ကေလးေမြးၿပီးၿပီးခ်င္း ေမ့ေျမာသြားခဲ့လို႔ 5လအၾကာမွကေလးငယ္ႏွင့္ ျပန္ဆံုေတြ႔ႏိုင္ခဲ့တဲ့အမ်ိဳးသမီး

မိခင္တစ္ေယာက္ျဖစ္ဖို႔ဆိုတာ အေတာ္ေလးခက္ခဲ့တဲ့အရာတစ္ခုျဖစ္ၿပီး အမ်ိဳးသမီးတိုင္းလိုလိုေတာ့ရင္ဆိုင္ၾကံဳေတြ႔ၾကရမွာပါ ။ ကိုယ္ဝန္ေဆာင္တာကေတာ့ မိခင္ဘဝရဲ႕ပထမဦးဆံုးေျခလွမ္းျဖစ္ၿပီးေနာက္ပိုင္းမွာေတာ့ စြန္႔စားမႈေတြနဲ႔မ်ားစြာၾကံဳေတြ႔ရမွာပါ ။ ဒီတစ္ေခါက္မွာလည္း အမ်ိဳးသမီးတစ္ေယာက္ဟာ ကေလးေမြးဖြားၿပီးေနာက္ ကိုမာျဖစ္သြားခဲ့ၿပီးလေပါင္းမ်ားစြာ သတိလစ္ေမ့ေျမာသြားခဲ့ရပါတယ္ ။ အသက္28ႏွစ္အရြယ္ Nur Fadilla အမည္႐ွိတဲ့အဆိုပါအမ်ိဳးသမီးဟာ ကေလးေမြးဖြားဖို႔ 6ရက္အခ်ိန္ေနာက္က်ခဲ့တဲ့အတြက္ ႏိုဝင္ဘာလ 18ရက္ေန႔ 2018 ခုႏွစ္မွာ ဗိုက္ခြဲၿပီးေမြးဖြားခဲ့ရပါတယ္ ။ ဗိုက္ခြဲေမြးေနတဲ့ အေတာအတြင္းမွာ သူမရဲ႕ႏွလံုးခုန္ေနျခင္းဟာ ႐ုတ္တရက္ဆိုသလိုရပ္သြားခဲ့ပါတယ္ ။ သို႔ေပမဲ့လည္း ဆရာဝန္က သူမ၏ႏွလံုးကို 10မိနစ္အတြင္းျပန္ခုန္ႏိုင္ေအာင္လုပ္ေပးႏိုင္ခဲ့ၿပီးေနာက္ ကေလးငယ္ကိုေအာင္ျမင္စြာေမြးဖြားေပးႏိုင္ခဲ့ပါတယ္ ။

Nur Fadilla အား ကေလးကိုခြဲေမြးဖို႔ဆရာဝန္မွာ 3ႀကိမ္ေလာက္သူမကိုတိုက္တြန္းခဲ့ရေၾကာင္း သူမ၏ေဆြမ်ိဳးတစ္ဦးမွေျပာျပသြားခဲ့ပါတယ္ ။ ” သူမခြဲစိတ္ခန္းထဲကိုမဝင္ခင္အခ်ိန္မွာေတာ့ သူမကသတိ႐ွိေနခဲ့ၿပီး တည္တည္ၿငိမ္ၿငိမ္ပါပဲ ၊ ခြဲစိတ္တဲ့အခ်ိန္ေရာက္မွပဲ သူမရဲ႕ႏွလံုးဟာ ႐ုတ္တရက္ ရပ္သြားခဲ့တာပါ “။ ” ကေလးေမြးၿပီးတဲ့အခ်ိန္မွာေတာ့ သူမရဲ႕ႏွလံုးက ျပန္ခုန္လာေပမဲ့လည္း သူမရဲ႕ဦးေႏွာက္မွာ oxygen ပ်က္သြားခဲ့တဲ့အတြက္ သူမ ကိုမာျဖစ္ၿပီး သတိလစ္ေမ့ေျမာသြားခဲ့ရတာပါ ” ဆိုၿပီး ေျပာဆိုသြားခဲ့ပါတယ္ ။

5လအၾကာ April 2ရက္ေန႔ 2019 ခုႏွစ္မွာေတာ့ Nur Fadilla ဟာသတိျပန္လည္လာခဲ့ၿပီး သူမ၏ကေလးကိုေမြးဖြားၿပီး ပထမဆံုအႀကိမ္ျပန္လည္ေတြ႔ဆံုခဲ့ျခင္းျဖစ္ပါတယ္ ။ သူမ၏ကေလးငယ္ကိုမ်က္ရည္မ်ားစြာျဖင့္ ေပြ႔ဖက္ေနခဲ့တဲ့သူမရဲ႕ဓာတ္ပံုဟာ Facebook ေပၚတြင္အေတာ္ေလးကို လူၾကည့္မ်ားသြားခဲ့ပါတယ္ ။

