28ႏွစ္အရြယ္ အပ်ိဳမိန္းကေလးဟန္ေဆာင္ၿပီး ခ်စ္သူေကာင္ေလးထံ ေငြအေျမာက္အမ်ားလိမ္စားခဲ့တဲ့ 42ႏွစ္အရြယ္အမ်ိဳးသမီး

တ႐ုတ္ႏိုင္ငံမွာေနထိုင္တဲ့ အသက္ 42 ႏွစ္အရြယ္အမ်ိဳးသမီးဟာ ကိုယ့္ကို 28ႏွစ္အရြယ္မိန္းကေလးဆိုၿပီး ဟန္ေဆာင္ကာ ခ်စ္သူေကာင္ေလးထံ ေငြ 6million ယြမ္ လိမ္စားခဲ့ပါတယ္ ။ Ms Wang Jingjing အမည္႐ွိတဲ့ အဆိုပါအမ်ိဳးသမီးဟာ အသက္ 30 အရြယ္ Mr Li Xiaoqing အမည္႐ွိတဲ့ ခ်စ္သူေကာင္ေလးထံအား သူမရဲ႕အလုပ္အကိုင္ေအာင္ျမင္ေအာင္ 2016 ခုႏွစ္ကေန 2017 ခုႏွစ္အထိ ေငြေၾကးအေျမာက္အမ်ား သူမထံေပးပို႔ခိုင္းခဲ့ပါတယ္ ။ သူမကေတာ့ ရင္းႏွီးျမဳပ္ႏွံမႈအတြက္ ေငြလိုအပ္လိုပါဆိုၿပီး ခိုင္ခိုင္မာမာေျပာဆိုခဲ့တာပါ ။

ေနာက္ဆံုးမွ Mr Li ရဲ႕အစ္ကိုျဖစ္သူက မိသားစုစီးပြားေရးလုပ္ငန္းမွာ ေငြေပါင္းေျမာက္မ်ားစြာေပ်ာက္ဆံုးေနေၾကာင္း ေျပာဆိုခဲ့ခ်ိန္မွာမွ Mr Li က ရိပ္မိသြားခဲ့ၿပီး ရဲစခန္းသို႔တိုင္ၾကားခဲ့တာပါ ။ အစပိုင္းမွာ ရဲအရာ႐ွိေတြကလည္း ႐ွာေဖြစစ္ေဆးေပးဖို႔ခက္ခဲေနတဲ့အခ်ိန္မွာ Ms Wang ဟာ မိတ္ကပ္ထူထူလိမ္းေလ့႐ွိၿပီး အေတာ္ဝတ္စားတတ္တဲ့သူျဖစ္ေၾကာင္း Mr Li ကေျပာျပခဲ့ပါတယ္ ။ April 3 ရက္ေန႔မွာမွ ရဲအရာ႐ွိမ်ားက သူမကို Shenzhen ၿမိဳ႕ရဲ႕ဆင္ေျခဖံုးရပ္ကြပ္႐ွိ ငွါးရမ္းထားတဲ့တိုက္ခန္းငယ္ေလးမွာ ဖမ္းဆီးမိခဲ့တာပါ ။ စစေတြ႔ခ်င္းမွာ ခ်စ္သူေကာင္ေလးေတာင္ သူမကိုမမွတ္မိခဲ့ပါဘူး ။ ဆက္လက္စစ္ေဆးခဲ့ခ်ိန္မွာမွ သူမဟာ 1965 ခုႏွစ္ေမြးဖြားခဲ့သူမွန္းသိ႐ွိခဲ့ရတာပါ ။

Ms Wang က ၿပီးခဲ့ႏွစ္က မက္ဆီကိုမွာ သူမေလာင္းကစားျပဳလုပ္ရင္း ေငြ 6 million ယြမ္ ႐ႈံးခဲ့တာျဖစ္ေၾကာင္း ထြက္ဆိုခဲ့ပါေတာ့တယ္ ။ ထို႔ေၾကာင့္ ရဲအရာ႐ွိမ်ားက အင္တာနက္အသံုးျပဳသူမ်ားအေနျဖင့္ online ေပၚမွာ ခင္မင္တဲ့သူငယ္ခ်င္းေတြ ၊ မိတ္ေဆြေတြကို ယံုၾကည္စြာေငြငွါးရမ္းမႈမ်ား မျပဳလုပ္ၾကဖို႔ သတိေပးခဲ့တဲ့အျပင္ ၊ လိမ္စားသူမ်ားအား ေတြ႔ဆံုၾကံဳ႕ႀကိဳက္မိပါက ခ်က္ခ်င္းဆက္သြယ္တိုင္ၾကားၾကဖို႔ သတိေပးေျပာဆိုခဲ့ပါတယ္ ။

