အသက္ 103 ႏွစ္အရြယ္မွ တက္တူးထိုးၿပီး အလန္းလြန္ ၊ အလြန္လန္း ခဲ့တဲ့အဘြားအို

လူတိုင္က ေပ်ာ္ေပ်ာ္ေနၿပီး ၊ စိတ္ညစ္စရာေတြကို ရင္ထဲမွာမသိမ္ထားဘူးဆိုရင္ ဘယ္ေလာက္ဘဲအိုမင္းသြားပါေစ အသက္ဟာ နံပတ္တစ္ခုလိုသာျဖစ္ေနၿပီး ၊ အျမဲတက္ႂကြေနၾကမွာပါ ။ ဒီတစ္ေခါက္မွာလည္း အသက္ 103 ႏွစ္အရြယ္ Dorothy Pollack အမည္႐ွိတဲ့အဘြားအိုဟာ သူျဖစ္ခ်င္လုပ္ခ်င္တဲ့အရာေတြကို စာရင္းလုပ္ထားၿပီးေနာက္ စာရင္းေတြထဲကအတိုင္း တက္တူးထိုးခဲ့ပါတယ္ ။ Dorothy ဟာ ကူးစက္ေရာဂါအေျခအေနေၾကာင့္ လေပါင္းမ်ားစြာ အဘိုးအဘြားေတြျပဳစုေစာင့္ေ႐ွာက္ေပးေနတဲ့ေဂဟာမွာ လေပါင္းမ်ားစြာအျပင္မထြက္ရဘဲ ပိတ္မိေနသလိုျဖစ္ေနခဲ့ရတာပါ ။ ထို႔ေၾကာင့္ အထီးက်န္သလိုအျမဲခံစားခဲ့ရတဲ့ Dorothy ရဲ႕က်န္းမာေရးအေျခအေနဟာ တစ္ရက္ၿပီးတစ္ရက္ဆိုးဝါးလာခဲ့ပါေတာ့တယ္ ။

ထို႔ေၾကာင့္ ေျမးျဖစ္သူ Teresaက သူနာျပဳေတြရဲ႕အၾကံေပးခ်က္ေၾကာင့္ အဘြားျဖစ္သူ Dorothy ကို အျပင္အလည္ေခၚထြက္ခဲ့ရပါေတာ့တယ္ ။ Covid- 19 ေရာဂါအေျခအေနေတြေၾကာင့္ မိသားစုဝင္ေတြေတာင္လာေရာက္လည္ပတ္ခြင့္မရခဲ့တဲ့ Dorothy ဟာ သူမအျပင္ထြက္ခြင့္ရခဲ့ရင္ ျပဳလုပ္မယ့္အရာေတြကို စာရင္းေရးထားပါေတာ့တယ္ ။

ေျမးျဖစ္သူက Dorothy ကို ဘာေတြလုပ္ခ်င္လဲ ဆိုၿပီးေမးျမန္းခဲ့ခ်ိန္မွာေတာ့ Dorothy က တက္တူးထိုးခ်င္ေၾကာင္းေျပာခဲ့လို႔ သူမဆႏၵျပည့္ဝေအာင္ တက္တူးဆိုင္သို႔ေခၚသြားၿပီး တက္တူးထိုးေပးခဲ့ရပါတယ္ ။ တက္တူးဆရာကိုယ္တိုင္က အဘြားျဖစ္သူဟာ တစ္ခ်က္ကေလးေတာင္႐ႈံ့မဲ့သြားတာမ်ိဳးမ႐ွိတဲ့အတြက္ တကယ့္ခ်န္ပီယံပဲဆိုၿပီး ခ်ီးက်ဴ းခဲ့ပါတယ္ ။” အေတာ္ေလးစိတ္လႈပ္႐ွားတယ္ ဘာလို႔ဆို လြန္ခဲ့တဲ့ႏွစ္ေတြတုန္းက ေျမးေလးကတက္တူးထိုးဖို႔ေျပာခဲ့ေပမဲ့ မထိုးခဲ့ရဘူး ၊ အခုေတာ့႐ုတ္တရက္ တက္တူးေလးတစ္ခုေလာက္ထိုးခ်င္တယ္ ၊ ထိုးခဲ့ရင္လည္း ဖား႐ုပ္ေလးထိုးမယ္ ၊ ဘာလို႔လည္းဆိုေတာ့ ဖားေလးေတြကိုခ်စ္လို႔ ” ဆိုၿပီး အဘြား Dorothy ကေျပာဆိုခဲ့ပါတယ္ ။ ဒါတင္မကေသးပါဘူး ေနာက္ထပ္လုပ္ခ်င္တဲ့အရာတစ္ခုက သူမတစ္ခါးမွမလုပ္ခဲ့ဘူးတဲ့ ဆိုင္ကယ္အေနာက္ကေနလိုက္စီးရတဲ့အရာျဖစ္ေၾကာင္း ေတာင္းဆိုခဲ့လို႔ အဆိုပါေန႔က ဆိုင္ကယ္စီးခြင့္ပါရ႐ွိခဲ့ေသးေၾကာင္း သိ႐ွိရပါတယ္ ။

