ဝူဟန္ၿမိဳ႕မွာျပဳလုပ္ခဲ့တဲ့ လူစည္ကားလြန္းတဲ့ party ပြဲေၾကာင့္ လူအေတာ္အမ်ားစိတ္ဆိုးေဒါသထြက္ခဲ့ရတဲ့အျဖစ္ (႐ုပ္သံ)

ကမာၻအႏွံ႔ Covid -19 ေရာဂါကူးစက္ပ်ံ့ႏွံ႔မႈေတြဟာ ယခုအခ်ိန္အထိျဖစ္ပြားေနေသးလို႔ လူအေတာ္အမ်ားဟာ လူစည္ကားတဲ့ေနရာေတြမွာဆိုရင္ mask တပ္ၾကၿပီး ၊ စားေသာက္ဆိုင္သြားထိုင္ရင္ေတာင္မွ သတ္မွတ္ထားတဲ့အကြာအေဝးေတြအတိုင္းထိုင္ၿပီး စားေသာက္ေနရတာပါ ။ သို႔ေပမဲ့လည္း Covid – 19 ေရာဂါစတင္ျဖစ္ပြားခဲ့တဲ့ ဝူဟန္ၿမိဳ႕ကေတာ့ သတ္မွတ္ထားတဲ့က်န္းမာေရးနည္းလမ္းေတြအတိုင္ေနထိုင္မႈမ႐ွိတဲ့အျပင္ ၊ မ်ားစြာေသာလူစုလူေဝးျဖင့္ Weekly Pool Party ပြဲ ျပဳလုပ္ခဲ့ၾကပါတယ္ ။ ေရာဂါစတင္ျဖစ္ပြားခဲ့တဲ့ ဝူဟန္ၿမိဳ႕ဟာ 76 ရက္ခန္႔ lockdown ျပဳလုပ္ခဲ့ရၿပီး ၿပီးခဲ့တဲ့ April လကမွ ေရာဂါကူးစက္မႈႏႈန္းကို ထိန္းခ်ဳပ္ႏိုင္ခဲ့တာျဖစ္ပါတယ္ ။ ဒါေပမဲ့ ဝူဟန္ၿမိဳ႕သားေတြကေတာ့ ယခုအခ်ိန္မွာ party ပြဲလုပ္ၿပီး ေပ်ာ္ရႊင္ေနပါၿပီ ။

Wuhan Maya Beach Water Park မွာ မ်ားစြာေသာလူမ်ားစုေဝးၾကၿပီး သံစဥ္ေတြနဲ႔ အားရပါးရကခုန္ေနၾကတဲ့အျပင္ ၊ အခ်ိဳ႕မွာလည္း ရာဘာပိုက္​ေတြအေပၚ ေအးေဆးစြာအနားယူေနခဲ့ၾကတာပါ ။ အဆိုပါ water park သို႔ လာေရာက္လည္ပတ္သူ 15,000 ခန္႔႐ွိခဲ့ၿပီး ၊ အခ်ိဳ႕ဆိုရင္ ေလ်ွာ့ေစ်းတစ္ဝက္ႏႈန္းနဲ႔ လာေရာက္လည္ပတ္ခဲ့ၾကတာပါ ။

ကမာၻေပၚ႐ွိႏိုင္ငံအေတာ္မ်ားမ်ားဟာ မယံုႏိုင္ေလာက္ေအာင္ ေရာဂါကူးစက္မႈဒဏ္ခံခဲ့ရၿပီး ၊ အထူးသျဖင့္ ေရာဂါကူးစက္မႈႏႈန္းအျမင့္ဆံုးကေတာ့ အေမရိကန္ ၊ ဘရာဇီး ၊ အီတလီ ၊ အိနၷိယ ႏွင့္ အင္ဒိုနီးရွားႏိုင္ငံတို႔ျဖစ္ပါတယ္ ။

Jasmine (Mckzone Daily)

Source: worldofbuzz

Unicode

ကမ္ဘာအနှံ့ Covid -19 ရောဂါကူးစက်ပျံ့နှံ့မှုတွေဟာ ယခုအချိန်အထိဖြစ်ပွားနေသေးလို့ လူအတော်အများဟာ လူစည်ကားတဲ့နေရာတွေမှာဆိုရင် mask တပ်ကြပြီး ၊ စားသောက်ဆိုင်သွားထိုင်ရင်တောင်မှ သတ်မှတ်ထားတဲ့အကွာအဝေးတွေအတိုင်းထိုင်ပြီး စားသောက်နေရတာပါ ။ သို့ပေမဲ့လည်း Covid – 19 ရောဂါစတင်ဖြစ်ပွားခဲ့တဲ့ ဝူဟန်မြို့ကတော့ သတ်မှတ်ထားတဲ့ကျန်းမာရေးနည်းလမ်းတွေအတိုင်နေထိုင်မှုမရှိတဲ့အပြင် ၊ များစွာသောလူစုလူဝေးဖြင့် Weekly Pool Party ပွဲ ပြုလုပ်ခဲ့ကြပါတယ် ။ ရောဂါစတင်ဖြစ်ပွားခဲ့တဲ့ ဝူဟန်မြို့ဟာ 76 ရက်ခန့် lockdown ပြုလုပ်ခဲ့ရပြီး ပြီးခဲ့တဲ့ April လကမှ ရောဂါကူးစက်မှုနှုန်းကို ထိန်းချုပ်နိုင်ခဲ့တာဖြစ်ပါတယ် ။ ဒါပေမဲ့ ဝူဟန်မြို့သားတွေကတော့ ယခုအချိန်မှာ party ပွဲလုပ်ပြီး ပျော်ရွှင်နေပါပြီ ။

Wuhan Maya Beach Water Park မှာ များစွာသောလူများစုဝေးကြပြီး သံစဉ်တွေနဲ့ အားရပါးရကခုန်နေကြတဲ့အပြင် ၊ အချို့မှာလည်း ရာဘာပိုက်တွေအပေါ် အေးဆေးစွာအနားယူနေခဲ့ကြတာပါ ။ အဆိုပါ water park သို့ လာရောက်လည်ပတ်သူ 15,000 ခန့်ရှိခဲ့ပြီး ၊ အချို့ဆိုရင် လျှော့ဈေးတစ်ဝက်နှုန်းနဲ့ လာရောက်လည်ပတ်ခဲ့ကြတာပါ ။

ကမ္ဘာပေါ်ရှိနိုင်ငံအတော်များများဟာ မယုံနိုင်လောက်အောင် ရောဂါကူးစက်မှုဒဏ်ခံခဲ့ရပြီး ၊ အထူးသဖြင့် ရောဂါကူးစက်မှုနှုန်းအမြင့်ဆုံးကတော့ အမေရိကန် ၊ ဘရာဇီး ၊ အီတလီ ၊ အိန္နိယ နှင့် အင်ဒိုနီးရှားနိုင်ငံတို့ဖြစ်ပါတယ် ။

Jasmine (Mckzone Daily)

  • Leave a Comment