အသက္မ႐ႈႏိုင္ေတာ့တဲ့ ရက္သားအရြယ္ကေလးငယ္ကို အခ်ိန္မီကယ္တင္ေပးႏိုင္ခဲ့တဲ့ ရဲအရာ႐ွိ (႐ုပ္သံ)

အေမရိကန္ႏိုင္ငံ ၊ Michigan ျပည္နယ္မွာ တာဝန္ထမ္းေဆာင္ေနလ်က္႐ွိတဲ့ ရဲဝန္ထမ္းအမ်ိဳးသားတစ္ေယာက္ကို ျပည္သူေတြက ကယ္တင္႐ွင္ႀကီးဆိုၿပီး ခ်ီးက်ဴ းေနလ်က္႐ွိပါတယ္ ။ အေၾကာင္းကေတာ့ Cameron Maciejewski အမည္႐ွိတဲ့ ရဲဝန္ထမ္းအမ်ိဳးသားက 3ပတ္သားအရြယ္သာ႐ွိေသးတဲ့ သမီးငယ္ေလးကို သတၱိ႐ွိ႐ွိနဲ႔ကယ္တင္ေပးလိုက္တဲ့video ဟာ social media ေပၚမွာ ေရပန္းစားေနလို႔ပါပဲ ။ မိသားစုတစ္စုစီက တိုင္ၾကားခ်က္လက္ခံရ႐ွိခဲ့လို႔ အခင္းျဖစ္ပြားရာေနရာသို႔ ေရာက္႐ွိခဲ့ခ်ိန္မွာေတာ့ အသက္မ႐ႈႏိုင္ေတာ့တဲ့ကေလးငယ္ကိုေပြ႔ထားတဲ့မိခင္တစ္ေယာက္ဟာ ရဲကားဆီသို႔ေအာ္ဟစ္ငိုေႂကြးကာ အေျပးအလႊားေရာက္ရိွလာခဲ့ပါတယ္ ။

ထိုအခ်ိန္မွာေတာ့ ရဲအရာ႐ွိက တည္ၿငိမ္စြာျဖင့္ ႏို႔စို႔အရြယ္ကေလးငယ္ရဲ႕အေျခအေနကိုစစ္ေဆးၿပီး ေ႐ွ႕ဦးသူနာျပဳနည္းလမ္းနဲ႔ ကေလးငယ္အသက္ျပန္႐ႈႏိုင္ေအာင္ ကေလးငယ္ရဲ႕ေက်ာဖက္ကို ႐ိုက္ပုတ္ေပးခဲ့ပါတယ္ ။ မၾကာခင္မွာပဲ ကေလးငယ္ရဲ႕အသက္႐ႈလမ္းေၾကာင္းဟာ ျပန္ပြင့္သြားၿပီး ၊ ကေလးငယ္မွာ ေအာ္ဟစ္ငိုေႂကြးခဲ့ပါေတာ့တယ္ ။ ၿပီးေနာက္ ကေလးငယ္ကိုအနီးဝန္းက်င္႐ွိ ေဆးခန္းသို႔အလ်င္အျမန္ေခၚေဆာင္သြားခဲ့ၾကပါေတာ့တယ္ ။

Video ထဲမွာျမင္ေတြ႔ရတဲ့အတိုင္း ရဲအရာ႐ွိ Maciejewski ဟာ ငိုေႂကြးေနတဲ့ကေလးမိခင္ကို စိတ္ကိုတည္ၿငိမ္ေအာင္ထားဖို႔ ႏွစ္သိမ့္ေနခဲ့ၿပီး ၊ တစ္ၿပိဳင္နက္တည္းမွာပဲ ကေလးငယ္အသက္ျပန္႐ႈႏိုင္ေအာင္ ကူညီေပးခဲ့တာပါ ။ Maciejewski ကလည္း ကိုယ့္ကိုစိတ္တည္ျငိမ္ၿပီးမတုန္လႈပ္ေအာင္ အရင္ထိန္းခ်ဳပ္ၿပီးမွ သင္တန္းကာလတုန္းက ေလ့က်င့္သင္ယူထားတဲ့အတိုင္း ႀကိဳးစားကူညီေပးခဲ့တာျဖစ္ေၾကာင္း ေျပာၾကားခဲ့ပါတယ္ ။

