ကားစက်နှိုးလျက်ဖြင့် ရုတ်တရက်ကားပေါ်ကပြေးဆင်ပြီး တံတားပေါ်ကနေခုန်ချသွားခဲ့တဲ့ လူငယ်တစ်ဦး (ရုပ်သံ)



Jasmine (Mckzone Daily)

Source: worldofbuzz

Unicode

မလေးရှားနိုင်ငံက အသက် 24နှစ်အရွယ် လူငယ်တစ်ဦးဟာ ပြီးခဲ့တဲ့ August 23 ရက်နေ့ ညခင်းအချိန်ခန့်မှာ Penang Bridge တံတားပေါ်ကနေ ရုတ်တရက်ခုန်ချသွားခဲ့ပါတယ် ။ ကောင်လေးဟာ သူ၏အနီရောင် Perodua Bezza ကားကို စက်နှိုးလျက်သားဖြင့် တံတားပေါ်မှာချန်ရစ်ထားခဲ့တာပါ ။ အဆိုပါအဖြစ်အပျက်ဟာ တံတားအမှတ် KM 2.2 မှာဖြစ်ပျက်ခဲ့တာဖြစ်ပြီး ၊ အခင်းနေရာတွင် ဟန်းဖုန်းတစ်လုံးကိုပါတွေ့ရှိခဲ့ရတာပါ ။ ကယ်ဆယ်ရေးတပ်ဖွဲ့က ည 8:30 အချိန်ခန့်မှ တိုင်ကြားမှုကို လက်ခံရရှိခဲ့တာပါ ။

အခင်းဖြစ်ပွားရာနေရာသို့ ကယ်ဆယ်ရေးအဖွဲ့များရောက်ရှိလာချိန်မှာတော့ ကောင်လေးရဲ့အရိပ်အခြေကိုလုံးဝမတွေ့ရတော့ပါဘူး ။ ကယ်ဆယ်ရေးအဖွဲ့များကတော့ ရောက်ရှိတာနဲ့ချက်ချင်းရှာဖွေရေးလုပ်ငန်းများ လုပ်ဆောင်ခဲ့ကြပါတယ် ။ သေချာတာကတော့ အဆိုပါလူငယ်က တံတားပေါ်ကနေ မတုံ့မဆိုင်းပဲခုန်ဆင်းသွားခဲ့တာပါပဲ ။

Jasmine (Mckzone Daily)

  • Leave a Comment