Covid – 19 ရောဂါကာလအတွင်း ဆိုင်ကယ်အတူစီးခွင့်ရအောင် လင်မယားဖြစ်ကြောင်းဓာတ်ပုံတွေနဲ့ သက်သေပြခဲ့ကြသူများ



Jasmine (Mckzone Daily)

Source: elitereaders

Unicode

ဖိလစ်ပိုင်နိုင်ငံမှာဆိုရင် Covid-19 ရောဂါကာလအတွင်း ကူးစက်ပျံ့နှံ့မှုမရှိအောင် ဆိုင်ကယ်ကိုလူနှစ်ယောက်စီးခြင်းကို ကန့်သတ်တားမြစ်ထားပါတယ် ။ July လမှာပဲ အဆိုပါစည်းမျဉ်းစည်းကမ်းကိုအစိုးရမှပြု ပြင်ခဲ့ပြီး ၊ လက်ထပ်ပြီးသားစုံတွဲတွေအနေနဲ့တော့ ဆိုင်ကယ်တစ်စီးတည်းအတူစီးခွင့်ရကြောင်း ခွင့်ပြုခဲ့ပါတယ် ။ သို့ပေမဲ့လည်း စုံတွဲများအနေဖြင့်လက်ထပ်ထားကြောင်း စာရွက်စာတမ်းများဖြင့်သက်သေပြနိုင်ရမှာပါ ။ သက်သေမပြနိုင်ပါက ရဲအရာရှိတွေရဲ့ဖမ်းဆီးထိန်းသိမ်းခြင်းကိုခံရမှာဖြစ်ပါတယ် ။ ဒါကြောင့် စုံတွဲတွေဟာ အဖမ်းမခံရအောင် လက်ထပ်စာချုပ်တွေကိုသွားတဲ့နေရာတိုင်းအမြဲယူဆောင်သွားလေ့ရှိပြီး ၊ အချို့စုံတွဲတွေကတော့ လိုတာထက်ကိုပိုပြီး ၎င်းတို့ရဲ့လက်ထပ်စုံတွဲဓာတ်ပုံတွေကိုပါ ဆိုင်ကယ်မှာချိတ်ဆွဲ လင်မယားဖြစ်ကြောင်းသက်သေပြခဲ့ကြပါတယ် ။

နေအိမ်တစ်အိမ်ထဲမှာ အတူနေခဲ့ရင်လည်း အတူနေထိုင်ကြောင်း သက်သေပြနိုင်တဲ့စာရွက်စာတန်းတွေကိုပြသရမှာပါ ။ ထို့အပြင် လက်ထပ်ထားသောစုံတွဲများအနေဖြင့် အများနည်းတူ ဆိုင်ကယ်ဦးထုပ်ဆောင်းပြီး mask တပ်ကြရမှာဖြစ်ကြောင်းသိရှိရပါတယ် ။

Jasmine (Mckzone Daily)

  • Leave a Comment