ႂကြက္ႏွစ္ေကာင္ရန္ျဖစ္ေနတာကို ဒီအတိုင္းသားဝင္မ႐ႈပ္ပဲ ရပ္ၾကည့္ေနခဲ့တဲ့ ေၾကာင္ကေလး (႐ုပ္သံ)

“ကိုယ့္နဲ႔မဆိုင္တဲ့ကိစၥဆို ဝင္မပါနဲ႔ ” ဆိုတဲ့စကားက ဒီေၾကာင္ကေလးနဲ႔အေတာ္လိုက္ဖက္လြန္းလွပါတယ္ ။ ျဖစ္စဥ္ကေတာ့ စင္ကာပူႏိုင္ငံကအမ်ိဳးသမီးတစ္ေယာက္ဟာ မေမ်ွာ္လင့္ထားတဲ့အျဖစ္အပ်က္ျမင္ကြင္းေၾကာင့္ ၿငိမ္သက္ေနခဲ့ရပါတယ္ ။ အဲတာကေတာ့ ႂကြက္ႏွစ္ေကာင္ရန္ျဖစ္ေနတာကို ေၾကာင္ကေလးတစ္ေကာင္က ေအးခဲေနသလိုမလႈပ္မရပ္နဲ႔ ရပ္ၾကည့္ေနခဲ့လိုပါပဲ ။ Cheeze Goh အမည္႐ွိတဲ့ အမ်ိဳးသမီးဟာ ည 10နာရီအခ်ိန္ခန္႔မွာ လမ္းေလ်ွာက္ေနရင္းနဲ႔ ႂကြက္ႏွစ္ေကာင္ရန္ျဖစ္ေနတာကိုေတြ႔႐ွိခဲ့တာပါ ။ ထိုအခ်ိန္မွာေတာ့ သူမဟာဖုန္းထုတ္ၿပီး အျပင္းအထန္ရန္ျဖစ္ေနတဲ့ႂကြက္ႏွစ္ေကာင္ကို video ႐ိုက္ယူထားခဲ့ပါတယ္ ။

ထိုအခ်ိန္မွာပဲ ေၾကာင္ကေလးတစ္ေကာင္ေရာက္႐ွိလာၿပီး မ်က္စိေ႐ွ႕မွာရန္ျဖစ္ေနတဲ့ႂကြက္ႏွစ္ေကာင္ရဲ႕အျဖစ္ကို ဝင္မ႐ႈပ္ပဲ တိတ္ဆိတ္စြာရပ္ၾကည့္ေနခဲ့တာပါ ။ ေနာက္ဆံုး ရန္ျဖစ္ၿပီးတာနဲ႔ ႂကြက္ကေလးႏွစ္ေကာင္ဟာ ကိုယ့္လမ္းကိုယ္ျပန္လွည့္ထြက္သြားခဲ့ပါတယ္ ။

အဆိုပါအျဖစ္အပ်က္ကို သူမဟာ social media ေပၚမွာေဝမ်ွခဲ့ၿပီး ” ေၾကာင္ေလးေတြရန္ျဖစ္တာေတာ့ ေတြ႔ဖူးေနက်ပါ ၊ ဒါေပမဲ့ ႂကြက္ရန္ျဖစ္တာ မေတြ႔ဖူးဘူး ၊ ရန္ျဖစ္ေနတဲ့ၾကားထဲ ေၾကာင္းကေလးက လံုးဝဝင္မ႐ႈပ္ဘူးတဲ့ ၊ ေတာ္လိုက္တဲ့ ေၾကာင္ေလး ” ဆိုၿပီးေတာ့လည္း ေရးသားခဲ့ပါေသးတယ္ ။ အဆိုပါ video ဟာ online ေပၚမွာ အေတာ္ေလးေရပန္းစားခဲ့ၿပီး ၊ လူအေတာ္အမ်ားက comment မွာ ထင္ျမင္ခ်က္ ၊ သံုးသပ္ခ်က္ မ်ားစြာေရးသားခဲ့ၾကပါတယ္ ။

Jasmine (Mckzone Daily)

Source: elitereaders

Unicode

“ကိုယ့်နဲ့မဆိုင်တဲ့ကိစ္စဆို ဝင်မပါနဲ့ ” ဆိုတဲ့စကားက ဒီကြောင်ကလေးနဲ့အတော်လိုက်ဖက်လွန်းလှပါတယ် ။ ဖြစ်စဉ်ကတော့ စင်ကာပူနိုင်ငံကအမျိုးသမီးတစ်ယောက်ဟာ မမျှော်လင့်ထားတဲ့အဖြစ်အပျက်မြင်ကွင်းကြောင့် ငြိမ်သက်နေခဲ့ရပါတယ် ။ အဲတာကတော့ ကြွက်နှစ်ကောင်ရန်ဖြစ်နေတာကို ကြောင်ကလေးတစ်ကောင်က အေးခဲနေသလိုမလှုပ်မရပ်နဲ့ ရပ်ကြည့်နေခဲ့လိုပါပဲ ။ Cheeze Goh အမည်ရှိတဲ့ အမျိုးသမီးဟာ ည 10နာရီအချိန်ခန့်မှာ လမ်းလျှောက်နေရင်းနဲ့ ကြွက်နှစ်ကောင်ရန်ဖြစ်နေတာကိုတွေ့ရှိခဲ့တာပါ ။ ထိုအချိန်မှာတော့ သူမဟာဖုန်းထုတ်ပြီး အပြင်းအထန်ရန်ဖြစ်နေတဲ့ကြွက်နှစ်ကောင်ကို video ရိုက်ယူထားခဲ့ပါတယ် ။

ထိုအချိန်မှာပဲ ကြောင်ကလေးတစ်ကောင်ရောက်ရှိလာပြီး မျက်စိရှေ့မှာရန်ဖြစ်နေတဲ့ကြွက်နှစ်ကောင်ရဲ့အဖြစ်ကို ဝင်မရှုပ်ပဲ တိတ်ဆိတ်စွာရပ်ကြည့်နေခဲ့တာပါ ။ နောက်ဆုံး ရန်ဖြစ်ပြီးတာနဲ့ ကြွက်ကလေးနှစ်ကောင်ဟာ ကိုယ့်လမ်းကိုယ်ပြန်လှည့်ထွက်သွားခဲ့ပါတယ် ။

အဆိုပါအဖြစ်အပျက်ကို သူမဟာ social media ပေါ်မှာဝေမျှခဲ့ပြီး ” ကြောင်လေးတွေရန်ဖြစ်တာတော့ တွေ့ဖူးနေကျပါ ၊ ဒါပေမဲ့ ကြွက်ရန်ဖြစ်တာ မတွေ့ဖူးဘူး ၊ ရန်ဖြစ်နေတဲ့ကြားထဲ ကြောင်းကလေးက လုံးဝဝင်မရှုပ်ဘူးတဲ့ ၊ တော်လိုက်တဲ့ ကြောင်လေး ” ဆိုပြီးတော့လည်း ရေးသားခဲ့ပါသေးတယ် ။ အဆိုပါ video ဟာ online ပေါ်မှာ အတော်လေးရေပန်းစားခဲ့ပြီး ၊ လူအတော်အများက comment မှာ ထင်မြင်ချက် ၊ သုံးသပ်ချက် များစွာရေးသားခဲ့ကြပါတယ် ။

Jasmine (Mckzone Daily)

  • Leave a Comment