Covid – 19 ကူးစက္ပ်ံ့ႏွံ႔မႈကိုထိန္းခ်ဳပ္ႏိုင္ေအာင္ စြန္႔ပစ္ထားတဲ့ mask အေဟာင္းေတြကို ေန႔စဥ္လိုက္လံေကာက္ယူသိမ္းဆည္းေပးေနတဲ့ ေမာင္ႏွမ

ယခုလို ကူးစက္ေရာဂါမ်ိဳးျဖစ္ေနခ်ိန္ အခ်ိဳ႕တစ္ကိုယ္ေကာင္းဆန္လြန္းတဲ့သူေတြဟာ Quarantine ေနရမွာ သိသိရက္နဲ႔ လူစည္းကားတဲ့ေနရာမ်ိဳးလွည့္ပတ္သြားလာေနတာမ်ိဳး ျပဳလုပ္ေနလ်က္႐ွိပါတယ္ ။ သို႔ေပမဲ့လည္း မေလး႐ွားႏိုင္ငံ Penang က ေမာင္ႏွမႏွစ္ေယာက္ကေတာ့ ၎တို႔တိုင္းျပည္အတြက္ သက္ႏိုင္သေလာက္ အေကာင္းဆံုးနည္းလမ္းကေန ကူညီေပးေနလ်က္႐ွိပါတယ္ ။ Vasugi Ramasamy ႏွင့္ သူမ၏ေမာင္ေလး Suriya Kuppusamy တို႔ဟာ သူမတို႔ေနအိမ္ရဲ႕ အနီးပတ္ဝန္းက်င္တစ္ေလ်ွာက္ လမ္းေဘးေတြမွာ စြန္႔ပစ္ထားတဲ့ အသံုးျပဳၿပီးသား mask ေတြကို လိုက္လံသိမ္းဆည္းေပးေနလ်က္႐ွိပါတယ္ ။ ဒီလိုေရာဂါျဖစ္ေနခ်ိန္ ပိုးမႊားေတြ ၊ ဘတ္တီးရီးယား ေတြ ၊ ဗိုင္းရပ္စ္ေတြ ေပါက္ဖြားမႈမ႐ွိေအာင္ရည္ရြယ္ၿပီး သူမတို႔ရဲ႕အစီအစဥ္ကို ၿပီးခဲ့တဲ့ August 17 ရက္ေန႔ကစၿပီး လုပ္ေဆာင္ခဲ့တာျဖစ္ပါတယ္ ။

” သူငယ္ခ်င္းတို႔ေရ အသံုးျပဳၿပီးသား mask ကိုဘယ္ေနရာမွာျဖစ္ျဖစ္ စြန္႔ပစ္မယ္ဆိုရင္ စဥ္းစားပါအံုး ၊ လူႀကီးေတြ ၿပီးေတာ့ ငါတို႔ရဲ႕ကေလးငယ္ေတြက က်န္းမာေရးေကာင္းရဲ့လား ၊ သူတို႔ရဲ႕ကိုယ္ခံအားေတြက ေကာင္းရဲ့လား ဆိုတာကို ငါတို႔မသိႏိုင္ပါဘူး ။ ၿပီးေတာ့ သူတို႔ေတြကပဲ Covid-19 ကူးစက္ခံရႏိုင္တဲ့ ပထမဆံုးေသာသူေတြျဖစ္ႏိုင္လို႔ပါပဲ ” ဆိုၿပီး Vasugi ကေရးသားခဲ့ပါတယ္ ။

ေရာဂါကာကြယ္ရန္ တစ္ကိုယ္ေရသန္႔႐ွင္းေရး ႏွင့္ ပတ္ဝန္းက်င္သန္႔႐ွင္းေရးတို႔ဟာ အဓိကျဖစ္တဲ့အတြက္ အားလံုးေသာလူသားတိုင္းမွာ တာဝန္႐ွိေၾကာင္း သူမကေျပာဆိုခဲ့ပါတယ္ ။ သူမေဝမ်ွခဲ့တဲ့ post ေၾကာင့္ လူအေတာ္အမ်ားကလည္း mask ကို အလြယ္တကူမစြန္႔ပစ္ဖို႔ သတိရမိသြားၾကမွာပါ ။

