အသက္ျပန္႐ွင္လာၿပီး တစ္နာရီအၾကာမွာေတာ့ ျပန္လည္ေသဆံုးသြားခဲ့ရတဲ့ 12ႏွစ္အရြယ္ကေလးငယ္

အင္ဒိုနီး႐ွားႏိုင္ငံမွာေနထိုင္တဲ့ အသက္ 12ႏွစ္အရြယ္ကေလးငယ္ကို ၿပီးခဲ့တဲ့ August 18 ရက္ေန႔ ၊ ညေန 6နာရီအခ်ိန္ခန္႔က Probolinggoေဆးရံုမွ ဆရာဝန္ Dr Moh Saleh Kota က ေသဆံုးသြားခဲ့ၿပီျဖစ္ေၾကာင္း ေၾကညာခဲ့ပါတယ္ ။ ထို႔ေၾကာင့္ကေလးငယ္ရဲ႕မိသားစုဝင္မ်ားက ည 7နာရီအခ်ိန္ခန္႔မွာ ကေလးငယ္ရဲ႕႐ုပ္အေလာင္းကိုေနအိမ္သို႔သယ္ေဆာင္သြားခဲ့ၿပီး အသုဘပြဲအတြက္ျပင္ဆင္ခဲ့ၾကပါတယ္ ။ သို႔ေပမဲ့လည္း ကေလးရဲ႕႐ုပ္အေလာင္းကို ေရခ်ိဳးသန္႔စင္ေပးခဲ့တဲ့အခ်ိန္မွာ ကေလးငယ္ရဲ႕မ်က္လံုးေတြကျပန္ပြင့္လာခဲ့ၿပီး ၊ ႏွလံုးေတြျပန္ခုန္လာခဲ့လို႔ မိသားစုဝင္ေတြ နဲ႔ အသုဘပြဲသို႔ေရာက္႐ွိလာၾကသူမ်ားက အေတာ္ေလးကိုအံ့ၾသထိတ္လန္႔သြားခဲ့ၾကပါတယ္ ။

ထို႔ေနာက္ ကေလးငယ္ကိုအိမ္ထဲသို႔ျပန္ေခၚသြားခဲ့ၿပီး ၊ ေဆးအကူဝန္ထမ္းမ်ားကို အလ်င္အျမန္ေခၚေဆာင္ခဲ့ပါတယ္ ။ ေဆးအကူဝန္ထမ္းမ်ားေရာက္႐ွိလာၿပီး ကေလးငယ္အသက္ျပန္႐ႈလာေအာင္ ေအာက္စီဂ်င္ေပးခဲ့ေပမဲ့လည္း တစ္နာရီအၾကာမွာေတာ့ ကေလးငယ္ဟာျပန္လည္ေသဆံုးသြားခဲ့ပါတယ္ ။ ေသဆံုးသြားတဲ့ ႐ုပ္အေလာင္းေတြအသက္ျပန္႐ွင္လာတဲ့အျဖစ္မ်ိဳးကိုေတာ့ ၾကားဖူးၾကမွာပါ ။

ယခုအျဖစ္အပ်က္ဟာ social media ေပၚမွာ အေတာ္ေလးကိုေရပန္းစားေနခဲ့ၿပီး ၊ ကေလးငယ္ရဲ႕မိသားစုဝင္ေတြအတြက္ကေတာ့ အံ့ၾသထိတ္လန္႔ဖြယ္ေကာင္းတဲ့ အျဖစ္အပ်က္အေနနဲ႔က်န္႐ွိေနခဲ့မွာပါ ။

Jasmine (Mckzone Daily)

Source: worldofbuzz

Unicode

အင်ဒိုနီးရှားနိုင်ငံမှာနေထိုင်တဲ့ အသက် 12နှစ်အရွယ်ကလေးငယ်ကို ပြီးခဲ့တဲ့ August 18 ရက်နေ့ ၊ ညနေ 6နာရီအချိန်ခန့်က Probolinggoဆေးရုံမှ ဆရာဝန် Dr Moh Saleh Kota က သေဆုံးသွားခဲ့ပြီဖြစ်ကြောင်း ကြေညာခဲ့ပါတယ် ။ ထို့ကြောင့်ကလေးငယ်ရဲ့မိသားစုဝင်များက ည 7နာရီအချိန်ခန့်မှာ ကလေးငယ်ရဲ့ရုပ်အလောင်းကိုနေအိမ်သို့သယ်ဆောင်သွားခဲ့ပြီး အသုဘပွဲအတွက်ပြင်ဆင်ခဲ့ကြပါတယ် ။ သို့ပေမဲ့လည်း ကလေးရဲ့ရုပ်အလောင်းကို ရေချိုးသန့်စင်ပေးခဲ့တဲ့အချိန်မှာ ကလေးငယ်ရဲ့မျက်လုံးတွေကပြန်ပွင့်လာခဲ့ပြီး ၊ နှလုံးတွေပြန်ခုန်လာခဲ့လို့ မိသားစုဝင်တွေ နဲ့ အသုဘပွဲသို့ရောက်ရှိလာကြသူများက အတော်လေးကိုအံ့သြထိတ်လန့်သွားခဲ့ကြပါတယ် ။

ထို့နောက် ကလေးငယ်ကိုအိမ်ထဲသို့ပြန်ခေါ်သွားခဲ့ပြီး ၊ ဆေးအကူဝန်ထမ်းများကို အလျင်အမြန်ခေါ်ဆောင်ခဲ့ပါတယ် ။ ဆေးအကူဝန်ထမ်းများရောက်ရှိလာပြီး ကလေးငယ်အသက်ပြန်ရှုလာအောင် အောက်စီဂျင်ပေးခဲ့ပေမဲ့လည်း တစ်နာရီအကြာမှာတော့ ကလေးငယ်ဟာပြန်လည်သေဆုံးသွားခဲ့ပါတယ် ။ သေဆုံးသွားတဲ့ ရုပ်အလောင်းတွေအသက်ပြန်ရှင်လာတဲ့အဖြစ်မျိုးကိုတော့ ကြားဖူးကြမှာပါ ။

ယခုအဖြစ်အပျက်ဟာ social media ပေါ်မှာ အတော်လေးကိုရေပန်းစားနေခဲ့ပြီး ၊ ကလေးငယ်ရဲ့မိသားစုဝင်တွေအတွက်ကတော့ အံ့သြထိတ်လန့်ဖွယ်ကောင်းတဲ့ အဖြစ်အပျက်အနေနဲ့ကျန်ရှိနေခဲ့မှာပါ ။

Jasmine (Mckzone Daily)

  • Leave a Comment