ချစ်သူဆီက ခွင့်လွှတ်တယ်ဆိုတဲ့စကားကြားရဖို့ ရက်ပေါင်း 30ခန့် ဒူးထောက်တောင်းပန်ခဲ့တဲ့ အမျိုးသား


1

2

3

Jasmine (Mckzone Daily)

Source: chinasmack

Unicode

တရုတ်နိုင်ငံ ၊ Dongying မြို့ရှိ hair salon ဆိုင်မှာ အလုပ်လုပ်ကိုင်နေတဲ့ချစ်သူမိန်းကလေးကို တောင်းပန်ပြီး ခွင့်လွှတ်မှုရဖို့ Sichun ပြည်နယ်က လူငယ်လေးက လက်မလျှော့ဘဲ ဒူးထောက်တောင်းပန်ခဲ့တာပါ ။ ကောင်လေးက မတ်တပ်ရပ်ဖို့ကိုငြင်းပယ်ခဲ့ပြီး hair salon ဆိုင်ထဲမှာ အလုပ်လုပ်နေတဲ့ ချစ်သူကောင်မလေးကများ စိတ်ပြန်လည်လာမလားဆိုပြီး ဒူးထောက်နေခဲ့တာပါ ။ ကောင်လေးရဲ့အဖြစ်ကိုမြင်တွေ့ခဲ့ကြတဲ့ ပတ်ဝန်းကျင်အနီးအနားရှိလူတွေက စိတ်မထိန်းနိုင်တဲ့အဆုံး ကောင်လေးကို ဆွဲထမထူပေးခဲ့ကြပါတယ် ။ သို့ပေမဲ့လည်း ကောင်လေးဟာ တစ်လကျော်သည်အထိ ချစ်သူကောင်မလေးကိုဒူးထောက်တောင်းပန်ခဲ့ကြောင်း သိရှိရပါတယ် ။

Jasmine (Mckzone Daily)

  • Leave a Comment