Single လေးတွေအတွက် အတော်လေးကိုအဆင်ပြေစေမဲ့ အနမ်းပေးတဲ့နှုတ်ခမ်းလေးတွေပါတဲ့ ကော်ဖီခွက်လေး
သို့ပေမဲ့လည်း အချို့သောသူများကတော့ ဒီဇိုင်နာ Woo Seok ရဲ့အကြံဥာဏ်ကိုအတော်လေး လေးစားခဲ့ကြပြီး ၊ အချို့ကတော့ ဆိုးဝါးလွန်းတယ် ၊ လုံးဝမလိုအပ်တဲ့အရာ ဆိုပြီး ပြစ်တင်ဝေဖန်ခဲ့ကြပါတယ် ။
Jasmine (Mckzone Daily)
Source: elitereaders
Unicode
လူအတော်များများကတော့ ကော်ဖီကိုကြိုက်နှစ်သက်လေ့ရှိပြီး နေ့စဉ်သောက်သုံလေ့ရှိကြပါတယ် ။ ဒီတစ်ခေါက်ဖော်ပြမဲ့အကြောင်းအရာကတော့ ချစ်သူရည်းစားမရှိသေးတဲ့သူတွေအတွက် အတော်လေးကိုအဆင်ပြေစေမှာပါ ။ အဲတာကတော့ နှုတ်ခမ်းလေးတွေပါတဲ့ ကော်ဖီခွက်လေးတွေဖြစ်ပြီး ကော်ဖီသောက်ရင်းနဲ့တစ်ခါထဲကို Free Kiss ရရှိစေမှာပါ ။ တောင်ကိုးရီးယားနိုင်ငံက ဒီဇိုင်နာ Jang Woo Seok က အဆိုပါကော်ဖီခွက်ကိုတီထွင်ခဲ့တာဖြစ်ပြီး သူကိုယ်တိုင်ကလည်း ကော်ဖီသောက်ရတာကို အလွန်နှစ်ခြိုက်သူဖြစ်တဲ့အပြင် ချစ်သူရည်းစားလည်းမရှိတဲ့အတွက် ယခုလိုအကြံဉာဏ်မျိုးစဉ်းစားမိခဲ့တာ့ဖြစ်ကြောင်း ပြောပြခဲ့ပါတယ် ။
ထို့အပြင် ကော်ဖီခွက်လေးမှာပါတဲ့ နှုတ်ခမ်းလေးကလည်း လူနှုတ်ခမ်းအတိုင်းချောမွေ့အောင်ပြုလုပ်ထားတဲ့အတွက် တကယ့်နှုတ်ခမ်းအစစ်ကဲသို့ ခံစားမိကြမှာပါ ။ ကော်ဖီခွက်ကို ပထမဆုံးအကြိမ်ထုတ်လုပ်ခဲ့တဲ့အချိန်ကတည်းက အတော်လေးကိုလူကြိုက်များခဲ့လို့ နောက်ပိုင်းဒီဇိုင်ပိုမိုဆန်းသစ်သွားအောင် နှာခေါင်း နှင့် မျက်နှာရှိအခြားသောကြွက်သားတွေကိုပါ ထည့်သွင်းပုံဖော်ဖြစ်ခဲ့တာပါ ။
သို့ပေမဲ့လည်း အချို့သောသူများကတော့ ဒီဇိုင်နာ Woo Seok ရဲ့အကြံဉာဏ်ကိုအတော်လေး လေးစားခဲ့ကြပြီး ၊ အချို့ကတော့ ဆိုးဝါးလွန်းတယ် ၊ လုံးဝမလိုအပ်တဲ့အရာ ဆိုပြီး ပြစ်တင်ဝေဖန်ခဲ့ကြပါတယ် ။
Jasmine (Mckzone Daily)
  • Leave a Comment