ေနအရမ္းပူတဲ့ေန႔ေတြမွာ ကားထဲေရဘူးထားခဲ့ျခင္းက မီးေလာင္ကြၽမ္းမႈျဖစ္ေပၚေစႏိုင္တဲ့ (႐ုပ္/သံ)

ရာသီဥတုပူေနတဲ့ အခ်ိန္မ်ိဳးမွာ ကားထဲမွာအခ်ိန္အေတာ္ၾကာထားရစ္ခဲ့ၾကတဲ့ ေရသန္႔ဘူးထဲမွ ေရမ်ားကိုမေသာက္ၾကဖို႔အတြက္ အခ်င္းခ်င္းအျမဲသတိေပးေနမိၾကမွာပါ ။ သို႔ေပမဲ့လည္း ရာသီဥတုပူတဲ့ေန႔မ်ိဳးမွာဆိုရင္ ေနာက္ထပ္ကားေပၚမွာေရသန္႔ဘူးမထားရစ္ခဲ့သင့္တဲ့ အေၾကာင္းအရာတစ္ခုကေတာ့ မီးေလာင္ကြၽမ္းမႈျဖစ္ေပၚႏိုင္ေစလို႔ပါ ။ ေရသန္႔ဘူးေလးထဲမွာ႐ွိေနတဲ့ ေရေတြဟာ ဖန္ခြက္ကဲ့သို႔ ေနေျပာက္ကိုဆံုခ်က္အေနနဲ႔စုဆံုေစၿပီး ကားရဲ႕ဖင္ထိုင္ခံုေတြအေပၚမွာတင္ထားလိုက္မယ္ဆိုရင္ေတာ့ မီးေတာက္ေလာင္ကြၽမ္းမႈကိုျဖစ္ေပၚေစမွာပါ ။ US မွဘက္ထရီနည္ပညာ႐ွင္တစ္ဦးက သူ၏အေတြ႔အၾကံဳကိုေျပာျပခဲ့ရာမွာေတာ့ ကားထဲမွာထိုင္ေနတုန္း ကား၏အေ႐ွ႕ဖက္ထိုင္ခံုမွ မီးခိုးေငြ႔မ်ားထြက္ေနခဲ့သည္ကို ေတြ႔႐ွိသြားခဲ့ပါတယ္ ။ထို႔ေနာက္ စစ္ေဆးၾကည့္လိုက္တဲ့အခ်ိန္မွာေတာ့ ေနေရာင္ျခည္ဟာေရသန္႔ဘူးကို ထိမွန္ၿပီးေနာက္ ထိုင္ခံုေပၚတြင္မီးေလာင္ကြၽမ္းထားသည့္အေပါက္ေလး ႏွစ္ခုျဖစ္သြားခဲ့ျခင္းျဖစ္ပါတယ္ ။မီးသတ္ဌာနမွ စမ္းသပ္မႈေတြျပဳလုပ္ၿပီးခ်ိန္မွာေတာ့ မီးေလာင္ကြၽမ္းမႈျဖစ္ႏိုင္တဲ့အေျခအေနဟာမ်ားျပားၿပီး အႏၱရာယ္႐ွိႏိုင္ေသာအေျခအေနမ်ိဳးတြင္ပါ႐ွိႏိုင္ေၾကာင္း စမ္းသပ္ေလ့လာေတြ႔႐ွိခဲ့ပါတယ္ ။

ထို႔ေၾကာင့္ ေနေရာင္ျခည္ႏွင့္ အပူခ်ိန္ျမင့္မားေသာ ျမန္မာႏိုင္ငံတြင္လည္းျဖစ္ပြားႏိုင္ပါတယ္ ။ လက္႐ွိမွာေတာ့ ကားထဲေရဘူးထားခဲ့လို႔ မီးေလာင္ကြၽမ္းမႈျဖစ္ပြားခဲ့တဲ့ႏႈန္းထားက နည္းေနေသးေပမယ့္လည္း ႀကိဳတင္သိ႐ိွၿပီးသတိထားသင့္တဲ့အေျခအေနမ်ိဳးျဖစ္ပါတယ္ ။

အထူးသျဖင့္ ကားေပၚမွာပစၥည္းအမ်ားအျပားထား႐ွိတတ္ၾကတာမ်ိဴ း စာရြက္စာတမ္းမ်ား ဒါမွမဟုတ္ ေခါင္းအံုးအေသးေလးမ်ား စသည့္အရာမ်ားက မီးေလာင္ကြၽမ္းမႈကိုပိုမိုၿပီးျမန္ဆန္ေစပါတယ္ ။ ထို႔ေၾကာင့္ ကားကိုသန္႔႐ွင္းေရးလုပ္ေတာ့မယ္ဆိုရင္ မလိုလားအပ္တဲ့ပစၥည္းမ်ားကို ႐ွင္းထုတ္ပစ္လိုက္ျခင္းက အႏၱရာယ္ပိုကင္းၿပီး မီးေလာင္ကြၽမ္းမႈကို ေလ်ာ့နည္းေစႏိုင္ပါတယ္ ။