Jasmine (Mckzone Daily)

Source: worldofbuzz

Unicode

မိခင်တစ်ယောက်ဖြစ်ဖို့ဆိုတာ အတော်လေးခက်ခဲ့တဲ့အရာတစ်ခုဖြစ်ပြီး အမျိုးသမီးတိုင်းလိုလိုတော့ရင်ဆိုင်ကြုံတွေ့ကြရမှာပါ ။ ကိုယ်ဝန်ဆောင်တာကတော့ မိခင်ဘဝရဲ့ပထမဦးဆုံးခြေလှမ်းဖြစ်ပြီးနောက်ပိုင်းမှာတော့ စွန့်စားမှုတွေနဲ့များစွာကြုံတွေ့ရမှာပါ ။ ဒီတစ်ခေါက်မှာလည်း အမျိုးသမီးတစ်ယောက်ဟာ ကလေးမွေးဖွားပြီးနောက် ကိုမာဖြစ်သွားခဲ့ပြီးလပေါင်းများစွာ သတိလစ်မေ့မြောသွားခဲ့ရပါတယ် ။ အသက်28နှစ်အရွယ် Nur Fadilla အမည်ရှိတဲ့အဆိုပါအမျိုးသမီးဟာ ကလေးမွေးဖွားဖို့ 6ရက်အချိန်နောက်ကျခဲ့တဲ့အတွက် နိုဝင်ဘာလ 18ရက်နေ့ 2018 ခုနှစ်မှာ ဗိုက်ခွဲပြီးမွေးဖွားခဲ့ရပါတယ် ။ ဗိုက်ခွဲမွေးနေတဲ့ အတောအတွင်းမှာ သူမရဲ့နှလုံးခုန်နေခြင်းဟာ ရုတ်တရက်ဆိုသလိုရပ်သွားခဲ့ပါတယ် ။ သို့ပေမဲ့လည်း ဆရာဝန်က သူမ၏နှလုံးကို 10မိနစ်အတွင်းပြန်ခုန်နိုင်အောင်လုပ်ပေးနိုင်ခဲ့ပြီးနောက် ကလေးငယ်ကိုအောင်မြင်စွာမွေးဖွားပေးနိုင်ခဲ့ပါတယ် ။

Nur Fadilla အား ကလေးကိုခွဲမွေးဖို့ဆရာဝန်မှာ 3ကြိမ်လောက်သူမကိုတိုက်တွန်းခဲ့ရကြောင်း သူမ၏ဆွေမျိုးတစ်ဦးမှပြောပြသွားခဲ့ပါတယ် ။ ” သူမခွဲစိတ်ခန်းထဲကိုမဝင်ခင်အချိန်မှာတော့ သူမကသတိရှိနေခဲ့ပြီး တည်တည်ငြိမ်ငြိမ်ပါပဲ ၊ ခွဲစိတ်တဲ့အချိန်ရောက်မှပဲ သူမရဲ့နှလုံးဟာ ရုတ်တရက် ရပ်သွားခဲ့တာပါ “။ ” ကလေးမွေးပြီးတဲ့အချိန်မှာတော့ သူမရဲ့နှလုံးက ပြန်ခုန်လာပေမဲ့လည်း သူမရဲ့ဦးနှောက်မှာ oxygen ပျက်သွားခဲ့တဲ့အတွက် သူမ ကိုမာဖြစ်ပြီး သတိလစ်မေ့မြောသွားခဲ့ရတာပါ ” ဆိုပြီး ပြောဆိုသွားခဲ့ပါတယ် ။

5လအကြာ April 2ရက်နေ့ 2019 ခုနှစ်မှာတော့ Nur Fadilla ဟာသတိပြန်လည်လာခဲ့ပြီး သူမ၏ကလေးကိုမွေးဖွားပြီး ပထမဆုံအကြိမ်ပြန်လည်တွေ့ဆုံခဲ့ခြင်းဖြစ်ပါတယ် ။ သူမ၏ကလေးငယ်ကိုမျက်ရည်များစွာဖြင့် ပွေ့ဖက်နေခဲ့တဲ့သူမရဲ့ဓာတ်ပုံဟာ Facebook ပေါ်တွင်အတော်လေးကို လူကြည့်များသွားခဲ့ပါတယ် ။

Jasmine (Mckzone Daily)

Be the first to comment on "ကေလးေမြးၿပီးၿပီးခ်င္း ေမ့ေျမာသြားခဲ့လို႔ 5လအၾကာမွကေလးငယ္ႏွင့္ ျပန္ဆံုေတြ႔ႏိုင္ခဲ့တဲ့အမ်ိဳးသမီး"

Leave a comment

Your email address will not be published.


*