ဖန္သားေတြနဲ႔ေဆာက္လုပ္ထားတဲ့ ဂ်ပန္ႏိုင္ငံက အမ်ားသံုးသန္႔စင္ခန္း (႐ုပ္သံ)

ဂ်ပန္ႏိုင္ငံ Tokyo ၿမိဳ႕႐ွိ Shibuya မွာေဆာက္လုပ္ထားတဲ့ အမ်ားသံုးသန္႔စင္ခန္းႏွစ္ခုရဲ႕ ေဘးနရံအကာကို ဖန္သားျပင္ေတြနဲ႔ေဆာက္လုပ္ထားခဲ့တာပါ ။ Tomigaya ႏွင့္ Yoyogi ပတ္ဝန္းက်င္အနီးမွာ႐ွိတဲ့ အမ်ားသံုးသန္႔စင္ခန္း 17 ခုကို The Nippon Foundation မွ ျပန္လည္ျပဳျပင္မြမ္းမံခြင့္ရ႐ွိခဲ့ပါတယ္ ။ နည္းပညာတိုးတက္ေျပာင္းလဲလာတာနဲ႔အမ်ွ August 5 ရက္ေန႔က ျပဳျပင္မြမ္းမံၿပီးတဲ့ Haru-no-Ogawa Community Park အနီးမွာ႐ွိတဲ့ သန္႔စင္ခန္းဟာဆိုရင္ ” smart glass” ဆိုတဲ့ ဖန္သားတစ္မ်ိဳးကိုနံရံအကာအေနနဲ႔ အသံုးျပဳထားၿပီး ၊ သန္႔စင္ခန္းကို ေသာ့ခတ္လိုက္တာနဲ႔ စိတ္ခ်လက္ခ်အနားယူႏိုင္ၿပီး ၊ သန္႔စင္ခန္းထဲမွာ ကိုယ့္ရဲ႕ကိစၥကိုေျဖ႐ွင္းေနတဲ့အခ်ိန္ မည္သူကမွ ၾကည့္လို႔မရေအာင္ ေနာက္ဆံုးေပၚနည္းလမ္းနဲ႔ဖန္သားျပင္ကို ျပဳလုပ္ထားတာပါ ။

Nippon Foundation ရဲ႕ေျပာျပခ်က္အရ ” ကြၽန္ေတာ္တို႔စိတ္ပူရမွာ ႏွစ္ခ်က္႐ွိပါတယ္ ၊ ပန္းျခံနားမွာ႐ွိတဲ့ သန္႔စင္ခန္းျဖစ္လို႔ ပထမဆံုး သန္႔႐ွင္းရဲ႕လား ၿပီးေတာ့ အထဲမွာဘယ္သူ႐ွိေနလဲ ဆိုတာပါပဲ ၊ဒါေၾကာင့္ ေနာက္ဆံုးေပၚနည္းလမ္းအသံုးျပဳထားတဲ့အတြက္ ေသာ့ခတ္လိုက္တာနဲ႔ မွန္သားရဲ႕အျပင္ဖက္ကေနၾကည့္ရင္ ထြင္းေဖာက္ျမင္ရေတာ့မွာမဟုတ္ပါဘူး ၊ အဲ့ေၾကာင့္ သန္႔စင္ခန္းကသန္႔႐ွင္းရဲ႕လား အထဲမွာဘယ္သူ႐ွိေနလဲဆိုတာ ၾကည့္ရံုနဲ႔သိႏိုင္ပါတယ္ ၊ ညဖက္မွာဆိုရင္ မွန္သားေတြဟာ မီးအိမ္လို ေရာင္စံုအလင္းထြန္းလင္းေနမွာျဖစ္ပါတယ္ ” ဆိုၿပီး ေျပာျပခဲ့ပါတယ္ ။

August 5 ရက္ေန႔က Ebisu Park မွာဖြင့္ခဲ့တဲ့ အမ်ားသံုးသန္႔စင္ခန္းတစ္ခုဟာဆိုရင္လည္း အတြင္းပိုင္းဒီဇိုင္းဟာ ကြန္ကရစ္နံရံ 15ခုႏွင့္ျပဳလုပ္ထားၿပီး တကယ့္ဝင္ကမာၻလို ေခတ္ဆန္လြန္းတဲ့ဒီဇိုင္နဲ႔ ေဆာက္လုပ္ထားတာျဖစ္ပါတယ္ ။

