လူေတြအနားကပ္တာမ်ိဳး မခံရေအာင္ ပလပ္စတစ္ေဘာ္လံုထဲဝင္ၿပီးၿမိဳ႕အႏွံ႔ေလ်ွာက္သြားေနခဲ့တဲ့အမ်ိဳးသား (႐ုပ္သံ)

ၾသစေၾတးလ်ႏိုင္ငံမွ အမ်ိဳးသားတစ္ဦးဟာ လူတစ္ေယာက္နဲ႔တစ္ေယာက္ 6ေပခန္႔အကြာအေဝးျခားနားေနေအာင္ လိုအပ္တာထက္ပိုတဲ့နည္းလမ္းမ်ိဳးနဲ႔ ဆင္ျခင္ခဲ့ပါတယ္ ။ အဲတာကေတာ့ ဖိနပ္မပါ ၊ ႏွာေခါင္းစည္း mask မပါပဲ ၿမိဳ႕အႏွံ႔ကို ပလပ္စတစ္ေဘာ္လံုထဲဝင္ၿပီး လွည့္ပတ္ေနခဲ့လို႔ပါပဲ ။ Melbourne ၿမိဳ႕အေ႐ွ႕ဖက္ Belgrave ဆင္ေျခဖံုးရပ္ကြက္မွာ ေနထိုင္ေနတဲ့အမ်ိဳးသားဟာ ” ငါကေဘာ္လံုထဲက လူသားပဲ ” ဆိုၿပီး ေအာ္ဟစ္ကာ ၿမိဳ႕အႏွံ႔လွည့္ပတ္ေနခဲ့တဲ့ video ဟာ Facebook စာမ်က္ႏွာအေပၚမွာ အေတာ္ေလးကိုေရပန္းစားေနလ်က္႐ွိပါတယ္ ။

အဆိုပါ video ဟာ online ေပၚမွာ အေတာ္ေလးကိုေရပန္းစားခဲ့ၿပီးေနာက္ လူအမ်ားစုကိုအေတာ္ေလးရယ္ေမာက်ေစခဲ့ၿပီး ၊ အေကာင္းဖက္ကေတြးထင္ေပးၾကတဲ့ comment မ်ိဳးသာ လက္ခံရ႐ွိခဲ့ပါတယ္ ။ Melbourne ၿမိဳ႕ဟာ ယခုအခ်ိန္မွာ Covid -19 ေရာဂါကူးစက္မႈ ျပန္လည္ျမင့္မားေနခဲ့တဲ့အတြက္ အသြားအလာကန္႔သတ္ပိတ္ပင္မႈမ်ား႐ွိေနပါတယ္ ။ ထိုေၾကာင့္အခ်ိဳ႕ေသာသူမ်ားက ၿမိဳ႕ထဲသြားခ်င္ရင္ေတာ့ ဒီအမ်ိဳးသားလို ေဘာ္လံုထဲဝင္ေနၿပီး သြားသင့္တယ္ဆိုၿပီး ဟာသေႏွာကာ ေနာက္ေျပာင္ခဲ့ၾကပါတယ္ ။

Jasmine (Mckzone Daily)

Source: elitereaders

Unicode

သြစတြေးလျနိုင်ငံမှ အမျိုးသားတစ်ဦးဟာ လူတစ်ယောက်နဲ့တစ်ယောက် 6ပေခန့်အကွာအဝေးခြားနားနေအောင် လိုအပ်တာထက်ပိုတဲ့နည်းလမ်းမျိုးနဲ့ ဆင်ခြင်ခဲ့ပါတယ် ။ အဲတာကတော့ ဖိနပ်မပါ ၊ နှာခေါင်းစည်း mask မပါပဲ မြို့အနှံ့ကို ပလပ်စတစ်ဘော်လုံထဲဝင်ပြီး လှည့်ပတ်နေခဲ့လို့ပါပဲ ။ Melbourne မြို့အရှေ့ဖက် Belgrave ဆင်ခြေဖုံးရပ်ကွက်မှာ နေထိုင်နေတဲ့အမျိုးသားဟာ ” ငါကဘော်လုံထဲက လူသားပဲ ” ဆိုပြီး အော်ဟစ်ကာ မြို့အနှံ့လှည့်ပတ်နေခဲ့တဲ့ video ဟာ Facebook စာမျက်နှာအပေါ်မှာ အတော်လေးကိုရေပန်းစားနေလျက်ရှိပါတယ် ။

အဆိုပါ video ဟာ online ပေါ်မှာ အတော်လေးကိုရေပန်းစားခဲ့ပြီးနောက် လူအများစုကိုအတော်လေးရယ်မောကျစေခဲ့ပြီး ၊ အကောင်းဖက်ကတွေးထင်ပေးကြတဲ့ comment မျိုးသာ လက်ခံရရှိခဲ့ပါတယ် ။ Melbourne မြို့ဟာ ယခုအချိန်မှာ Covid -19 ရောဂါကူးစက်မှု ပြန်လည်မြင့်မားနေခဲ့တဲ့အတွက် အသွားအလာကန့်သတ်ပိတ်ပင်မှုများရှိနေပါတယ် ။ ထိုကြောင့်အချို့သောသူများက မြို့ထဲသွားချင်ရင်တော့ ဒီအမျိုးသားလို ဘော်လုံထဲဝင်နေပြီး သွားသင့်တယ်ဆိုပြီး ဟာသနှောကာ နောက်ပြောင်ခဲ့ကြပါတယ် ။

Jasmine (Mckzone Daily)

  • Leave a Comment