Gas ယိုစိမ့်မှုကြောင်း မီးလောင်သည့်ဒဏ်ကိုပြင်းပြင်းထန်ထန်ခံစားခဲ့ရတဲ့ အဘွားအို

ပြီးခဲ့တဲ့ စက်တင်ဘာလ 7ရက်နေ့မှာတော့ မလေးရှားနိုင်ငံမှာနေထိုင်တဲ့ Mandy အမည်ရှိတဲ့အမျိုးသမီးဟာ သူမတို့၏နေအိမ်မှာ Gas ယိုစိမ့်မှုဖြစ်ပွားပြီးနောက် သူမ၏မိခင်ပြင်းပြင်းထန်ထန်ဒဏ်ရာရရှိခဲ့တဲ့ အတွေ့အကြုံကိုဝေမျှသွားခဲ့ပါတယ် ။အဆိုပါအဖြစ်အပျက်ဟာ သူမ၏မိခင် Gas ဘူးကို ဖွင့်လိုက်တဲ့အချိန်မှာဖြစ်ပွားခဲ့တာဖြစ်ပြီး ၊ မျက်တောင်တစ်ခတ်အတွင်းမှာပဲ Gasဘူးဟာ ယိုစိမ့်မှုဖြစ်ပွားခဲ့ပြီးမီးတောက်လောင်ကျွမ်းခဲ့ပါတော့တယ် ။ အဘွားအိုမှာ မည့်သည့်ဒဏ်ရာမျိုးမှရရှိခဲ့ခြင်း မရှိပေမဲ့လည်း အန္တရာယ်ကြီးမှန်းသိနေ၍ အခြေအနေပိုမဆိုးသွားအောင် သူမ၏လက်ဗလာဖြင့် မီးထဲသို့တိုးပြီး Gasပိုက်ကို ပိတ်ပစ်ဖို့ကြိုးစားခဲ့ပါတယ် ။ကံဆိုးစွာနဲ့ပဲ Gasပိုက်ကိုပိတ်ပစ်ဖို့လုပ်နေချိန်မှာ သူမ၏ဘောင်ဘီမှာ မီးစွဲသွားခဲ့ပါတယ် ။ မီးဟာဆက်လက်တောက်လောင်နေသေးတဲ့အတွက် သူမဟာမီးငြိမ်းသတ်ဖို့ Gas ဘူးပေါ်သို့ ရေလောင်းချခဲ့ပါတော့တယ် ။

Mandy မှာလည်းအဆိုပါ သတင်းကိုကြားကြားချင်းမှာပဲ အိမ်သို့အလျင်အမြန်ပြေးပြန်ခဲ့ပြီး မိခင်ဖြစ်သူမီးလောင်ကျွမ်းသည့်ဒဏ်ရာများစွာကိုတွေ့ရှိခဲ့တဲ့အချိန်မှာတော့ သူမအတော်လေးကိုဝမ်းနည်းကြေကွဲသွားခဲ့ရပါတယ် ။မိခင်မှာလည်း တုန်တုန်ယင်ယင်ဖြစ်နေခဲ့ပြီး မျက်နှာမှာလည်း သွေးမရှိတော့လောက်အောင်ဖျော့တော့နေခဲ့ကာ ကြက်သေသေနေသလိုဖြစ်နေခဲ့ပါတယ် ။ထို့နောက် မိခင်ဖြစ်သူမျက်ရည်များစီးကျလာခဲ့ပြီး သူမgasပိုက်၏ ပလပ်ခေါင်းကိုဖြုတ်ပစ်ဖို့ကြိုးစားခဲ့ရခြင်းဟာ အခြားအပြစ်မဲ့တဲ့သူတွေကိုဒုက္ခမရောက်စေချင်လို့ နှင့် အခြားသူတွေအန္တရာယ်ကင်းဖို့ သူမကိုယ်သူမ အနစ်နာခံလိုက်ခြင်းဟာပို၍ကောင်းသောဆုံးဖြတ်ချက်ဖြစ်ကြောင်း Mandy ကိုပြောပြခဲ့ပါတယ် ။လက်ရှိမှာတော့ အဖွားအိုဟာဆေးရုံတွင်ဆေးကုသမှု ခံယူလျက်ရှိကြောင်း သိရှိရပါတယ် ။

Mandy မှာတော့မိခင်ဖြစ်သူနာကျင်မှုဒဏ်တွေခံစားနေရတာကိုမြင်ပြီး ဝမ်းနည်းကြေကွဲရလို့ အိမ်မှာgas ဘူးအသုံးပြုနေကြသောအခြားသူများကိုလည်း ဂရုစိုက်ကြဖို့ သတိပေးခဲ့ပါသေးတယ် ။ ထို့အပြင် မီးငြိမ်းသတ်ဖို့ ရေပက်ဖြန်းခြင်းက အခြေအနေကိုပိုမိုဆိုးဝါးစေတဲ့အတွက် စိုစွတ်သောတဘက်များဖြင့် မီးတောက်အပေါ်ဖုံးအုပ်ပစ်လိုက်ခြင်းက ပို၍အန္တရာယ်ကင်းစေတဲ့အကြောင်း သူမကထပ်လောင်းသတိပေးခဲ့ပါသေးတယ် ။ထိုအပြင် မလိုလားအပ်တဲ့အန္တရာယ်မျိုးမဖြစ်စေရန်အတွက် အသုံးပြုဖို့မလိုအပ်တဲ့အချိန်တွေမှာဆိုရင် Gas အိုးကိုပိတ်ထားသင့်ကြောင်း ပြောဆိုသွားခဲ့ပါတယ် ။

Jasmine (Mckzone Daily)

Source: worldofbuzz

Be the first to comment on "Gas ယိုစိမ့်မှုကြောင်း မီးလောင်သည့်ဒဏ်ကိုပြင်းပြင်းထန်ထန်ခံစားခဲ့ရတဲ့ အဘွားအို"

Leave a comment

Your email address will not be published.


*