လူေနအိမ္ပုတင္ေပါက္အထိသြားၿပီး စပ္စုကာေခ်ာင္းၾကည့္ေနခဲ့လို႔ ဝက္ဝံမႀကီးဆီမွာ အဆူခံခဲ့ရတဲ့ ဝက္ဝံေပါက္စေလး (႐ုပ္သံ)

ၿပီးခဲ့တဲ့ရက္ပိုင္းေလာက္က North Carolina ျပည္နယ္မွာေနထိုင္တဲ့ Sumer Walser Williams အမည္႐ွိတဲ့အမ်ိဳးသမီး နဲ႔ သူမရဲ႕ခင္ပြန္းတို႔ဟာ အိပ္ေမာက်ေနခဲ့ေပမဲ့ ဆူညံလြန္းတဲ့အသံတစ္စံုတစ္ခုေၾကာင့္ႏိုးထလာခဲ့ၿပီး လွမ္းၾကည့္လိုက္ခ်ိန္မွာေတာ့ ဝက္ဝံေပါက္စေလးျဖစ္ေနခဲ့ပါတယ္ ။ Williams နဲ႔ ခင္ပြန္းျဖစ္သူတို႔ဟာ သူမတို႔ရဲ႕မ်က္လံုးကိုမယံုႏိုင္ေလာက္ေအာင္ အံ့ၾသခဲ့ၾကၿပီး ဝက္ဝံေလးရဲ႕ ပုတင္း​ေပါက္ကေနအိမ္အတြင္းဖက္ေခ်ာင္းၾကည့္ေနတာကို သူမတို႔က တိတ္တဆိတ္ရန္မမူပဲ ေစာင့္ၾကည့္ေနခဲ့ၾကတာပါ ။ မၾကာခင္မွာပဲ ဝက္ဝံမႀကီးကေရာက္႐ွိလာၿပီး လူေတြေနတဲ့ေနရာကို စပ္စုၿပီးေရာက္လာခဲ့တဲ့ ဝက္ဝံငယ္ေလးကို ဆူဆဲေနပါေတာ့တယ္ ။

Willion ကလည္း ကေလးႏွစ္ေယာက္ရဲ႕မိခင္ျဖစ္ေနခဲ့တဲ့အတြက္ ဝက္ဝံမႀကီးက ဝက္ဝံေပါက္စေလးအေပၚျပဳမႈဆက္ဆံေနတာကို သူမအျပည့္အဝနားလည္ႏိုင္ေၾကာင္း ေျပာျပသြားခဲ့ပါတယ္ ။ ” ဒါကေတာ့ ကြၽန္မကေလးေတြနဲ႔ ျပဳလုပ္ေနတဲ့ ေန႔စဥ္အျဖစ္အပ်က္လိုပါပဲ ၊ video ကိုပိုၿပီးၾကည့္ေကာင္းေစတာကလဲ ဒီအခ်က္ေၾကာင့္ပါပဲ ၊ မ်ိဳးစိတ္ျခင္းမတူၾကေပမဲ့ မိဘေတြရဲ႕တာဝန္ဝတၱရားကအတူတူပဲဆိုတာ ေဖာ္ျပေနသလိုပါပဲ ” ဆိုၿပီးေတာ့ Williams က ႐ွင္းျပသြားခဲ့ပါတယ္ ။

မိခင္ဝက္ဝံမႀကီးက ” လူေတြကို သြားမေႏွာင့္ယွက္ဖို႔ ငါနင့္ကိုအႀကိမ္ႀကိမ္ေျပာထားရဲ႕သားနဲ႔ ” ဆိုတဲ့ပံုစံမ်ိဳးနဲ႔ ဝက္ဝံေပါက္စေလးကို ဆူဆဲေနပံုရပါတယ္ ။ ဝက္ဝံေပါက္စေလးလည္း ေနာက္ထပ္မစပ္စုေတာ့ဖို႔ သင္ခန္းစာရသြားပံုပါပဲ ဆိုၿပီး Williams ကေျပာျပသြားခဲ့ပါတယ္ ။

Jasmine (Mckzone Daily)

Source: boredpanda

Unicode

ပြီးခဲ့တဲ့ရက်ပိုင်းလောက်က North Carolina ပြည်နယ်မှာနေထိုင်တဲ့ Sumer Walser Williams အမည်ရှိတဲ့အမျိုးသမီး နဲ့ သူမရဲ့ခင်ပွန်းတို့ဟာ အိပ်မောကျနေခဲ့ပေမဲ့ ဆူညံလွန်းတဲ့အသံတစ်စုံတစ်ခုကြောင့်နိုးထလာခဲ့ပြီး လှမ်းကြည့်လိုက်ချိန်မှာတော့ ဝက်ဝံပေါက်စလေးဖြစ်နေခဲ့ပါတယ် ။ Williams နဲ့ ခင်ပွန်းဖြစ်သူတို့ဟာ သူမတို့ရဲ့မျက်လုံးကိုမယုံနိုင်လောက်အောင် အံ့သြခဲ့ကြပြီး ဝက်ဝံလေးရဲ့ ပုတင်းပေါက်ကနေအိမ်အတွင်းဖက်ချောင်းကြည့်နေတာကို သူမတို့က တိတ်တဆိတ်ရန်မမူပဲ စောင့်ကြည့်နေခဲ့ကြတာပါ ။ မကြာခင်မှာပဲ ဝက်ဝံမကြီးကရောက်ရှိလာပြီး လူတွေနေတဲ့နေရာကို စပ်စုပြီးရောက်လာခဲ့တဲ့ ဝက်ဝံငယ်လေးကို ဆူဆဲနေပါတော့တယ် ။

Willion ကလည်း ကလေးနှစ်ယောက်ရဲ့မိခင်ဖြစ်နေခဲ့တဲ့အတွက် ဝက်ဝံမကြီးက ဝက်ဝံပေါက်စလေးအပေါ်ပြုမှုဆက်ဆံနေတာကို သူမအပြည့်အဝနားလည်နိုင်ကြောင်း ပြောပြသွားခဲ့ပါတယ် ။ ” ဒါကတော့ ကျွန်မကလေးတွေနဲ့ ပြုလုပ်နေတဲ့ နေ့စဉ်အဖြစ်အပျက်လိုပါပဲ ၊ video ကိုပိုပြီးကြည့်ကောင်းစေတာကလဲ ဒီအချက်ကြောင့်ပါပဲ ၊ မျိုးစိတ်ခြင်းမတူကြပေမဲ့ မိဘတွေရဲ့တာဝန်ဝတ္တရားကအတူတူပဲဆိုတာ ဖော်ပြနေသလိုပါပဲ ” ဆိုပြီးတော့ Williams က ရှင်းပြသွားခဲ့ပါတယ် ။

မိခင်ဝက်ဝံမကြီးက ” လူတွေကို သွားမနှောင့်ယှက်ဖို့ ငါနင့်ကိုအကြိမ်ကြိမ်ပြောထားရဲ့သားနဲ့ ” ဆိုတဲ့ပုံစံမျိုးနဲ့ ဝက်ဝံပေါက်စလေးကို ဆူဆဲနေပုံရပါတယ် ။ ဝက်ဝံပေါက်စလေးလည်း နောက်ထပ်မစပ်စုတော့ဖို့ သင်ခန်းစာရသွားပုံပါပဲ ဆိုပြီး Williams ကပြောပြသွားခဲ့ပါတယ် ။

Jasmine (Mckzone Daily)

  • Leave a Comment