Jasmine (Mckzone Daily)

Source: worldofbuzz

Unicode

ယခုလို ကူးစက်ရောဂါမျိုးဖြစ်နေချိန် အချို့တစ်ကိုယ်ကောင်းဆန်လွန်းတဲ့သူတွေဟာ Quarantine နေရမှာ သိသိရက်နဲ့ လူစည်းကားတဲ့နေရာမျိုးလှည့်ပတ်သွားလာနေတာမျိုး ပြုလုပ်နေလျက်ရှိပါတယ် ။ သို့ပေမဲ့လည်း မလေးရှားနိုင်ငံ Penang က မောင်နှမနှစ်ယောက်ကတော့ ၎င်းတို့တိုင်းပြည်အတွက် သက်နိုင်သလောက် အကောင်းဆုံးနည်းလမ်းကနေ ကူညီပေးနေလျက်ရှိပါတယ် ။ Vasugi Ramasamy နှင့် သူမ၏မောင်လေး Suriya Kuppusamy တို့ဟာ သူမတို့နေအိမ်ရဲ့ အနီးပတ်ဝန်းကျင်တစ်လျှောက် လမ်းဘေးတွေမှာ စွန့်ပစ်ထားတဲ့ အသုံးပြုပြီးသား mask တွေကို လိုက်လံသိမ်းဆည်းပေးနေလျက်ရှိပါတယ် ။ ဒီလိုရောဂါဖြစ်နေချိန် ပိုးမွှားတွေ ၊ ဘတ်တီးရီးယား တွေ ၊ ဗိုင်းရပ်စ်တွေ ပေါက်ဖွားမှုမရှိအောင်ရည်ရွယ်ပြီး သူမတို့ရဲ့အစီအစဉ်ကို ပြီးခဲ့တဲ့ August 17 ရက်နေ့ကစပြီး လုပ်ဆောင်ခဲ့တာဖြစ်ပါတယ် ။

” သူငယ်ချင်းတို့ရေ အသုံးပြုပြီးသား mask ကိုဘယ်နေရာမှာဖြစ်ဖြစ် စွန့်ပစ်မယ်ဆိုရင် စဉ်းစားပါအုံး ၊ လူကြီးတွေ ပြီးတော့ ငါတို့ရဲ့ကလေးငယ်တွေက ကျန်းမာရေးကောင်းရဲ့လား ၊ သူတို့ရဲ့ကိုယ်ခံအားတွေက ကောင်းရဲ့လား ဆိုတာကို ငါတို့မသိနိုင်ပါဘူး ။ ပြီးတော့ သူတို့တွေကပဲ Covid-19 ကူးစက်ခံရနိုင်တဲ့ ပထမဆုံးသောသူတွေဖြစ်နိုင်လို့ပါပဲ ” ဆိုပြီး Vasugi ကရေးသားခဲ့ပါတယ် ။

ရောဂါကာကွယ်ရန် တစ်ကိုယ်ရေသန့်ရှင်းရေး နှင့် ပတ်ဝန်းကျင်သန့်ရှင်းရေးတို့ဟာ အဓိကဖြစ်တဲ့အတွက် အားလုံးသောလူသားတိုင်းမှာ တာဝန်ရှိကြောင်း သူမကပြောဆိုခဲ့ပါတယ် ။ သူမဝေမျှခဲ့တဲ့ post ကြောင့် လူအတော်အများကလည်း mask ကို အလွယ်တကူမစွန့်ပစ်ဖို့ သတိရမိသွားကြမှာပါ ။

Jasmine (Mckzone Daily)

  • Leave a Comment