ရထားလမ္းေပၚက ဝီး႐ွဲနဲ႔အဘိုးအိုကို စကၠန္႔ပိုင္းအတြင္းအခ်ိန္မီကယ္တင္ေပးနိုင္ခဲ့တဲ့ ရဲေမ (႐ုပ္သံ)

အေမရိကန္ႏိုင္ငံ ၊ San Francisco ၿမိဳ႕မွ Erika Urrea အမည္႐ွိတဲ့ ရဲေမတစ္ဦးဟာ ၿပီးခဲ့တဲ့ ဗုဒၶဟူးေန႔ မနက္ခင္းပိုင္းက ကားေမာင္းထြက္လာရင္းနဲ႔ မီးရထားလမ္းေပၚမွာ ညပ္မိေနတဲ့ဝီး႐ွဲနဲ႔အမ်ိဳးသားတစ္ေယာက္ကို ေတြ႔႐ွိခဲ့ပါတယ္ ။ အဆိုပါအမ်ိဳးသားဟာလည္း သူ၏ဝီး႐ွဲကိုခါယမ္းေနခဲ့လို႔ ရထားလမ္းမွာညပ္မိေနတာကို သူမသတိထားမိခဲ့ပါေတာ့တယ္ ။ ရထားကလည္း ေရာက္႐ွိလာေတာ့မွာျဖစ္လို႔ က်ယ္ေလာင္စြာေအာ္ျမည္ေနၿပီး ၊ လမ္းေဘး႐ွိ အခ်က္ျပမီးေတြလည္း နီလာပါၿပီ ။ ထို႔ေၾကာင့္ ရဲေမ Urrea က ကားခ်က္ခ်င္းရပ္ၿပီး အဆိုပါအမ်ိဳးသားဆီသို႔အေျပးအလႊားသြားကာ ၊ အဆိုပါအမ်ိဳးသား၏ဝီး႐ွဲမွခါးပတ္ကိုျဖဳတ္ၿပီး စကၠန္႔ပိုင္းအတြင္း တရြတ္တိုက္ဆြဲေခၚကယ္ဆယ္ခဲ့ရပါတယ္ ။ ရဲေမ ႏွင့္ အဆိုပါအမ်ိဳးသားႏွစ္ေယာက္လံုးဟာ ေျမျပင္ေပၚလဲက်သြားခဲ့ပါေတာ့တယ္ ။

အသက္ 66ႏွစ္အရြယ္အမ်ိဳးသားဟာ ေျမျပင္ေပၚလဲက်ခဲ့လို႔ ေျခေထာက္မွာဒဏ္ရာအနည္းငယ္ရ႐ွိသြားခဲ့ရပါတယ္ ။ မၾကာခင္မွာပဲ အဆိုပါေနရာသို႔ ရဲအရာ႐ွိႏွစ္ဦးေယာက္႐ွိလာၿပီး အဆိုပါအမ်ိဳးသားကို ေဆးကုသမႈအတြက္ ေဆးရံုသို႔ပို႔ေဆာင္ေပးခဲ့ၾကပါတယ္ ။ ရဲေမ Urrea ကေတာ့ အခင္းျဖစ္ပြားတဲ့အခ်ိန္တုန္းက သူမဟာေၾကာက္လန္႔ဖို႔ေတာင္ သတိမရခဲ့ေၾကာင္း ႏွင့္ video ျပန္ၾကည့္မိတဲ့အခ်ိန္မွ မၾကည့္ရဲေလာက္ေအာင္ျဖစ္မိေၾကာင္း ေျပာျပခဲ့ပါတယ္ ။

Lodi ရဲစခန္းကေတာ့ ၎တို႔ရဲ႕ ရဲဝန္ထမ္းတစ္ဦးရဲ႕လုပ္ေဆာင္ခ်က္ကို ဂုဏ္ယူလြန္းလို႔ဆိုၿပီး အဆိုပါ video ကို social media ေပၚမွာ ေဝမ်ွေပးခဲ့လို႔ video ဟာ အေတာ္ေလးကိုေရပန္းစားေနလ်က္႐ွိေၾကာင္းသိ႐ွိရပါတယ္ ။

Jasmine (Mckzone Daily)

Source: elitereaders.

