ပစ်လိုက်ရုံနဲ့ မျက်နှာပေါ်တစ်ခါတည်း mask တပ်ပေးလိုက်မဲ့ mask သေနတ်တီထွင်ခဲ့တဲ့အမျိုးသား (ရုပ်သံ)




Jasmine (Mckzone Daily)

Source: worldofbuzz

Unicode

2020 ခုနှစ်ဟာ mask မတပ်ဘဲ အိမ်မပြင်မထွက်သင့်တဲ့နှစ်လို့ပြောရမှာပါပဲ ။ ရောဂါကူးစက်ပျံ့နှံ့မှုမရှိအောင် လူစုလူဝေးများတဲ့နေရာတွေမျိုးမှာ mask တပ်ကြဖို့တိုက်တွန်းနေကြပေမဲ့ အချို့သော ခေါင်းမာလွန်းတဲ့သူတွေကတော့ mask မတပ်ကြသေးပါဘူး ။ အဆိုပါအဖြစ်မျိုးဖြေရှင်းနိုင်အောင် Allan Pan အမည်ရှိတဲ့ YouTuber တစ်ယောက်က mask သေနတ်တီထွင်ခဲ့ပါတယ် ။ အဲဒါကတော့ mask မတပ်ထားသူရဲ့မျက်နှာပေါ် အဆိုပါလက်နက်နဲ့ပစ်ပြီး mask တပ်ပေးလိုက်တာပါပဲ ။

ယုံကြည်မှုအပြည့်နဲ့ အဆိုပါ mask သေနတ်ကိုတီထွင်ပြီး ကိုယ့်ကိုစမ်းပစ်ခဲ့တဲ့အချိန်မှာတော့ မယုံကြည်နိုင်လောက်အောင် အောင်မြင်သွားခဲ့ပါတယ် ။ သို့ပေမဲ့လည်း အဆိုပါmask သေနတ်ကို ကမ်းခြေမှာလက်တွေ့အသုံးပြုဖို့ သွားရောက်စမ်းသပ်ခဲ့ချိန်မှာတော့ လေတိုက်မှုနှုန်းကြောင့် ပစ်မှတ်လွဲနေတဲ့အဖြစ်မျိုးကြုံခဲ့ရလို့ လက်တွေ့အသုံးပြုဖို့ အဆင်မပြေဖြစ်ခဲ့ရပါတယ် ။

Allan Pan ရဲ့တီထွင်မှုဟာ မအောင်မြင်ခဲ့ပေမဲ့လည်း သူ့ရဲ့အကောင်းဖက်ကတွေးထင်ပြီးပြုလုပ်ခဲ့တဲ့အရာဟာ လူအတော်များများကို အပြင်သွားတဲ့အချိန်တိုင်း mask တပ်ဖို့ သတိရစေမှာပါ ။

Jasmine (Mckzone Daily)

  • Leave a Comment