Jasmine (Mckzone Daily)

Source: worldofbuzz

Unicode

ရာသီဥတုပူနေတဲ့ အချိန်မျိုးမှာ ကားထဲမှာအချိန်အတော်ကြာထားရစ်ခဲ့ကြတဲ့ ရေသန့်ဘူးထဲမှ ရေများကိုမသောက်ကြဖို့အတွက် အချင်းချင်းအမြဲသတိပေးနေမိကြမှာပါ ။ သို့ပေမဲ့လည်း ရာသီဥတုပူတဲ့နေ့မျိုးမှာဆိုရင် နောက်ထပ်ကားပေါ်မှာရေသန့်ဘူးမထားရစ်ခဲ့သင့်တဲ့ အကြောင်းအရာတစ်ခုကတော့ မီးလောင်ကျွမ်းမှုဖြစ်ပေါ်နိုင်စေလို့ပါ ။ ရေသန့်ဘူးလေးထဲမှာရှိနေတဲ့ ရေတွေဟာ ဖန်ခွက်ကဲ့သို့ နေပြောက်ကိုဆုံချက်အနေနဲ့စုဆုံစေပြီး ကားရဲ့ဖင်ထိုင်ခုံတွေအပေါ်မှာတင်ထားလိုက်မယ်ဆိုရင်တော့ မီးတောက်လောင်ကျွမ်းမှုကိုဖြစ်ပေါ်စေမှာပါ ။ US မှဘက်ထရီနည်ပညာရှင်တစ်ဦးက သူ၏အတွေ့အကြုံကိုပြောပြခဲ့ရာမှာတော့ ကားထဲမှာထိုင်နေတုန်း ကား၏အရှေ့ဖက်ထိုင်ခုံမှ မီးခိုးငွေ့များထွက်နေခဲ့သည်ကို တွေ့ရှိသွားခဲ့ပါတယ် ။ထို့နောက် စစ်ဆေးကြည့်လိုက်တဲ့အချိန်မှာတော့ နေရောင်ခြည်ဟာရေသန့်ဘူးကို ထိမှန်ပြီးနောက် ထိုင်ခုံပေါ်တွင်မီးလောင်ကျွမ်းထားသည့်အပေါက်လေး နှစ်ခုဖြစ်သွားခဲ့ခြင်းဖြစ်ပါတယ် ။မီးသတ်ဌာနမှ စမ်းသပ်မှုတွေပြုလုပ်ပြီးချိန်မှာတော့ မီးလောင်ကျွမ်းမှုဖြစ်နိုင်တဲ့အခြေအနေဟာများပြားပြီး အန္တရာယ်ရှိနိုင်သောအခြေအနေမျိုးတွင်ပါရှိနိုင်ကြောင်း စမ်းသပ်လေ့လာတွေ့ရှိခဲ့ပါတယ် ။

ထို့ကြောင့် နေရောင်ခြည်နှင့် အပူချိန်မြင့်မားသော မြန်မာနိုင်ငံတွင်လည်းဖြစ်ပွားနိုင်ပါတယ် ။ လက်ရှိမှာတော့ ကားထဲရေဘူးထားခဲ့လို့ မီးလောင်ကျွမ်းမှုဖြစ်ပွားခဲ့တဲ့နှုန်းထားက နည်းနေသေးပေမယ့်လည်း ကြိုတင်သိရှိပြီးသတိထားသင့်တဲ့အခြေအနေမျိုးဖြစ်ပါတယ် ။

အထူးသဖြင့် ကားပေါ်မှာပစ္စည်းအများအပြားထားရှိတတ်ကြတာမျိူ း စာရွက်စာတမ်းများ ဒါမှမဟုတ် ခေါင်းအုံးအသေးလေးများ စသည့်အရာများက မီးလောင်ကျွမ်းမှုကိုပိုမိုပြီးမြန်ဆန်စေပါတယ် ။ ထို့ကြောင့် ကားကိုသန့်ရှင်းရေးလုပ်တော့မယ်ဆိုရင် မလိုလားအပ်တဲ့ပစ္စည်းများကို ရှင်းထုတ်ပစ်လိုက်ခြင်းက အန္တရာယ်ပိုကင်းပြီး မီးလောင်ကျွမ်းမှုကို လျော့နည်းစေနိုင်ပါတယ် ။

Jasmine (Mckzone Daily)

Be the first to comment on "ေနအရမ္းပူတဲ့ေန႔ေတြမွာ ကားထဲေရဘူးထားခဲ့ျခင္းက မီးေလာင္ကြၽမ္းမႈျဖစ္ေပၚေစႏိုင္တဲ့ (႐ုပ္/သံ)"

Leave a comment

Your email address will not be published.


*