လူေတြျပည့္က်ပ္ေနတဲ့ ဘတ္စ္ကားေပၚမွာ နာရီေပါင္းမ်ားစြာ မတ္တပ္ရပ္စီးခဲ့ရတဲ့ အဘိုး၊အဘြားရဲ႕အျဖစ္

ႏိုင္ငံအေတာ္မ်ားမ်ားမွာေတာ့ ဘတ္စ္ကား ၊ မီးရထားေတြစီးရင္ အဘိုးအဘြားေတြကို ထိုင္ခံုမွာဦးစားေပးၿပီး ထိုင္ခိုင္းေလ့႐ွိၾကပါတယ္ ။ ကံဆိုးစြာနဲ႔ ဒီတစ္ေခါက္ေဖာ္ျပမဲ့ ဖိလစ္ပိုင္ႏိုင္ငံက အဘိုးအို နဲ႔ အဘြားအိုကေတာ့ လူျပည့္က်ပ္ေနတဲ့ဘတ္စ္ကားေပၚမွာ မွီစရာ ၊ ကိုင္စရာ မ႐ွိဘဲ အခ်ိန္အေတာ္ၾကာလိုက္ပါစီးနင္ခဲ့ရတဲ့အျပင္ ၊ ဘတ္စ္ကားေပၚမွ ခရီးသည္ေတြကလည္း လံုးဝကိုဂ႐ုမစိုက္ၾကတဲ့အျပင္ ထိုင္ခံုလည္းဖယ္မေပးခဲ့ၾကပါဘူး ။ အဆိုပါအျဖစ္အပ်က္ကို ဘတ္စ္ကားေပၚလိုက္ပါစီးနင္ခဲ့တဲ့ Lim အမည္႐ွိတဲ့ ကိုယ္ဝန္ေဆာင္အမ်ိဳးသမီးက႐ိုက္ယူခဲ့တာျဖစ္ၿပီး ၊ သူမကအဆိုပါဓာတ္ပံုေတြကို ခင္ပြန္းသည္ဆီေပးပို႔ၿပီးေနာက္ အဘိုး ၊ အဘြားေတြအတြက္ ထိုင္ခံုမဖယ္ေပးခဲ့ၾကတဲ့သူေတြကို အေတာ္ေလးစိတ္ဆိုးေဒါသထြက္မိေၾကာင္းခင္ပြန္းသည္ကို ေျပာျပခဲ့ပါတယ္ ။

ဘတ္စ္ကားသြားတာနဲ႔ အဘိုးအဘြားႏွစ္ေယာက္ဟာ ေျခေထာက္ခိုင္ေအာင္ရပ္ေနခဲ့ရၿပီး ၊ လဲက်မွာေၾကာက္လို႔ တစ္ဦးနဲ႔တစ္ဦးေပြ႔ဖက္ထားခဲ့ၾကပါေသးတယ္ ။ အဘိုးနဲ႔အဘြားဟာ ဘယ္နာရီေလာက္မတ္တပ္ရပ္ခဲ့ရလည္းဆိုတာကေတာ့ Lim ကမသိ႐ွိခဲ့ရေပမဲ့ သူမကေတာ့ တစ္နာရီအၾကာမွာေတာ့ ကားေပၚကေနဆင္းခဲ့ေၾကာင္း ေျပာျပခဲ့ပါတယ္ ။ အခ်ိဳ႕ေသာ ခရီးသည္ေတြကေတာ့ ေနရာမဖယ္ေပးခ်င္လို႔ အိပ္ေမာက်ေနသလို ၊ အိပ္ငိုက္ေနသလို ဟန္ေဆာင္ခဲ့ၾကေသးေၾကာင္း သူမကေျပာျပခဲ့ပါတယ္ ။

မည္သို႔ပင္ျဖစ္ေစကာမႈ အသက္အရြယ္မငယ္ေတာ့တဲ့သူေတြအေနနဲ႔ အသက္အရြယ္ႀကီးရင့္ေနၿပီျဖစ္တဲ့အဘိုးအဘြားေတြ ၊ ကိုယ္ဝန္ေဆာင္ေတြနဲ႔ မသန္မစြမ္းသူေတြအေပၚ ဦးစားေပးတတ္တဲ့စိတ္မ်ိဳးထားေပးသင့္ၾကပါတယ္ ။ ကိုယ္လည္း တစ္ရက္ အိုရမယ္ ၊ နာရမယ္ ၊ ေသရမယ္ဆိုတဲ့ အသိမ်ိဳးနဲ႔ တစ္ေန႔ကိုယ္အလွည့္ေရာက္လာမွာပါဆိုၿပီး ကိုယ္ခ်င္းစာတတ္ဖို႔လိုပါတယ္ ။