Jasmine (Mckzone Daily)

Source: nextshark

Unicode

ဂျပန်နိုင်ငံ Tokyo မြို့ရှိ Shibuya မှာဆောက်လုပ်ထားတဲ့ အများသုံးသန့်စင်ခန်းနှစ်ခုရဲ့ ဘေးနရံအကာကို ဖန်သားပြင်တွေနဲ့ဆောက်လုပ်ထားခဲ့တာပါ ။ Tomigaya နှင့် Yoyogi ပတ်ဝန်းကျင်အနီးမှာရှိတဲ့ အများသုံးသန့်စင်ခန်း 17 ခုကို The Nippon Foundation မှ ပြန်လည်ပြုပြင်မွမ်းမံခွင့်ရရှိခဲ့ပါတယ် ။ နည်းပညာတိုးတက်ပြောင်းလဲလာတာနဲ့အမျှ August 5 ရက်နေ့က ပြုပြင်မွမ်းမံပြီးတဲ့ Haru-no-Ogawa Community Park အနီးမှာရှိတဲ့ သန့်စင်ခန်းဟာဆိုရင် ” smart glass” ဆိုတဲ့ ဖန်သားတစ်မျိုးကိုနံရံအကာအနေနဲ့ အသုံးပြုထားပြီး ၊ သန့်စင်ခန်းကို သော့ခတ်လိုက်တာနဲ့ စိတ်ချလက်ချအနားယူနိုင်ပြီး ၊ သန့်စင်ခန်းထဲမှာ ကိုယ့်ရဲ့ကိစ္စကိုဖြေရှင်းနေတဲ့အချိန် မည်သူကမှ ကြည့်လို့မရအောင် နောက်ဆုံးပေါ်နည်းလမ်းနဲ့ဖန်သားပြင်ကို ပြုလုပ်ထားတာပါ ။

Nippon Foundation ရဲ့ပြောပြချက်အရ ” ကျွန်တော်တို့စိတ်ပူရမှာ နှစ်ချက်ရှိပါတယ် ၊ ပန်းခြံနားမှာရှိတဲ့ သန့်စင်ခန်းဖြစ်လို့ ပထမဆုံး သန့်ရှင်းရဲ့လား ပြီးတော့ အထဲမှာဘယ်သူရှိနေလဲ ဆိုတာပါပဲ ၊ဒါကြောင့် နောက်ဆုံးပေါ်နည်းလမ်းအသုံးပြုထားတဲ့အတွက် သော့ခတ်လိုက်တာနဲ့ မှန်သားရဲ့အပြင်ဖက်ကနေကြည့်ရင် ထွင်းဖောက်မြင်ရတော့မှာမဟုတ်ပါဘူး ၊ အဲ့ကြောင့် သန့်စင်ခန်းကသန့်ရှင်းရဲ့လား အထဲမှာဘယ်သူရှိနေလဲဆိုတာ ကြည့်ရုံနဲ့သိနိုင်ပါတယ် ၊ ညဖက်မှာဆိုရင် မှန်သားတွေဟာ မီးအိမ်လို ရောင်စုံအလင်းထွန်းလင်းနေမှာဖြစ်ပါတယ် ” ဆိုပြီး ပြောပြခဲ့ပါတယ် ။

August 5 ရက်နေ့က Ebisu Park မှာဖွင့်ခဲ့တဲ့ အများသုံးသန့်စင်ခန်းတစ်ခုဟာဆိုရင်လည်း အတွင်းပိုင်းဒီဇိုင်းဟာ ကွန်ကရစ်နံရံ 15ခုနှင့်ပြုလုပ်ထားပြီး တကယ့်ဝင်ကမ္ဘာလို ခေတ်ဆန်လွန်းတဲ့ဒီဇိုင်နဲ့ ဆောက်လုပ်ထားတာဖြစ်ပါတယ် ။

Jasmine (Mckzone Daily)

  • Leave a Comment