အိမ္ဝယ္မယ္ဆိုရင္ျဖင့္ အိမ္ေရာ ၊ ဇနီးေရာ ၊ သမီးႏွစ္ေယာက္ကိုပါ တစ္ခါတည္းပိုင္ဆိုင္ရမဲ့အျဖစ္

အင္ဒိုနီး႐ွားႏိုင္ငံမွ အိမ္ေရာင္းခ်င္တဲ့ အမ်ိဳးသမီးတစ္ေယာက္ရဲ႕သတင္းဟာ အေတာ္ေလးကိုလူေျပာမ်ားေနလ်က္႐ွိပါတယ္ ။ အေၾကာင္းကေတာ့ သူမေရာင္းတဲ့အိမ္ကို ဝယ္လိုက္သူဟာ အိမ္ပိုင္႐ွင္ျဖစ္သြားမဲ့အျပင္ ၊ တစ္ခါတည္းပါ သူမရဲ႕ခင္ပြန္းျဖစ္ရမွာ မို႔လို႔ပါ ။ Ayu Novi Astiana အမည္႐ွိတဲ့ အသက္ 31 ႏွစ္အရြယ္ Single mother တစ္ေယာက္ဟာ ေက်ာက္ခဲတစ္လံုးနဲ႔ ငွက္ႏွစ္ေကာင္ကိုပစ္လိုက္တာပါပဲ ။ သူမကေတာ့ ” ကြၽန္မရဲ႕စီးပြားေရးအတြက္ ေငြလိုလို႔ ၿပီးရင္ ကြၽန္မရဲ႕သမီးေတြအတြက္ ေငြစုထားေပးခ်င္လို႔ ဒီအိမ္ကိုေရာင္းမွာပါ ။ ဒီအိမ္ကို ဝယ္လိုက္တဲ့သူကလည္း ကြၽန္မနဲ႔လိုက္ဖက္တဲ့သူျဖစ္ရမယ္ ၊ ကြၽန္မရဲ႕ ခင္ပြန္းျဖစ္ႏိုင္မဲ့သူေပါ့ ” ဆိုၿပီး ေျပာဆိုထားပါတယ္ ။

ထို႔အျပင္ အိမ္ဝယ္မဲ့သူက single ျဖစ္ရမယ္ ၊ တာဝန္ယူစိတ္အျပည့္႐ွိရမယ္ ဆိုၿပီးေတာ့ပါ ေျပာဆိုထားပါေသးတယ္ ။ ထို႔အျပင္ ” ဒီလို စိတ္ကူးမ်ိဳးရခဲ့တာကလည္း ကြၽန္မအိမ္ေရာင္းမယ္ေျပာေတာ့ ကြၽန္မရဲ႕အိမ္နီးခ်င္းက တစ္ခါတည္းေယာက်ၤားပဲယူလိုက္ပါလား ဆိုၿပီးေျပာလိုက္လို႔ပါ ၊ အစပိုင္းေတာ့ ကြၽန္မ႐ွက္ေနေပမဲ့ ျပန္ေတြးၾကည့္လိုက္ေတာ့ လုပ္ၾကည့္လိုက္မယ္ ဆိုၿပီးျဖစ္လာခဲ့တာပါ ” ဆိုၿပီး သူမရဲ႕စိတ္ကူးေပၚေပါက္ခဲ့ပံုကို ႐ွင္းျပခဲ့ပါတယ္ ။

သူမဟာ သမီးေလးႏွစ္ေယာက္ရဲ႕မိခင္ျဖစ္ၿပီး ၊ လက္ထပ္ၿပီး 4ႏွစ္အၾကာ ၿပီးခဲ့တဲ့ May လကမွ ကြာ႐ွင္းထားခဲ့တာျဖစ္ေၾကာင္း သိ႐ွိရပါတယ္ ။ သူမ နဲ႔ သူမရဲ႕သမီးငယ္ႏွစ္ေယာက္လံုးကို လက္ခံႏိုင္တဲ့သူမ်ိဳးကိုသာ ပိုင္ဆိုင္ခ်င္တာျဖစ္ေၾကာင္း ေျပာျပခဲ့ပါတယ္ ။ သူမအိမ္ရဲ႕ လက္႐ွိအိမ္ေပါက္ေစ်းမွာ IDR 250 million (ျမန္မာေငြ သိန္း 250 ေက်ာ္ခန္႔) ႐ွိေၾကာင္း သိ႐ွိရပါတယ္ ။

