကိုယ္ေရးကိုယ္တာ privacy ကို ခ်ိဳးေဖာက္တာမ်ိဳး မ႐ွိပါဘူး ” ဆိုၿပီး ႐ွင္းျပခဲ့ပါတယ္ ။ သို႔ေပမဲ့ ယခုလိုကိစၥနဲ႔ပက္သက္ၿပီး စိတ္အေႏွာက္အယွက္ျဖစ္ခဲ့ၾကရင္လည္း ေလးေလးနက္နက္ေတာင္းပန္ေၾကာင္း ျပန္လည္ေျပာဆိုခဲ့ပါတယ္ ။

Jasmine (Mckzone Daily)

Source: nextshark

Unicode

တရုတ်နိုင်ငံ ၊ Hunan ပြည်နယ်မှာရှိတဲ့ စားသောက်ဆိုင်တစ်ဆိုင်ဟာ ဆိုင်သို့ရောက်ရှိလာတဲ့ customer တွေကို အစားအသောက်ဘယ်လောက်ဝန်းကျင်မှာယူသင့်သလဲဆိုတဲ့ အရင်ဆုံးကိုယ်အလေးချိန် ချိန်ခိုင်းပြီးမှ မှာယူခိုင်းခဲ့လို့ဆိုပြီး social media ပေါ်မှာ ပြန်လည်တောင်းပန်ခဲ့ရပါတယ် ။ ပြီးခဲ့တဲ့ August 13 ရက်နေ့က Changsha မြို့မှာရှိတဲ့ Chuiyan Fried Beef စားသောက်ဆိုင်ဟာ ဆိုင်အပြင်ဖက်မှာရှိတဲ့ ဝိတ်ချိန်စက်ကို ပြန်ဖယ်ထုတ်ခဲ့ရလို့ online ပေါ်မှာ အတော်လေးလူစိတ်ဝင်စားမှု ရရှိခဲ့ပါတယ် ။

အလေးချိန်စက်အနီးမှာတော့ ကိုယ့်ရဲ့ကိုယ်အလေးချိန်နဲ့ ပက်သက်ပြီး အစားအသောက်မည်မျှဝန်းကျင်မှာယူသင့်ကြောင်းစတဲ့ အကြံပေးထားတဲ့ ဆိုင်းဘတ်ငယ်လေးကို ထောင်ထားပါတယ် ။ ဥပမာပြောရရင် မိန်းကလေးတစ်ယောက်က ကိုယ်အလေးချိန်ဟာ ကိုယ်အလေးချိန်ဟာ40kg ဝန်းကျင်လောက်ရှိနေခဲ့မယ်ဆိုရင် ဟင်းပွဲ 2မျိုးခန့်မှာယူသင့်ပြီး ၊ ယောင်္ကျားလေးတစ်ယောက် ကိုယ်အလေးချိန် 70-80 kg ဝန်းကျင်ခန့်ရှိပါက ဟင်းပွဲ 3ပွဲခန့်မှာယူသင့်ကြောင်း အကြံပေးထားတာပါ ။ ယခုလိုနည်းလမ်းမျိုးနဲ့ Customer တွေကို မိတ်ဆတ်ပေးရတာကလည်း တရုတ်နိုင်ငံဟာ အစားအသောက်ကို ဖြုန်းတီးပြီး စွန့်ပစ်နေမှုဟာ အတော်လေးကိုမြင့်မားလာလို့ တရုတ်သမ္မတ Xi Jinping က အရေးယူမှုများ စတင်ဆောင်ရွက်နေ၍ဖြစ်ကြောင်း ဆိုင်ပိုင်ရှင်က ပြန်လည်ဖြေရှင်းခဲ့ပါတယ် ။

ဆိုင်ပိုင်ရှင်ကတော့ ” ကျွန်တော်တို့ရဲ့ ရည်ရွယ်ချက်က အစားအသောက်တွေ အလဟဿမဖြစ်အောင်ပါ ၊ Customer တွေကိုလည်း ကိုယ်အလေးချိန် ချိန်ဖို့အတင်းမတိုက်တွန်းရပါဘူး ၊ မိန်းကလေးအတော်များများက သူတို့ဘာသာကိုယ်အလေးချိန် ချိန်ပါတယ် ၊ သူတို့ရဲ့ body weight ကို ဖုန်းတွေဆီကိုသာ ပို့ပေးခဲ့လို့ သူတို့ရဲ့ကိုယ်ရေးကိုယ်တာ privacy ကို ချိုးဖောက်တာမျိုး မရှိပါဘူး ” ဆိုပြီး ရှင်းပြခဲ့ပါတယ် ။ သို့ပေမဲ့ ယခုလိုကိစ္စနဲ့ပက်သက်ပြီး စိတ်အနှောက်အယှက်ဖြစ်ခဲ့ကြရင်လည်း လေးလေးနက်နက်တောင်းပန်ကြောင်း ပြန်လည်ပြောဆိုခဲ့ပါတယ် ။

Jasmine (Mckzone Daily)

  • Leave a Comment