အျမဲအစာေကြၽးေနသူကို သတိရလို႔ အလုပ္အထိသြား႐ွာခဲ့တဲ့ လမ္းေဘးေခြးေလး (႐ုပ္သံ)

မေလး႐ွားႏိုင္ငံက အသက္ 22ႏွစ္အရြယ္ ၊ Mohd Ridhuan အမည္႐ွိတဲ့အမ်ိဳးသားရဲ႕ Twitter ေပၚမွာ ေဝမ်ွခဲ့တဲ့ video ေလးတစ္ပုဒ္ဟာ အေတာ္ေလးကိုေရပန္းစားေနလ်က္႐ွိပါတယ္ ။ Video ထဲမွာေတာ့ ေခြးေလးဟာအေတာ္ေလးကိုဝမ္းနည္းေနပံုရၿပီး နားရြက္ႏွစ္ဖက္လံုးကိုခ်ထားၿပီး သူ၏ေခါင္းကိုပြတ္ေပးဖို႔ Ridhuan အနား ခ်ည္းကပ္လာပါေတာ့တယ္ ။ Ridhuan ဟာလည္း ေခြးေလးရဲ႕ေခါင္းကိုပြတ္ေပးၿပီး ” ငါအခုအိမ္ျပန္ရေတာ့မယ္ ၊ ဝမ္းမနည္းနဲ႔ေနာ္ ၊ ငါမနက္ျဖန္ျပန္လာခဲ့မယ္ ” ဆိုၿပီး ေခြးကေလးကိုႏွစ္သိမ့္ေပးခဲ့ပါတယ္ ။

Ridhuan ရဲ႕ေျပာျပခ်က္အရ ေခြးေလးကို လြန္ခဲ့တဲ့ 3ပတ္က ကမ္းေျခအနားမွာသူငယ္ခ်င္းေတြနဲ႔ လမ္းေလ်ွာက္ရင္းေတြ႔ခဲ့တာပါ ။ အစပိုင္းမွာေတာ့ ေခြးက 4ေကာင္ေတာင္႐ွိေနတဲ့အတြက္ Ridhuan ကေၾကာက္ရြံေနခဲ့ေပမဲ့ ျမင္ဖန္မ်ားလာေတာ့ ေခြးေလးေတြက Ridhuan အနားသို႔အရင္ခ်ဥ္းကပ္လာၿပီး အစာေတာင္းခဲ့ပါေတာ့တယ္ ။ ထိုအခ်ိန္ကတည္း Ridhuan က ေခြးေလးေတြကိုအျမဲ အစာေကြၽးခဲ့ၿပီး ၎တို႔ကိုပြတ္သပ္ေပးခဲ့ပါတယ္ ။

ေနာက္ပိုင္း အလုပ္မ်ားလြန္းလို႔ Ridhuan ဟာ ေခြးေလးေတြအနား မသြားႏိုင္ေတာ့လို႔ ေခြးေလးေတြက ကမ္းေျခကေန 200 မီတာ အကြာအေဝးမွာ႐ွိ Ridhuan ရဲ႕ အလုပ္ေနရာသို႔ေရာက္႐ွိလာခဲ့ၿပီး Ridhuan ကိုအေတာ္ေလး လြမ္းေနတဲ့ပံုနဲ႔လာ႐ွာခဲ့ပါေတာ့တယ္ ။ ေခြးေလး 4ေကာင္ထဲမွ 2ေကာင္ဟာ အဖမ္းခံခဲ့ရၿပီး ၊ က်န္ေနတဲ့ 2ေကာင္သာ Ridhuan ကို လာ႐ွာႏိုင္ခဲ့တာျဖစ္ပါတယ္ ။

Jasmine (Mckzone Daily)

Source: worldofbuzz

Unicode

မလေးရှားနိုင်ငံက အသက် 22နှစ်အရွယ် ၊ Mohd Ridhuan အမည်ရှိတဲ့အမျိုးသားရဲ့ Twitter ပေါ်မှာ ဝေမျှခဲ့တဲ့ video လေးတစ်ပုဒ်ဟာ အတော်လေးကိုရေပန်းစားနေလျက်ရှိပါတယ် ။ Video ထဲမှာတော့ ခွေးလေးဟာအတော်လေးကိုဝမ်းနည်းနေပုံရပြီး နားရွက်နှစ်ဖက်လုံးကိုချထားပြီး သူ၏ခေါင်းကိုပွတ်ပေးဖို့ Ridhuan အနား ချည်းကပ်လာပါတော့တယ် ။ Ridhuan ဟာလည်း ခွေးလေးရဲ့ခေါင်းကိုပွတ်ပေးပြီး ” ငါအခုအိမ်ပြန်ရတော့မယ် ၊ ဝမ်းမနည်းနဲ့နော် ၊ ငါမနက်ဖြန်ပြန်လာခဲ့မယ် ” ဆိုပြီး ခွေးကလေးကိုနှစ်သိမ့်ပေးခဲ့ပါတယ် ။

Ridhuan ရဲ့ပြောပြချက်အရ ခွေးလေးကို လွန်ခဲ့တဲ့ 3ပတ်က ကမ်းခြေအနားမှာသူငယ်ချင်းတွေနဲ့ လမ်းလျှောက်ရင်းတွေ့ခဲ့တာပါ ။ အစပိုင်းမှာတော့ ခွေးက 4ကောင်တောင်ရှိနေတဲ့အတွက် Ridhuan ကကြောက်ရွံနေခဲ့ပေမဲ့ မြင်ဖန်များလာတော့ ခွေးလေးတွေက Ridhuan အနားသို့အရင်ချဉ်းကပ်လာပြီး အစာတောင်းခဲ့ပါတော့တယ် ။ ထိုအချိန်ကတည်း Ridhuan က ခွေးလေးတွေကိုအမြဲ အစာကျွေးခဲ့ပြီး ၎င်းတို့ကိုပွတ်သပ်ပေးခဲ့ပါတယ် ။

နောက်ပိုင်း အလုပ်များလွန်းလို့ Ridhuan ဟာ ခွေးလေးတွေအနား မသွားနိုင်တော့လို့ ခွေးလေးတွေက ကမ်းခြေကနေ 200 မီတာ အကွာအဝေးမှာရှိ Ridhuan ရဲ့ အလုပ်နေရာသို့ရောက်ရှိလာခဲ့ပြီး Ridhuan ကိုအတော်လေး လွမ်းနေတဲ့ပုံနဲ့လာရှာခဲ့ပါတော့တယ် ။ ခွေးလေး 4ကောင်ထဲမှ 2ကောင်ဟာ အဖမ်းခံခဲ့ရပြီး ၊ ကျန်နေတဲ့ 2ကောင်သာ Ridhuan ကို လာရှာနိုင်ခဲ့တာဖြစ်ပါတယ် ။

Jasmine (Mckzone Daily)

  • Leave a Comment