Jasmine (Mckzone Daily)

Source: worldofbuzz

Unicode

အင်ဒိုနီးရှားနိုင်ငံမှ အိမ်ရောင်းချင်တဲ့ အမျိုးသမီးတစ်ယောက်ရဲ့သတင်းဟာ အတော်လေးကိုလူပြောများနေလျက်ရှိပါတယ် ။ အကြောင်းကတော့ သူမရောင်းတဲ့အိမ်ကို ဝယ်လိုက်သူဟာ အိမ်ပိုင်ရှင်ဖြစ်သွားမဲ့အပြင် ၊ တစ်ခါတည်းပါ သူမရဲ့ခင်ပွန်းဖြစ်ရမှာ မို့လို့ပါ ။ Ayu Novi Astiana အမည်ရှိတဲ့ အသက် 31 နှစ်အရွယ် Single mother တစ်ယောက်ဟာ ကျောက်ခဲတစ်လုံးနဲ့ ငှက်နှစ်ကောင်ကိုပစ်လိုက်တာပါပဲ ။ သူမကတော့ ” ကျွန်မရဲ့စီးပွားရေးအတွက် ငွေလိုလို့ ပြီးရင် ကျွန်မရဲ့သမီးတွေအတွက် ငွေစုထားပေးချင်လို့ ဒီအိမ်ကိုရောင်းမှာပါ ။ ဒီအိမ်ကို ဝယ်လိုက်တဲ့သူကလည်း ကျွန်မနဲ့လိုက်ဖက်တဲ့သူဖြစ်ရမယ် ၊ ကျွန်မရဲ့ ခင်ပွန်းဖြစ်နိုင်မဲ့သူပေါ့ ” ဆိုပြီး ပြောဆိုထားပါတယ် ။

ထို့အပြင် အိမ်ဝယ်မဲ့သူက single ဖြစ်ရမယ် ၊ တာဝန်ယူစိတ်အပြည့်ရှိရမယ် ဆိုပြီးတော့ပါ ပြောဆိုထားပါသေးတယ် ။ ထို့အပြင် ” ဒီလို စိတ်ကူးမျိုးရခဲ့တာကလည်း ကျွန်မအိမ်ရောင်းမယ်ပြောတော့ ကျွန်မရဲ့အိမ်နီးချင်းက တစ်ခါတည်းယောင်္ကျားပဲယူလိုက်ပါလား ဆိုပြီးပြောလိုက်လို့ပါ ၊ အစပိုင်းတော့ ကျွန်မရှက်နေပေမဲ့ ပြန်တွေးကြည့်လိုက်တော့ လုပ်ကြည့်လိုက်မယ် ဆိုပြီးဖြစ်လာခဲ့တာပါ ” ဆိုပြီး သူမရဲ့စိတ်ကူးပေါ်ပေါက်ခဲ့ပုံကို ရှင်းပြခဲ့ပါတယ် ။

သူမဟာ သမီးလေးနှစ်ယောက်ရဲ့မိခင်ဖြစ်ပြီး ၊ လက်ထပ်ပြီး 4နှစ်အကြာ ပြီးခဲ့တဲ့ May လကမှ ကွာရှင်းထားခဲ့တာဖြစ်ကြောင်း သိရှိရပါတယ် ။ သူမ နဲ့ သူမရဲ့သမီးငယ်နှစ်ယောက်လုံးကို လက်ခံနိုင်တဲ့သူမျိုးကိုသာ ပိုင်ဆိုင်ချင်တာဖြစ်ကြောင်း ပြောပြခဲ့ပါတယ် ။ သူမအိမ်ရဲ့ လက်ရှိအိမ်ပေါက်ဈေးမှာ IDR 250 million (မြန်မာငွေ သိန်း 250 ကျော်ခန့်) ရှိကြောင်း သိရှိရပါတယ် ။

Jasmine (Mckzone Daily)

  • Leave a Comment