Covid-19 ကူးစက္ခံထားရတဲ့လူနာက ” လက္သည္းအရမ္းျပင္ခ်င္လြန္းလို႔ပါ ” ဆိုၿပီး ဆိုင္အထိသြားျပင္ခဲ့တဲ့အျဖစ္

တစ္ခ်ိဳ႕ Covid-19 ကူးစက္ခံရသူေတြဟာ ကိုယ့္အတြက္သာကိုယ္ၾကည့္ၿပီး တစ္ကိုယ္ေကာင္ဆန္လြန္းတဲ့သူေတြလည္း႐ွိပါတယ္ ။ ဒီတစ္ေခါက္မွာလည္း Covid-19 ကူးစက္ခံထားရတဲ့လူနာအမ်ိဳးသမီးဟာ ေနအိမ္မွာ Quarantine ေနေနရေပမဲ့လည္း သူမရဲ႕လက္သည္းကိုတအားျပဳျပင္ခ်င္လို႔ဆိုၿပီး ေနအိမ္ကေနထြက္ခြာလာၿပီး အလွျပင္ဆိုင္အထိသြားၿပီး လက္သည္းျပင္ခဲ့တာပါ ။ ပိုဆိုးတာကေတာ့ လက္သည္းျပဳျပင္ေပးတဲ့သူကို သူမရဲ႕က်န္းမာေရးအေျခအေနကိုပါ လိမ္လည္ထားလို႔ပါပဲ ။ သူမအိမ္ျပန္ေရာက္တဲ့အခ်ိန္မွ လက္သည္းျပဳျပင္ေပးသူ Taylor ကို သူမဟာလြန္ခဲ့တဲ့ 2ရက္ေလာက္ကတည္းက ေရာဂါလကၡဏာ positive ျဖစ္ေနလို႔ သီးသန္႔ quarantine ေနေနရသူျဖစ္ေၾကာင္း ႏွင့္ သူမရဲ႕လက္သည္ကိုလည္း မေနႏိုင္ေလာက္ေအာင္ျပင္ခ်င္လြန္းလို႔ ယခုလိုမ်ိဳးျပဳလုပ္ခဲ့ရတာျဖစ္ေၾကာင္း စာတိုေပးပို႔ၿပီးေတာင္းပန္ခဲ့ပါေတာ့တယ္ ။ ထို႔အျပင္ Taylor ကိုလည္း ေသခ်ာေပါက္ Quarantine ဝင္ဖို႔ မွာလိုက္ပါေသးတယ္ ။

အဆိုပါအျဖစ္အပ်က္ကို သိသိခ်င္းမွာလည္း Taylor ဟာ အေတာ္ေလးထိတ္လန္႔သြားၿပီး သူမဆိုင္ရဲ႕ေဖာက္သည္အမ်ိဳးသမီးကို ရဲအရာ႐ွိေတြထံတိုင္ၾကားၿပီး ၊ သူမကို အကူအညီေပးဖို႔ေတာင္းခံခဲ့ရပါတယ္ ။ သူမရဲ႕အျဖစ္အပ်က္ကို social media ေပၚမွာ ေဝမ်ွခဲ့ခ်ိန္မွာေတာ့ ၊ သူမတစ္ေယာက္တည္းသာမဟုတ္ပဲ အျခားေသာအလွအပျပဳ ျပင္ေရးနယ္ပယ္မွအလုပ္သမားမ်ားဟာလည္း အဆိုပါအျဖစ္အပ်က္မ်ိဳးနဲ႔ၾကံဳေတြ႔ေနရေၾကာင္း အခ်င္းခ်င္းရင္ဖြင့္ခဲ့ၾကပါတယ္ ။

Taylor ကေတာ့ သူမဆိုင္ရဲ႕ေဖာက္သည္ေတြ ၊ မိသားစုဝင္ေတြ နဲ႔ သူငယ္ခ်င္းမိတ္ေဆြေတြ ေရာဂါကူးစက္မႈမ႐ွိေအာင္ 14 ရက္ခန္႔ Quarantine ဝင္ေနရလ်က္႐ွိၿပီး ၊ သူမရဲ႕အလုပ္အကိုင္ေတြ ျပန္လုပ္ခြင့္ရဖို႔ ေမ်ွာ္လင့္ေနလ်က္႐ွိေၾကာင္း သိ႐ွိရပါတယ္ ။

