ႂကြက္ေလးေတြ ဖန္တီးေရးဆြဲထားတဲ့ပန္းခ်ီကားအေသးေလးေတြ ေရာင္းမေလာက္ေအာင္ကိုျဖစ္ခဲ့

အခ်ိဳ႕ေသာတိရစာၦန္ေလးေတြဟာ အႏုပညာကိုခံစားတတ္ၾကၿပီး ၊ ပန္းခ်ီကားေတြဖန္တီးေရးဆြဲႏိုင္ၾကတာမ်ိဳးၾကားဖူးၾကမွာပါ ။ ဒီတစ္ေခါက္မွာလည္း အရည္အခ်င္း႐ွိလြန္းလွတဲ့ႂကြက္ကေလးေတြဟာ ၎တို႔ကို ေဆးေရာင္စံု ႏွင့္ ပတၱဴ စေတြေပးလိုက္ရင္ျဖင့္ ပန္းခ်ီကားေကာင္းေကာင္းေလးတစ္ခ်ပ္ကိုေရးဆြဲႏိုင္ၾကပါတယ္ ။ Steph Toogood အမည္႐ွိတဲ့အမ်ိဳးသမီးဟာ အစပိုင္းမွာေတာ့ ႂကြက္ကေလးေတြေရးဆြဲတဲ့ပန္းခ်ီကားမ်ိဳးေရာင္းခ်တဲ့လုပ္ငန္းမ်ိဳးလုပ္ဖို႔ မစဥ္းစားမိခဲ့ပါဘူး ။ အဆိုပါစိတ္ကူးမ်ိဳးကို သူမရဲ႕ႂကြက္ကေလးေတြထဲမွ Captain Jack Sparrow အမည္ေပးထားတဲ့ ႂကြက္ကေလးတစ္ေကာင္က ခြဲစိတ္မႈခံယူရင္း ေမ့ေဆးေၾကာင့္လံုးဝျပန္မႏႈိးထလာခဲ့ေတာ့လို႔ ေနာက္ဆံုးသူမဟာ အမွတ္တရအေနနဲ႔ႂကြက္ကေလးရဲ႕ လက္ဖဝါးေလးရဲ႕အရာကို ယူထားခဲ့ရင္းကေန ယခုလိုစိတ္ကူးမ်ိဳးရ႐ွိသြားခဲ့တာျဖစ္ေၾကာင္း ေျပာျပခဲ့ပါတယ္ ။

” ကြၽန္မရဲ႕တျခားက်န္ေနခဲ့တဲ့ ႂကြက္ကေလးေတြကိုလည္းခ်စ္လြန္းလို႔ သူတို႔မ႐ွိေတာ့တဲ့အခ်ိန္က်ရင္ သူတို႔ရဲ႕လက္ဖဝါးပံုေတြ အမွတ္တရအေနနဲ႔သိမ္းထားခြင့္ရေအာင္ ေဆးေရာင္စံု နဲ႔ ပတၱဴ စအေသးေလးေတြကို ဝယ္ခဲ့တာပါ ၿပီးေတာ့ သူတို႔ေလးေတြဖန္တီးထားတဲ့ အမွတ္တရျဖစ္ေစမဲ့ပန္းခ်ီကားအေသးေလးေတြကို ကြၽန္မသိမ္းထားလို႔ရေအာင္ ဆိုၿပီးစဥ္းစားခဲ့တာပါ ” လို႔ Steph ကေျပာျပခဲ့ပါတယ္ ။

Steph ဟာ ဓာတ္ပံု႐ိုက္ရတာကိုလည္း ဝါသနာပါသူျဖစ္တဲ့အတြက္ ႂကြက္ကေလးေတြ ပန္းခ်ီကားဖန္တီးေနတဲ့အခ်ိန္ကို သူမအမွတ္တရဓာတ္ပံုေတြ႐ိုက္ၿပီး online ေပၚမွာေဝမ်ွခဲ့တာပါ ။ ထိုအခိန္မွာေတာ့ ႂကြက္ကေလးေတြရဲ႕ ပန္းခ်ီကားေတြကိုလိုခ်င္သူ အမ်ားအျပား႐ွိခဲ့ပါေတာ့တယ္ ။ ထို႔ေၾကာင့္ Steph က Toogood’s Tiny Paws page ကို ေထာင္ခဲ့ၿပီး ႂကြက္ကေလးေတြရဲ႕ ပန္းခ်ီကားေတြကိုေဝမ်ွေပးေနလ်က္႐ွိပါတယ္ ။

