အႀကိဳက္ဆံုးကာတြန္းဇာတ္ေကာင္ေတြနဲ႔ေတြ႔ရလို႔ အေပ်ာ္လြန္ၿပီး သမီးငယ္ေလးကိုေမ့ေနခဲ့တဲ့ ဖခင္

Toy Story ကာတြန္း႐ုပ္႐ွင္ဇာတ္ကားကို လူအေတာ္မ်ားမ်ားႀကိဳက္ႏွစ္သက္ၾကပါတယ္ ။ Toy Story ရဲ႕ ပထမဆံုး႐ုပ္႐ွင္ဇာတ္ကားကို 1995 ခုႏွစ္ကတည္းကစတင္ျပသခဲ့ၿပီး အေတာ္ေလးကိုေအာင္ျမင္ခဲ့တာပါ ။ ေနာက္ဆံုးထြက္႐ွိထားတဲ့ Toy Story 4 မွာလည္း ကမာၻတစ္ဝန္းအေတာ္ေလးကိုေအာင္ျမင္မႈရ႐ွိခဲ့ပါတယ္ ။ ဒါေၾကာင့္ ပထမဆံုးထုတ္လြင့္ခဲ့တဲ့ Toy Story ဇာတ္ကားကိုၾကည့္႐ႈခဲ့ၾကသူအခ်ိဳ႕ကေတာ့ ယခုအခ်ိန္မွာအိမ္ေထာင္ေတြက်ေနၿပီး ကေလးမိဘေတြျဖစ္ေနၾကပါၿပီ ။ LaRoyce Hall အမည္႐ွိတဲ့အမ်ိဳးသားဟာ ခ်စ္သူ Carynn ႏွင့္ သမီးျဖစ္သူ Zayda တို႔ႏွင့္အတူ Dineyland သို႔အလည္သြားခဲ့ၾကပါတယ္ ။

LaRoyce ဟာ Toy Story ရဲ႕အႀကီးစား Fan ျဖစ္ေနခဲ့ၿပီးေနာက္ မေမ်ွာ္လင့္ဘဲ Toy Story ဇာတ္ကားထဲမွ ဇာတ္ေကာင္ျဖစ္တဲ့ Woody ႏွင့္ Buzz တို႔ႏွင့္အတူ ဓာတ္ပံု႐ိုက္ဖို႔အခြင့္အေရးရခဲ့ပါတယ္ ။ အစပိုင္းမွာေတာ့ LaRoyce ဟာ အျခား႐ွပ္အက်ႌကိုဝတ္ဆင္ထားေပမဲ့ ေနာက္ပိုင္း Toy Story ႐ွပ္အက်ႌကိုေျပာင္းကာ Woody ၊ Buzz တို႔ႏွင့္အတူ ေပ်ာ္ေပ်ာ္ရႊင္ရႊင္ဓာတ္ပံု႐ိုက္ခဲ့တာပါ ။

သူ၏ေျခေထာက္အနားမွာ႐ွိေနတဲ့ သမီးေလးကိုေတာင္ LaRoyce က သတိမထားမိလိုက္ပါဘူး ။ ေနာက္ဆံုးမွ သမီးငယ္ေလးဟာ Woody ၊ Buzz တို႔ႏွင့္အတူ ဓာတ္ပံု႐ိုက္ခြင့္ရခဲ့တာပါ ။ အဆိုပါအျဖစ္အပ်က္ေလးကို ကေလးမိခင္ Carynn က အမိအရ႐ိုက္ကူးခဲ့ၿပီး social media ေပၚမွာ ေဝမ်ွခဲ့ပါတယ္ ။ အစပိုင္းမွာေတာ့ သမီးငယ္ေလးေၾကာင့္ Disneyland သို႔အလည္သြားခဲ့တာျဖစ္ေပမဲ့ သမီးထက္ ဖခင္ျဖစ္သူက ပိုၿပီးအေပ်ာ္လြန္ေနခဲ့တာပါ ။

Jasmine (Mckzone Daily)

Source: elitereaders

Unicode

Toy Story ကာတွန်းရုပ်ရှင်ဇာတ်ကားကို လူအတော်များများကြိုက်နှစ်သက်ကြပါတယ် ။ Toy Story ရဲ့ ပထမဆုံးရုပ်ရှင်ဇာတ်ကားကို 1995 ခုနှစ်ကတည်းကစတင်ပြသခဲ့ပြီး အတော်လေးကိုအောင်မြင်ခဲ့တာပါ ။ နောက်ဆုံးထွက်ရှိထားတဲ့ Toy Story 4 မှာလည်း ကမ္ဘာတစ်ဝန်းအတော်လေးကိုအောင်မြင်မှုရရှိခဲ့ပါတယ် ။ ဒါကြောင့် ပထမဆုံးထုတ်လွင့်ခဲ့တဲ့ Toy Story ဇာတ်ကားကိုကြည့်ရှုခဲ့ကြသူအချို့ကတော့ ယခုအချိန်မှာအိမ်ထောင်တွေကျနေပြီး ကလေးမိဘတွေဖြစ်နေကြပါပြီ ။ LaRoyce Hall အမည်ရှိတဲ့အမျိုးသားဟာ ချစ်သူ Carynn နှင့် သမီးဖြစ်သူ Zayda တို့နှင့်အတူ Dineyland သို့အလည်သွားခဲ့ကြပါတယ် ။

LaRoyce ဟာ Toy Story ရဲ့အကြီးစား Fan ဖြစ်နေခဲ့ပြီးနောက် မမျှော်လင့်ဘဲ Toy Story ဇာတ်ကားထဲမှ ဇာတ်ကောင်ဖြစ်တဲ့ Woody နှင့် Buzz တို့နှင့်အတူ ဓာတ်ပုံရိုက်ဖို့အခွင့်အရေးရခဲ့ပါတယ် ။ အစပိုင်းမှာတော့ LaRoyce ဟာ အခြားရှပ်အင်္ကျီကိုဝတ်ဆင်ထားပေမဲ့ နောက်ပိုင်း Toy Story ရှပ်အင်္ကျီကိုပြောင်းကာ Woody ၊ Buzz တို့နှင့်အတူ ပျော်ပျော်ရွှင်ရွှင်ဓာတ်ပုံရိုက်ခဲ့တာပါ ။

သူ၏ခြေထောက်အနားမှာရှိနေတဲ့ သမီးလေးကိုတောင် LaRoyce က သတိမထားမိလိုက်ပါဘူး ။ နောက်ဆုံးမှ သမီးငယ်လေးဟာ Woody ၊ Buzz တို့နှင့်အတူ ဓာတ်ပုံရိုက်ခွင့်ရခဲ့တာပါ ။ အဆိုပါအဖြစ်အပျက်လေးကို ကလေးမိခင် Carynn က အမိအရရိုက်ကူးခဲ့ပြီး social media ပေါ်မှာ ဝေမျှခဲ့ပါတယ် ။ အစပိုင်းမှာတော့ သမီးငယ်လေးကြောင့် Disneyland သို့အလည်သွားခဲ့တာဖြစ်ပေမဲ့ သမီးထက် ဖခင်ဖြစ်သူက ပိုပြီးအပျော်လွန်နေခဲ့တာပါ ။

Jasmine (Mckzone Daily)

  • Leave a Comment