ေမးေစ့ေအာက္ဖက္မွာ႐ွိေနတဲ့ mask ကိုေပ်ာက္သြားလို႔ဆိုၿပီး ေအာ္ဟစ္ငိုေႂကြးခဲ့တဲ့ မူၾကိဳကေလးငယ္ရဲ႕အျဖစ္ (႐ုပ္သံ)

ႏွာေခါင္းစည္း mask ေတြဟာ ယခုလို Covid-19 ကူးစက္ေရာဂါျဖစ္ပြားေနတဲ့အခ်ိန္မွာ ႀကိဳတင္ကာကြယ္ႏိုင္ဖို႔မ႐ွိမျဖစ္လိုအပ္ေနတဲ့အရာမွန္း ကေလးငယ္ေတြေတာင္သိၾကပါတယ္ ။ ဒီတစ္ေခါက္မွာလည္း ထိုင္းႏိုင္ငံမွကေလးငယ္တစ္ေယာက္ဟာ သူ၏ႏွာေခါင္းစည္း mask ကို ဘယ္ေနရာမွာမွ ႐ွာမေတြ႔လို႔ဆိုၿပီး ေအာ္ဟစ္ငိုေႂကြးေနခဲ့ပါတယ္ ။ သူ႔ရဲ႕ ႏွာေခါင္းစည္းက ေမးေစ့ေအာက္မွာေရာက္ေနမွန္း လံုးဝသတိမထားမိခဲ့တာပါ ။ ကေလးငယ္ငိုေႂကြးေနတာကို ျမင္ေတာ့ဆရာမျဖစ္သူက ကေလးငယ္အနားေရာက္လာၿပီး ဘာလို႔ငိုေနတာလဲ ဆိုၿပီးေမးျမန္းခဲ့ပါတယ္ ။

ထိုအခ်ိန္မွာေတာ့ ကေလးငယ္ကႏွာေခါင္းစည္းေပ်ာက္ေနေၾကာင္းေျပာျပခဲ့လို႔ ၊ ဆရာမျဖစ္သူက လြယ္အိတ္ထဲမွာ ေသခ်ာျပန္႐ွာဖို႔ေျပာျပခဲ့ပါတယ္ ။ သို႔ေပမဲ့လည္း မေတြ႔ဘူးဆိုၿပီးငိုေနခဲ့လို႔ ႏွာေခါင္းစည္းကဘာအေရာင္လဲဆိုၿပီး ေမးျမန္းခဲ့ခ်ိန္မွ ” ဒီလို အေရာင္ ” ဆိုၿပီး သူ၏ပန္းေရာင္လြယ္အိတ္ကိုေထာက္ျပခဲ့ပါတယ္ ။

အငိုမတိတ္ႏိုင္တဲ့ကေလးငယ္ကို ေနာက္ဆံုးဆရာမက မွန္သြားၾကည့္ဖို႔ေျပာလိုက္ခ်ိန္မွ ကေလးငယ္ဟာ မွန္ၾကည့္ေနရင္းသူ၏ႏွာေခါင္းစည္းမွာ ေမးေစ့ေအာက္ေရာက္ေနမွန္းသိ႐ွိသြားခဲ့ၿပီး ခ်က္ခ်င္းအငိုတိတ္ကာ ျပံဳးျပံဳးေလးနဲ႔ mask ကိုျပန္တပ္လိုက္ပါေတာ့တယ္ ။ အဆိုပါ video ကို social media ေပၚေဝမ်ွေပးၿပီးေနာက္မွာေတာ့ ကေလးငယ္ရဲ႕အျဖစ္ကိုလူအေတာ္အမ်ားက ခ်စ္မဝႏိုင္ေအာင္ျဖစ္ခဲ့ၿပီး ၊ အခ်ိဳ႕မွာလည္း စိတ္႐ွည္သည္းခံလြန္းၿပီး ကေလးငယ္ကိုပစ္မထားတဲ့ဆရာမျဖစ္သူကို ခ်ီးက်ဴ းခဲ့ၾကပါတယ္ ။

Jasmine (Mckzone Daily)

Source: worldofbuzz

Unicode

နှာခေါင်းစည်း mask တွေဟာ ယခုလို Covid-19 ကူးစက်ရောဂါဖြစ်ပွားနေတဲ့အချိန်မှာ ကြိုတင်ကာကွယ်နိုင်ဖို့မရှိမဖြစ်လိုအပ်နေတဲ့အရာမှန်း ကလေးငယ်တွေတောင်သိကြပါတယ် ။ ဒီတစ်ခေါက်မှာလည်း ထိုင်းနိုင်ငံမှကလေးငယ်တစ်ယောက်ဟာ သူ၏နှာခေါင်းစည်း mask ကို ဘယ်နေရာမှာမှ ရှာမတွေ့လို့ဆိုပြီး အော်ဟစ်ငိုကြွေးနေခဲ့ပါတယ် ။ သူ့ရဲ့ နှာခေါင်းစည်းက မေးစေ့အောက်မှာရောက်နေမှန်း လုံးဝသတိမထားမိခဲ့တာပါ ။ ကလေးငယ်ငိုကြွေးနေတာကို မြင်တော့ဆရာမဖြစ်သူက ကလေးငယ်အနားရောက်လာပြီး ဘာလို့ငိုနေတာလဲ ဆိုပြီးမေးမြန်းခဲ့ပါတယ် ။

ထိုအချိန်မှာတော့ ကလေးငယ်ကနှာခေါင်းစည်းပျောက်နေကြောင်းပြောပြခဲ့လို့ ၊ ဆရာမဖြစ်သူက လွယ်အိတ်ထဲမှာ သေချာပြန်ရှာဖို့ပြောပြခဲ့ပါတယ် ။ သို့ပေမဲ့လည်း မတွေ့ဘူးဆိုပြီးငိုနေခဲ့လို့ နှာခေါင်းစည်းကဘာအရောင်လဲဆိုပြီး မေးမြန်းခဲ့ချိန်မှ ” ဒီလို အရောင် ” ဆိုပြီး သူ၏ပန်းရောင်လွယ်အိတ်ကိုထောက်ပြခဲ့ပါတယ် ။

အငိုမတိတ်နိုင်တဲ့ကလေးငယ်ကို နောက်ဆုံးဆရာမက မှန်သွားကြည့်ဖို့ပြောလိုက်ချိန်မှ ကလေးငယ်ဟာ မှန်ကြည့်နေရင်းသူ၏နှာခေါင်းစည်းမှာ မေးစေ့အောက်ရောက်နေမှန်းသိရှိသွားခဲ့ပြီး ချက်ချင်းအငိုတိတ်ကာ ပြုံးပြုံးလေးနဲ့ mask ကိုပြန်တပ်လိုက်ပါတော့တယ် ။ အဆိုပါ video ကို social media ပေါ်ဝေမျှပေးပြီးနောက်မှာတော့ ကလေးငယ်ရဲ့အဖြစ်ကိုလူအတော်အများက ချစ်မဝနိုင်အောင်ဖြစ်ခဲ့ပြီး ၊ အချို့မှာလည်း စိတ်ရှည်သည်းခံလွန်းပြီး ကလေးငယ်ကိုပစ်မထားတဲ့ဆရာမဖြစ်သူကို ချီးကျူ းခဲ့ကြပါတယ် ။

Jasmine (Mckzone Daily)

  • Leave a Comment