အိမ်တံခါးပေါ်မှာကပ်နေတဲ့ဖားကို ကြောက်လွန်းလို့ ကယ်ဆယ်ရေးအဖွဲ့ကို အကူအညီတောင်းခဲ့တဲ့မိန်းကလေးရဲ့အဖြစ်



Jasmine (Mckzone Daily)

Source: worldofbuzz

Unicode

ပြီးခဲ့တဲ့ August 18 ရက်နေ့က မလေးရှားနိုင်ငံရှိ မီးသတ်နှင့်ကယ်ဆယ်ရေးဌာနဟာ မယုံနိုင်လောက်တဲ့တိုင်ကြားမှုမျိုးလက်ခံရရှိခဲ့ပါတယ် ။ အဲတာကတော့ မလေးရှားနိုင်ငံ ၊ Ampang မြို့ရှိတိုက်ခန်းတစ်ခုမှာ နေထိုင်တဲ့မိန်းမငယ်လေးဟာ သူမရဲ့အိမ်တံခါးမှာကပ်နေတဲ့ဖားတစ်ကောင်ဆီကနေ သူမကိုကယ်ထုတ်ပေးဖို့ ကယ်ဆယ်ရေးအဖွဲ့ကို ည 9:40 အချိန်ခန့်မှာ တိုင်ကြားခဲ့တာပါ ။ ကယ်ဆယ်ရေးအဖွဲ့ဝင် 5ယောက်ဟာ အဆိုပါအမျိုးသမီးရဲ့နေအိမ်သို့ရောက်ရှိလာခဲ့ပြီးနောက် အဆိုပါဖားကိုအလျင်အမြန်ဖမ်းယူလိုက်ပြီး အန္တရာယ်ကင်းတဲ့နေရာတစ်ခုမှာ ဖားလေးကိုပြန်လွတ်ပေးခဲ့ပါတယ် ။

သူမရဲ့အဖြစ်အပျက်ဟာ social media ပေါ်မှာ အတော်လေးလူပြောများတဲ့အကြောင်းအရာတစ်ခုဖြစ်ခဲ့ပြီး ၊ အချို့ကတော့ အဆိုပါကိစ္စလေးကြောင့်နဲ့ ကယ်ဆယ်ရေးတပ်ဖွဲ့ကို အကူအညီတောင်းခဲ့ကြတဲ့ မိန်းမငယ်လေးကို ရယ်မောခဲ့ကြပေမဲ့ ၊ အချို့ကတော့ ကိစ္စငယ်လေးဆိုပေမဲ့ ပြည်သူတွေအတွက်အလေးထားဆောင်ရွက်ပေးတဲ့ ကယ်ဆယ်ရေးတပ်ဖွဲ့ကို အတော်လေးချီးကျူ းထောက်ခံအားပေးခဲ့ကြပါတယ် ။

Jasmine (Mckzone Daily)

  • Leave a Comment