Jasmine (Mckzone Daily)

Source: newsbeezer

Unicode

တရုတ်နိုင်ငံမှာနေထိုင်တဲ့ အသက် 42 နှစ်အရွယ်အမျိုးသမီးဟာ ကိုယ့်ကို 28နှစ်အရွယ်မိန်းကလေးဆိုပြီး ဟန်ဆောင်ကာ ချစ်သူကောင်လေးထံ ငွေ 6million ယွမ် လိမ်စားခဲ့ပါတယ် ။ Ms Wang Jingjing အမည်ရှိတဲ့ အဆိုပါအမျိုးသမီးဟာ အသက် 30 အရွယ် Mr Li Xiaoqing အမည်ရှိတဲ့ ချစ်သူကောင်လေးထံအား သူမရဲ့အလုပ်အကိုင်အောင်မြင်အောင် 2016 ခုနှစ်ကနေ 2017 ခုနှစ်အထိ ငွေကြေးအမြောက်အများ သူမထံပေးပို့ခိုင်းခဲ့ပါတယ် ။ သူမကတော့ ရင်းနှီးမြုပ်နှံမှုအတွက် ငွေလိုအပ်လိုပါဆိုပြီး ခိုင်ခိုင်မာမာပြောဆိုခဲ့တာပါ ။

နောက်ဆုံးမှ Mr Li ရဲ့အစ်ကိုဖြစ်သူက မိသားစုစီးပွားရေးလုပ်ငန်းမှာ ငွေပေါင်းမြောက်များစွာပျောက်ဆုံးနေကြောင်း ပြောဆိုခဲ့ချိန်မှာမှ Mr Li က ရိပ်မိသွားခဲ့ပြီး ရဲစခန်းသို့တိုင်ကြားခဲ့တာပါ ။ အစပိုင်းမှာ ရဲအရာရှိတွေကလည်း ရှာဖွေစစ်ဆေးပေးဖို့ခက်ခဲနေတဲ့အချိန်မှာ Ms Wang ဟာ မိတ်ကပ်ထူထူလိမ်းလေ့ရှိပြီး အတော်ဝတ်စားတတ်တဲ့သူဖြစ်ကြောင်း Mr Li ကပြောပြခဲ့ပါတယ် ။ April 3 ရက်နေ့မှာမှ ရဲအရာရှိများက သူမကို Shenzhen မြို့ရဲ့ဆင်ခြေဖုံးရပ်ကွပ်ရှိ ငှါးရမ်းထားတဲ့တိုက်ခန်းငယ်လေးမှာ ဖမ်းဆီးမိခဲ့တာပါ ။ စစတွေ့ချင်းမှာ ချစ်သူကောင်လေးတောင် သူမကိုမမှတ်မိခဲ့ပါဘူး ။ ဆက်လက်စစ်ဆေးခဲ့ချိန်မှာမှ သူမဟာ 1965 ခုနှစ်မွေးဖွားခဲ့သူမှန်းသိရှိခဲ့ရတာပါ ။

Ms Wang က ပြီးခဲ့နှစ်က မက်ဆီကိုမှာ သူမလောင်းကစားပြုလုပ်ရင်း ငွေ 6 million ယွမ် ရှုံးခဲ့တာဖြစ်ကြောင်း ထွက်ဆိုခဲ့ပါတော့တယ် ။ ထို့ကြောင့် ရဲအရာရှိများက အင်တာနက်အသုံးပြုသူများအနေဖြင့် online ပေါ်မှာ ခင်မင်တဲ့သူငယ်ချင်းတွေ ၊ မိတ်ဆွေတွေကို ယုံကြည်စွာငွေငှါးရမ်းမှုများ မပြုလုပ်ကြဖို့ သတိပေးခဲ့တဲ့အပြင် ၊ လိမ်စားသူများအား တွေ့ဆုံကြုံ့ကြိုက်မိပါက ချက်ချင်းဆက်သွယ်တိုင်ကြားကြဖို့ သတိပေးပြောဆိုခဲ့ပါတယ် ။

Jasmine (Mckzone Daily)

  • Leave a Comment