Jasmine (Mckzone Daily)

Source: elitereaders

Unicode

လူတိုင်က ပျော်ပျော်နေပြီး ၊ စိတ်ညစ်စရာတွေကို ရင်ထဲမှာမသိမ်ထားဘူးဆိုရင် ဘယ်လောက်ဘဲအိုမင်းသွားပါစေ အသက်ဟာ နံပတ်တစ်ခုလိုသာဖြစ်နေပြီး ၊ အမြဲတက်ကြွနေကြမှာပါ ။ ဒီတစ်ခေါက်မှာလည်း အသက် 103 နှစ်အရွယ် Dorothy Pollack အမည်ရှိတဲ့အဘွားအိုဟာ သူဖြစ်ချင်လုပ်ချင်တဲ့အရာတွေကို စာရင်းလုပ်ထားပြီးနောက် စာရင်းတွေထဲကအတိုင်း တက်တူးထိုးခဲ့ပါတယ် ။ Dorothy ဟာ ကူးစက်ရောဂါအခြေအနေကြောင့် လပေါင်းများစွာ အဘိုးအဘွားတွေပြုစုစောင့်ရှောက်ပေးနေတဲ့ဂေဟာမှာ လပေါင်းများစွာအပြင်မထွက်ရဘဲ ပိတ်မိနေသလိုဖြစ်နေခဲ့ရတာပါ ။ ထို့ကြောင့် အထီးကျန်သလိုအမြဲခံစားခဲ့ရတဲ့ Dorothy ရဲ့ကျန်းမာရေးအခြေအနေဟာ တစ်ရက်ပြီးတစ်ရက်ဆိုးဝါးလာခဲ့ပါတော့တယ် ။

ထို့ကြောင့် မြေးဖြစ်သူ Teresaက သူနာပြုတွေရဲ့အကြံပေးချက်ကြောင့် အဘွားဖြစ်သူ Dorothy ကို အပြင်အလည်ခေါ်ထွက်ခဲ့ရပါတော့တယ် ။ Covid- 19 ရောဂါအခြေအနေတွေကြောင့် မိသားစုဝင်တွေတောင်လာရောက်လည်ပတ်ခွင့်မရခဲ့တဲ့ Dorothy ဟာ သူမအပြင်ထွက်ခွင့်ရခဲ့ရင် ပြုလုပ်မယ့်အရာတွေကို စာရင်းရေးထားပါတော့တယ် ။

မြေးဖြစ်သူက Dorothy ကို ဘာတွေလုပ်ချင်လဲ ဆိုပြီးမေးမြန်းခဲ့ချိန်မှာတော့ Dorothy က တက်တူးထိုးချင်ကြောင်းပြောခဲ့လို့ သူမဆန္ဒပြည့်ဝအောင် တက်တူးဆိုင်သို့ခေါ်သွားပြီး တက်တူးထိုးပေးခဲ့ရပါတယ် ။ တက်တူးဆရာကိုယ်တိုင်က အဘွားဖြစ်သူဟာ တစ်ချက်ကလေးတောင်ရှုံ့မဲ့သွားတာမျိုးမရှိတဲ့အတွက် တကယ့်ချန်ပီယံပဲဆိုပြီး ချီးကျူ းခဲ့ပါတယ် ။” အတော်လေးစိတ်လှုပ်ရှားတယ် ဘာလို့ဆို လွန်ခဲ့တဲ့နှစ်တွေတုန်းက မြေးလေးကတက်တူးထိုးဖို့ပြောခဲ့ပေမဲ့ မထိုးခဲ့ရဘူး ၊ အခုတော့ရုတ်တရက် တက်တူးလေးတစ်ခုလောက်ထိုးချင်တယ် ၊ ထိုးခဲ့ရင်လည်း ဖားရုပ်လေးထိုးမယ် ၊ ဘာလို့လည်းဆိုတော့ ဖားလေးတွေကိုချစ်လို့ ” ဆိုပြီး အဘွား Dorothy ကပြောဆိုခဲ့ပါတယ် ။ ဒါတင်မကသေးပါဘူး နောက်ထပ်လုပ်ချင်တဲ့အရာတစ်ခုက သူမတစ်ခါးမှမလုပ်ခဲ့ဘူးတဲ့ ဆိုင်ကယ်အနောက်ကနေလိုက်စီးရတဲ့အရာဖြစ်ကြောင်း တောင်းဆိုခဲ့လို့ အဆိုပါနေ့က ဆိုင်ကယ်စီးခွင့်ပါရရှိခဲ့သေးကြောင်း သိရှိရပါတယ် ။

Jasmine (Mckzone Daily)

  • Leave a Comment