Jasmine (Mckzone Daily)

Source: elitereaders

Unicode

နိုင်ငံအတော်များများမှာတော့ ဘတ်စ်ကား ၊ မီးရထားတွေစီးရင် အဘိုးအဘွားတွေကို ထိုင်ခုံမှာဦးစားပေးပြီး ထိုင်ခိုင်းလေ့ရှိကြပါတယ် ။ ကံဆိုးစွာနဲ့ ဒီတစ်ခေါက်ဖော်ပြမဲ့ ဖိလစ်ပိုင်နိုင်ငံက အဘိုးအို နဲ့ အဘွားအိုကတော့ လူပြည့်ကျပ်နေတဲ့ဘတ်စ်ကားပေါ်မှာ မှီစရာ ၊ ကိုင်စရာ မရှိဘဲ အချိန်အတော်ကြာလိုက်ပါစီးနင်ခဲ့ရတဲ့အပြင် ၊ ဘတ်စ်ကားပေါ်မှ ခရီးသည်တွေကလည်း လုံးဝကိုဂရုမစိုက်ကြတဲ့အပြင် ထိုင်ခုံလည်းဖယ်မပေးခဲ့ကြပါဘူး ။ အဆိုပါအဖြစ်အပျက်ကို ဘတ်စ်ကားပေါ်လိုက်ပါစီးနင်ခဲ့တဲ့ Lim အမည်ရှိတဲ့ ကိုယ်ဝန်ဆောင်အမျိုးသမီးကရိုက်ယူခဲ့တာဖြစ်ပြီး ၊ သူမကအဆိုပါဓာတ်ပုံတွေကို ခင်ပွန်းသည်ဆီပေးပို့ပြီးနောက် အဘိုး ၊ အဘွားတွေအတွက် ထိုင်ခုံမဖယ်ပေးခဲ့ကြတဲ့သူတွေကို အတော်လေးစိတ်ဆိုးဒေါသထွက်မိကြောင်းခင်ပွန်းသည်ကို ပြောပြခဲ့ပါတယ် ။

ဘတ်စ်ကားသွားတာနဲ့ အဘိုးအဘွားနှစ်ယောက်ဟာ ခြေထောက်ခိုင်အောင်ရပ်နေခဲ့ရပြီး ၊ လဲကျမှာကြောက်လို့ တစ်ဦးနဲ့တစ်ဦးပွေ့ဖက်ထားခဲ့ကြပါသေးတယ် ။ အဘိုးနဲ့အဘွားဟာ ဘယ်နာရီလောက်မတ်တပ်ရပ်ခဲ့ရလည်းဆိုတာကတော့ Lim ကမသိရှိခဲ့ရပေမဲ့ သူမကတော့ တစ်နာရီအကြာမှာတော့ ကားပေါ်ကနေဆင်းခဲ့ကြောင်း ပြောပြခဲ့ပါတယ် ။ အချို့သော ခရီးသည်တွေကတော့ နေရာမဖယ်ပေးချင်လို့ အိပ်မောကျနေသလို ၊ အိပ်ငိုက်နေသလို ဟန်ဆောင်ခဲ့ကြသေးကြောင်း သူမကပြောပြခဲ့ပါတယ် ။

မည်သို့ပင်ဖြစ်စေကာမှု အသက်အရွယ်မငယ်တော့တဲ့သူတွေအနေနဲ့ အသက်အရွယ်ကြီးရင့်နေပြီဖြစ်တဲ့အဘိုးအဘွားတွေ ၊ ကိုယ်ဝန်ဆောင်တွေနဲ့ မသန်မစွမ်းသူတွေအပေါ် ဦးစားပေးတတ်တဲ့စိတ်မျိုးထားပေးသင့်ကြပါတယ် ။ ကိုယ်လည်း တစ်ရက် အိုရမယ် ၊ နာရမယ် ၊ သေရမယ်ဆိုတဲ့ အသိမျိုးနဲ့ တစ်နေ့ကိုယ်အလှည့်ရောက်လာမှာပါဆိုပြီး ကိုယ်ချင်းစာတတ်ဖို့လိုပါတယ် ။

Jasmine (Mckzone Daily)

  • Leave a Comment