1

2

3

4

5

6

7

8

9

10

Jasmine (Mckzone Daily)

Source: boredpanda

Unicode

အချို့သောတိရစ္ဆာန်လေးတွေဟာ အနုပညာကိုခံစားတတ်ကြပြီး ၊ ပန်းချီကားတွေဖန်တီးရေးဆွဲနိုင်ကြတာမျိုးကြားဖူးကြမှာပါ ။ ဒီတစ်ခေါက်မှာလည်း အရည်အချင်းရှိလွန်းလှတဲ့ကြွက်ကလေးတွေဟာ ၎င်းတို့ကို ဆေးရောင်စုံ နှင့် ပတ္တူ စတွေပေးလိုက်ရင်ဖြင့် ပန်းချီကားကောင်းကောင်းလေးတစ်ချပ်ကိုရေးဆွဲနိုင်ကြပါတယ် ။ Steph Toogood အမည်ရှိတဲ့အမျိုးသမီးဟာ အစပိုင်းမှာတော့ ကြွက်ကလေးတွေရေးဆွဲတဲ့ပန်းချီကားမျိုးရောင်းချတဲ့လုပ်ငန်းမျိုးလုပ်ဖို့ မစဉ်းစားမိခဲ့ပါဘူး ။ အဆိုပါစိတ်ကူးမျိုးကို သူမရဲ့ကြွက်ကလေးတွေထဲမှ Captain Jack Sparrow အမည်ပေးထားတဲ့ ကြွက်ကလေးတစ်ကောင်က ခွဲစိတ်မှုခံယူရင်း မေ့ဆေးကြောင့်လုံးဝပြန်မနှိုးထလာခဲ့တော့လို့ နောက်ဆုံးသူမဟာ အမှတ်တရအနေနဲ့ကြွက်ကလေးရဲ့ လက်ဖဝါးလေးရဲ့အရာကို ယူထားခဲ့ရင်းကနေ ယခုလိုစိတ်ကူးမျိုးရရှိသွားခဲ့တာဖြစ်ကြောင်း ပြောပြခဲ့ပါတယ် ။

” ကျွန်မရဲ့တခြားကျန်နေခဲ့တဲ့ ကြွက်ကလေးတွေကိုလည်းချစ်လွန်းလို့ သူတို့မရှိတော့တဲ့အချိန်ကျရင် သူတို့ရဲ့လက်ဖဝါးပုံတွေ အမှတ်တရအနေနဲ့သိမ်းထားခွင့်ရအောင် ဆေးရောင်စုံ နဲ့ ပတ္တူ စအသေးလေးတွေကို ဝယ်ခဲ့တာပါ ပြီးတော့ သူတို့လေးတွေဖန်တီးထားတဲ့ အမှတ်တရဖြစ်စေမဲ့ပန်းချီကားအသေးလေးတွေကို ကျွန်မသိမ်းထားလို့ရအောင် ဆိုပြီးစဉ်းစားခဲ့တာပါ ” လို့ Steph ကပြောပြခဲ့ပါတယ် ။

Steph ဟာ ဓာတ်ပုံရိုက်ရတာကိုလည်း ဝါသနာပါသူဖြစ်တဲ့အတွက် ကြွက်ကလေးတွေ ပန်းချီကားဖန်တီးနေတဲ့အချိန်ကို သူမအမှတ်တရဓာတ်ပုံတွေရိုက်ပြီး online ပေါ်မှာဝေမျှခဲ့တာပါ ။ ထိုအခိန်မှာတော့ ကြွက်ကလေးတွေရဲ့ ပန်းချီကားတွေကိုလိုချင်သူ အများအပြားရှိခဲ့ပါတော့တယ် ။ ထို့ကြောင့် Steph က Toogood’s Tiny Paws page ကို ထောင်ခဲ့ပြီး ကြွက်ကလေးတွေရဲ့ ပန်းချီကားတွေကိုဝေမျှပေးနေလျက်ရှိပါတယ် ။

Jasmine (Mckzone Daily)

  • Leave a Comment