ရည္းစားေဟာင္းရဲ႕ဓာတ္ပံုကို ဘယ္သူအၾကာဆံုးၾကည့္ႏိုင္လဲ ဆိုၿပီးၿပိဳင္ပြဲလုပ္ကာ ယွဥ္ၿပိဳင္ခဲ့ၾကသူမ်ား

အင္ဒိုနီး႐ွားႏိုင္ငံ Magelang ၿမိဳ႕အနီးမွာ႐ွိတဲ့ ရြာေလးတစ္ရြာဟာဆိုရင္ August 17 ရက္ေန႔က အင္ဒိုနီး႐ွားႏိုင္ငံလြတ္လပ္ေရးေန႔ အထိမ္းအမွတ္အေနနဲ႔ သာမွန္မဟုတ္တဲ့ကစားပြဲတစ္ခုကို က်င္းပျပဳလုပ္ခဲ့ပါတယ္ ။ ပံုမွန္က်င္းပေနက်ကစားပြဲမ်ိဳးမဟုတ္ဘဲ ၊ လူငယ္တစ္စုက ၎တို႔ရဲ႕ရည္းစားေဟာင္းဓာတ္ပံုကို အၾကာဆံုးၾကည့္ႏိုင္တဲ့သူ မည္သူမဆို ၿပိဳင္ပြဲမွာအႏိုင္ရမည္ စတဲ့ကစားနည္းျဖစ္ပါတယ္ ။ အဆိုပါကစားပြဲကို ေပ်ာ္ေစလိုတဲ့ရည္ရြယ္ခ်က္တစ္ခုတည္းနဲ႔သာ ေဆာ့ကစားခဲ့တာျဖစ္ၿပီး ၊ Covid -19 ေရာဂါကာလအတြင္း အျခားအားကစားပြဲေတြက်င္းပခြင့္မ႐ွိလို႔ ယခုလိုအေပ်ာ္သေဘာနဲ႔ေဆာ့ကစားခဲ့တာျဖစ္ေၾကာင္း ႐ွင္းျပခဲ့ပါေသးတယ္ ။

ၿပိဳင္ပြဲစီစဥ္သူ ႏွင့္ သူ၏သူငယ္ခ်င္းတစ္ဖြဲ႔လံုးက အဆိုပါၿပိဳင္ပြဲကိုယွဥ္ၿပိဳင္ခဲ့ၾကလို႔ ေဒသခံေတြရဲ႕စိတ္ဝင္စားျခင္းကိုခံခဲ့ရပါတယ္ ။ ၿပိဳင္ပြဲစီစဥ္သူရဲ႕ အိမ္ေ႐ွ႕မွာတင္ အဆိုပါၿပိဳင္ပြဲကိုေပ်ာ္ရႊင္စြာ ေဆာ့ကစားခဲ့ၾကတာပါ ။ ရြာသူ ၊ ရြာသားေတြကလည္း အဆိုပါၿပိဳင္ပြဲကို ေပ်ာ္ရႊင္စြာ လာေရာက္ၾကည့္႐ႈခဲ့ၾကေၾကာင္း သိ႐ွိရပါတယ္ ။

Jasmine (Mckzone Daily)

Source: worldofbuzz

Unicode

အင်ဒိုနီးရှားနိုင်ငံ Magelang မြို့အနီးမှာရှိတဲ့ ရွာလေးတစ်ရွာဟာဆိုရင် August 17 ရက်နေ့က အင်ဒိုနီးရှားနိုင်ငံလွတ်လပ်ရေးနေ့ အထိမ်းအမှတ်အနေနဲ့ သာမှန်မဟုတ်တဲ့ကစားပွဲတစ်ခုကို ကျင်းပပြုလုပ်ခဲ့ပါတယ် ။ ပုံမှန်ကျင်းပနေကျကစားပွဲမျိုးမဟုတ်ဘဲ ၊ လူငယ်တစ်စုက ၎င်းတို့ရဲ့ရည်းစားဟောင်းဓာတ်ပုံကို အကြာဆုံးကြည့်နိုင်တဲ့သူ မည်သူမဆို ပြိုင်ပွဲမှာအနိုင်ရမည် စတဲ့ကစားနည်းဖြစ်ပါတယ် ။ အဆိုပါကစားပွဲကို ပျော်စေလိုတဲ့ရည်ရွယ်ချက်တစ်ခုတည်းနဲ့သာ ဆော့ကစားခဲ့တာဖြစ်ပြီး ၊ Covid -19 ရောဂါကာလအတွင်း အခြားအားကစားပွဲတွေကျင်းပခွင့်မရှိလို့ ယခုလိုအပျော်သဘောနဲ့ဆော့ကစားခဲ့တာဖြစ်ကြောင်း ရှင်းပြခဲ့ပါသေးတယ် ။

ပြိုင်ပွဲစီစဉ်သူ နှင့် သူ၏သူငယ်ချင်းတစ်ဖွဲ့လုံးက အဆိုပါပြိုင်ပွဲကိုယှဉ်ပြိုင်ခဲ့ကြလို့ ဒေသခံတွေရဲ့စိတ်ဝင်စားခြင်းကိုခံခဲ့ရပါတယ် ။ ပြိုင်ပွဲစီစဉ်သူရဲ့ အိမ်ရှေ့မှာတင် အဆိုပါပြိုင်ပွဲကိုပျော်ရွှင်စွာ ဆော့ကစားခဲ့ကြတာပါ ။ ရွာသူ ၊ ရွာသားတွေကလည်း အဆိုပါပြိုင်ပွဲကို ပျော်ရွှင်စွာ လာရောက်ကြည့်ရှုခဲ့ကြကြောင်း သိရှိရပါတယ် ။

Jasmine (Mckzone Daily)

  • Leave a Comment