Unicode

အမေရိကန်နိုင်ငံ ၊ San Francisco မြို့မှ Erika Urrea အမည်ရှိတဲ့ ရဲမေတစ်ဦးဟာ ပြီးခဲ့တဲ့ ဗုဒ္ဓဟူးနေ့ မနက်ခင်းပိုင်းက ကားမောင်းထွက်လာရင်းနဲ့ မီးရထားလမ်းပေါ်မှာ ညပ်မိနေတဲ့ဝီးရှဲနဲ့အမျိုးသားတစ်ယောက်ကို တွေ့ရှိခဲ့ပါတယ် ။ အဆိုပါအမျိုးသားဟာလည်း သူ၏ဝီးရှဲကိုခါယမ်းနေခဲ့လို့ ရထားလမ်းမှာညပ်မိနေတာကို သူမသတိထားမိခဲ့ပါတော့တယ် ။ ရထားကလည်း ရောက်ရှိလာတော့မှာဖြစ်လို့ ကျယ်လောင်စွာအော်မြည်နေပြီး ၊ လမ်းဘေးရှိ အချက်ပြမီးတွေလည်း နီလာပါပြီ ။ ထို့ကြောင့် ရဲမေ Urrea က ကားချက်ချင်းရပ်ပြီး အဆိုပါအမျိုးသားဆီသို့အပြေးအလွှားသွားကာ ၊ အဆိုပါအမျိုးသား၏ဝီးရှဲမှခါးပတ်ကိုဖြုတ်ပြီး စက္ကန့်ပိုင်းအတွင်း တရွတ်တိုက်ဆွဲခေါ်ကယ်ဆယ်ခဲ့ရပါတယ် ။ ရဲမေ နှင့် အဆိုပါအမျိုးသားနှစ်ယောက်လုံးဟာ မြေပြင်ပေါ်လဲကျသွားခဲ့ပါတော့တယ် ။

အသက် 66နှစ်အရွယ်အမျိုးသားဟာ မြေပြင်ပေါ်လဲကျခဲ့လို့ ခြေထောက်မှာဒဏ်ရာအနည်းငယ်ရရှိသွားခဲ့ရပါတယ် ။ မကြာခင်မှာပဲ အဆိုပါနေရာသို့ ရဲအရာရှိနှစ်ဦးယောက်ရှိလာပြီး အဆိုပါအမျိုးသားကို ဆေးကုသမှုအတွက် ဆေးရုံသို့ပို့ဆောင်ပေးခဲ့ကြပါတယ် ။ ရဲမေ Urrea ကတော့ အခင်းဖြစ်ပွားတဲ့အချိန်တုန်းက သူမဟာကြောက်လန့်ဖို့တောင် သတိမရခဲ့ကြောင်း နှင့် video ပြန်ကြည့်မိတဲ့အချိန်မှ မကြည့်ရဲလောက်အောင်ဖြစ်မိကြောင်း ပြောပြခဲ့ပါတယ် ။

Lodi ရဲစခန်းကတော့ ၎င်းတို့ရဲ့ ရဲဝန်ထမ်းတစ်ဦးရဲ့လုပ်ဆောင်ချက်ကို ဂုဏ်ယူလွန်းလို့ဆိုပြီး အဆိုပါ video ကို social media ပေါ်မှာ ဝေမျှပေးခဲ့လို့ video ဟာ အတော်လေးကိုရေပန်းစားနေလျက်ရှိကြောင်းသိရှိရပါတယ် ။

Jasmine (Mckzone Daily)

  • Leave a Comment