Jasmine (Mckzone Daily)

Source: elitereaders

Unicode

အမေရိကန်နိုင်ငံ ၊ Michigan ပြည်နယ်မှာ တာဝန်ထမ်းဆောင်နေလျက်ရှိတဲ့ ရဲဝန်ထမ်းအမျိုးသားတစ်ယောက်ကို ပြည်သူတွေက ကယ်တင်ရှင်ကြီးဆိုပြီး ချီးကျူ းနေလျက်ရှိပါတယ် ။ အကြောင်းကတော့ Cameron Maciejewski အမည်ရှိတဲ့ ရဲဝန်ထမ်းအမျိုးသားက 3ပတ်သားအရွယ်သာရှိသေးတဲ့ သမီးငယ်လေးကို သတ္တိရှိရှိနဲ့ကယ်တင်ပေးလိုက်တဲ့video ဟာ social media ပေါ်မှာ ရေပန်းစားနေလို့ပါပဲ ။ မိသားစုတစ်စုစီက တိုင်ကြားချက်လက်ခံရရှိခဲ့လို့ အခင်းဖြစ်ပွားရာနေရာသို့ ရောက်ရှိခဲ့ချိန်မှာတော့ အသက်မရှုနိုင်တော့တဲ့ကလေးငယ်ကိုပွေ့ထားတဲ့မိခင်တစ်ယောက်ဟာ ရဲကားဆီသို့အော်ဟစ်ငိုကြွေးကာ အပြေးအလွှားရောက်ရှိလာခဲ့ပါတယ် ။

ထိုအချိန်မှာတော့ ရဲအရာရှိက တည်ငြိမ်စွာဖြင့် နို့စို့အရွယ်ကလေးငယ်ရဲ့အခြေအနေကိုစစ်ဆေးပြီး ရှေ့ဦးသူနာပြုနည်းလမ်းနဲ့ ကလေးငယ်အသက်ပြန်ရှုနိုင်အောင် ကလေးငယ်ရဲ့ကျောဖက်ကို ရိုက်ပုတ်ပေးခဲ့ပါတယ် ။ မကြာခင်မှာပဲ ကလေးငယ်ရဲ့အသက်ရှုလမ်းကြောင်းဟာ ပြန်ပွင့်သွားပြီး ၊ ကလေးငယ်မှာ အော်ဟစ်ငိုကြွေးခဲ့ပါတော့တယ် ။ ပြီးနောက် ကလေးငယ်ကိုအနီးဝန်းကျင်ရှိ ဆေးခန်းသို့အလျင်အမြန်ခေါ်ဆောင်သွားခဲ့ကြပါတော့တယ် ။

Video ထဲမှာမြင်တွေ့ရတဲ့အတိုင်း ရဲအရာရှိ Maciejewski ဟာ ငိုကြွေးနေတဲ့ကလေးမိခင်ကို စိတ်ကိုတည်ငြိမ်အောင်ထားဖို့ နှစ်သိမ့်နေခဲ့ပြီး ၊ တစ်ပြိုင်နက်တည်းမှာပဲ ကလေးငယ်အသက်ပြန်ရှုနိုင်အောင် ကူညီပေးခဲ့တာပါ ။ Maciejewski ကလည်း ကိုယ့်ကိုစိတ်တည်ငြိမ်ပြီးမတုန်လှုပ်အောင် အရင်ထိန်းချုပ်ပြီးမှ သင်တန်းကာလတုန်းက လေ့ကျင့်သင်ယူထားတဲ့အတိုင်း ကြိုးစားကူညီပေးခဲ့တာဖြစ်ကြောင်း ပြောကြားခဲ့ပါတယ် ။

Jasmine (Mckzone Daily)

  • Leave a Comment