Jasmine (Mckzone Daily)

Source: elitereaders

Unicode

တစ်ချို့ Covid-19 ကူးစက်ခံရသူတွေဟာ ကိုယ့်အတွက်သာကိုယ်ကြည့်ပြီး တစ်ကိုယ်ကောင်ဆန်လွန်းတဲ့သူတွေလည်းရှိပါတယ် ။ ဒီတစ်ခေါက်မှာလည်း Covid-19 ကူးစက်ခံထားရတဲ့လူနာအမျိုးသမီးဟာ နေအိမ်မှာ Quarantine နေနေရပေမဲ့လည်း သူမရဲ့လက်သည်းကိုတအားပြုပြင်ချင်လို့ဆိုပြီး နေအိမ်ကနေထွက်ခွာလာပြီး အလှပြင်ဆိုင်အထိသွားပြီး လက်သည်းပြင်ခဲ့တာပါ ။ ပိုဆိုးတာကတော့ လက်သည်းပြုပြင်ပေးတဲ့သူကို သူမရဲ့ကျန်းမာရေးအခြေအနေကိုပါ လိမ်လည်ထားလို့ပါပဲ ။ သူမအိမ်ပြန်ရောက်တဲ့အချိန်မှ လက်သည်းပြုပြင်ပေးသူ Taylor ကို သူမဟာလွန်ခဲ့တဲ့ 2ရက်လောက်ကတည်းက ရောဂါလက္ခဏာ positive ဖြစ်နေလို့ သီးသန့် quarantine နေနေရသူဖြစ်ကြောင်း နှင့် သူမရဲ့လက်သည်ကိုလည်း မနေနိုင်လောက်အောင်ပြင်ချင်လွန်းလို့ ယခုလိုမျိုးပြုလုပ်ခဲ့ရတာဖြစ်ကြောင်း စာတိုပေးပို့ပြီးတောင်းပန်ခဲ့ပါတော့တယ် ။ ထို့အပြင် Taylor ကိုလည်း သေချာပေါက် Quarantine ဝင်ဖို့ မှာလိုက်ပါသေးတယ် ။

အဆိုပါအဖြစ်အပျက်ကို သိသိချင်းမှာလည်း Taylor ဟာ အတော်လေးထိတ်လန့်သွားပြီး သူမဆိုင်ရဲ့ဖောက်သည်အမျိုးသမီးကို ရဲအရာရှိတွေထံတိုင်ကြားပြီး ၊ သူမကို အကူအညီပေးဖို့တောင်းခံခဲ့ရပါတယ် ။ သူမရဲ့အဖြစ်အပျက်ကို social media ပေါ်မှာ ဝေမျှခဲ့ချိန်မှာတော့ ၊ သူမတစ်ယောက်တည်းသာမဟုတ်ပဲ အခြားသောအလှအပပြု ပြင်ရေးနယ်ပယ်မှအလုပ်သမားများဟာလည်း အဆိုပါအဖြစ်အပျက်မျိုးနဲ့ကြုံတွေ့နေရကြောင်း အချင်းချင်းရင်ဖွင့်ခဲ့ကြပါတယ် ။

Taylor ကတော့ သူမဆိုင်ရဲ့ဖောက်သည်တွေ ၊ မိသားစုဝင်တွေ နဲ့ သူငယ်ချင်းမိတ်ဆွေတွေ ရောဂါကူးစက်မှုမရှိအောင် 14 ရက်ခန့် Quarantine ဝင်နေရလျက်ရှိပြီး ၊ သူမရဲ့အလုပ်အကိုင်တွေ ပြန်လုပ်ခွင့်ရဖို့ မျှော်လင့်နေလျက်ရှိကြောင်း သိရှိရပါတယ် ။

Jasmine (Mckzone Daily)

  • Leave a Comment