ေတာင္ေပၚသို႔လမ္းေလ်ွာက္ထြက္ရင္း သစ္ပင္မွာဦးခ်ိဳနဲ႔ညပ္မိေနတဲ့ေတာင္ဆိတ္ကို ကယ္တင္ေပးခဲ့တဲ့အမ်ိဳးသား (႐ုပ္သံ)

ယခုေဖာ္ျပမဲ့ video ဟာ 2015 ခုႏွစ္ကတည္းက social media ေပၚမွာေရပန္းစားခဲ့တာျဖစ္ၿပီး ၊ ယခုေနာက္ပိုင္းမွတစ္ဖန္ ထပ္ၿပီး ေရပန္းစားခဲ့တာျဖစ္ပါတယ္ ။ ဘာလို႔လည္းဆိုေတာ့ လူေတြဟာအျပင္သိပ္မထြက္ဘဲ ေနအိမ္အတြင္းမွာသာေနထိုင္ၾကရင္းနဲ႔ တိရစာၦန္ကယ္တင္ေပးတဲ့ video ေတြကိုျပန္ၾကည့္ျဖစ္ၾကၿပီး ၊ ခရီးထြက္ကာ စိတ္အပန္းေျဖခ်င္ေနၾကလို႔ပါပဲ ။ Krystof Wlodarczyk အမည္႐ွိတဲ့အမ်ိဳးသားဟာ ေတာင္ေပၚသို႔လမ္းေလ်ွာက္ထြက္ရင္း ဦးခ်ိဳနဲ့သစ္ပင္ညပ္မိေနတဲ့ေတာင္ဆိတ္ရဲ႕အျဖစ္ကိုေတြ႔ျမင္ၿပီး ကူညီေပးခဲ့တာျဖစ္ပါတယ္ ။

ေတာင္ဆိတ္ေတြဟာ ၎တို႔ရဲ႕ေကြးေကာက္လြန္းတဲ့ဦးခ်ိဳ နဲ႔ ေတာင္တက္ကြၽမ္းက်င္မႈေတြေၾကာင့္ လူသိမ်ားတာပါ ။ ကံေကာင္စြာနဲ႔ ေတာင္ေပၚသို႔လမ္းေလ်ွာက္ထြက္လာတဲ့ အမ်ိဳးသားက ခ်က္ခ်င္းကူညီကယ္တင္ေပးခဲ့ၿပီး ၊ ေတာင္ဆိတ္မွာလည္း ကူညီဖို႔ေရာက္လာတဲ့အဆိုပါအမ်ိဳးသားကို ယံုၾကည္စြာနဲ႔စိတ္႐ွည္စြာ အကူအညီေတာင္းခံခဲ့တာပါ ။ ကံေကာင္စြာနဲ႔ သစ္ပင္နဲ႔ဦးခ်ိဳညပ္မိေနတဲ့ေတာင္ဆိတ္ကို ေအာင္ျမင္စြာကယ္ထုတ္ေပးႏိုင္ခဲ့တာကို video မွာေတြ႔ျမင္ရမွာပါ ။

Jasmine (Mckzone Daily)

Source: elitereaders

Unicode

ယခုဖော်ပြမဲ့ video ဟာ 2015 ခုနှစ်ကတည်းက social media ပေါ်မှာရေပန်းစားခဲ့တာဖြစ်ပြီး ၊ ယခုနောက်ပိုင်းမှတစ်ဖန် ထပ်ပြီး ရေပန်းစားခဲ့တာဖြစ်ပါတယ် ။ ဘာလို့လည်းဆိုတော့ လူတွေဟာအပြင်သိပ်မထွက်ဘဲ နေအိမ်အတွင်းမှာသာနေထိုင်ကြရင်းနဲ့ တိရစ္ဆာန်ကယ်တင်ပေးတဲ့ video တွေကိုပြန်ကြည့်ဖြစ်ကြပြီး ၊ ခရီးထွက်ကာ စိတ်အပန်းဖြေချင်နေကြလို့ပါပဲ ။ Krystof Wlodarczyk အမည်ရှိတဲ့အမျိုးသားဟာ တောင်ပေါ်သို့လမ်းလျှောက်ထွက်ရင်း ဦးချိုနဲ့သစ်ပင်ညပ်မိနေတဲ့တောင်ဆိတ်ရဲ့အဖြစ်ကိုတွေ့မြင်ပြီး ကူညီပေးခဲ့တာဖြစ်ပါတယ် ။

တောင်ဆိတ်တွေဟာ ၎င်းတို့ရဲ့ကွေးကောက်လွန်းတဲ့ဦးချို နဲ့ တောင်တက်ကျွမ်းကျင်မှုတွေကြောင့် လူသိများတာပါ ။ ကံကောင်စွာနဲ့ တောင်ပေါ်သို့လမ်းလျှောက်ထွက်လာတဲ့ အမျိုးသားက ချက်ချင်းကူညီကယ်တင်ပေးခဲ့ပြီး ၊ တောင်ဆိတ်မှာလည်း ကူညီဖို့ရောက်လာတဲ့အဆိုပါအမျိုးသားကို ယုံကြည်စွာနဲ့စိတ်ရှည်စွာ အကူအညီတောင်းခံခဲ့တာပါ ။ ကံကောင်စွာနဲ့ သစ်ပင်နဲ့ဦးချိုညပ်မိနေတဲ့တောင်ဆိတ်ကို အောင်မြင်စွာကယ်ထုတ်ပေးနိုင်ခဲ့တာကို video မှာတွေ့မြင်ရမှာပါ ။

Jasmine (Mckzone Daily)

  • Leave a Comment