အမြဲစိတ်ဆိုးနေတဲ့ ရုပ်လေးကြောင့် ရောက်တဲ့နေရာတိုင်းလူချစ်ခံနေရတဲ့ ကြောင်လေး


1

2

3

4

5

6

7

8

9

Jasmine (Mckzone Daily)

Source: elitereaders

Unicode

ချစ်စရာကောင်းပြီး ၊ ထူးဆန်းတဲ့ရုပ်ရည်အပြုအမှုလေးတွေနဲ့ တိရစ္ဆာန်လေးတွေရဲ့ ဓာတ်ပုံ ၊ video တွေကြောင့် social media အသုံးပြုရတာ တစ်ခါတစ်လေပျော်မိတယ်လို့ ပြောရလောက်အောင်ပါပဲ ။ ဒီတစ်ခေါက်မှာလည်း အမြဲစိတ်ဆိုးဒေါသထွက်နေတဲ့ရုပ်လေးကိုပိုင်ဆိုင်ထားတဲ့ကြောင်ကလေးဟာ social media ပေါ်မှာအတော်လေး ရေပန်းစားနေလျက်ရှိပါတယ် ။ ကြောင်ကလေးဟာ Instagram မှာဆိုရင် Follower ပေါင်းများစွာပိုင်ဆိုင်ထားသူပါ ။ ကြောင်လေးရဲ့နာမည်က Kitzia ဖြစ်ပြီး Florida ပြည်နယ်မှာနေထိုင်တဲ့ Viktoriia Otdielnova အမည်ရှိတဲ့ အမျိုးသမီးဓာတ်ပုံဆရာက ခေါ်ယူမွေးစားထားတာဖြစ်ပါတယ် ။ ပိုင်ရှင်ဖြစ်သူက Kitzia ရဲ့အပြုအမှုလေးတွေကို အမြဲဓာတ်ပုံရိုက်ပေးလေ့ရှိပြီး @grumpy-kitzia ဆိုတဲ့နာမည်နဲ့ online ပေါ်မှာ ကြောင်လေးရဲ့ဓာတ်ပုံတွေ ၊ video တွေကို ဝေမျှပေးလေ့ရှိပါတယ် ။

Jasmine (Mckzone Daily)

  • Leave a Comment